/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, May 15, 2013

.

ပါးလွှာသည့် အလူမီနီယံ ကိုယ်ထည်ဖြင့် Nokia Lumia 925 ဇွန်လတွင် ထွက်ရှိမည်



Nokia အနေဖြင့် ယင်းတို့၏ Windows Phone 8 သုံး ပင်မဖုန်း (Flagship phone) အသစ် Lumia 925 အား ယမန်နေ့က တရားဝင် ထုတ်ဖော်ပြသ ခဲ့ပြီးလာမည့်ဂျွန်လအတွင်း ဈေးကွက်အတွင်း ရော က် ရှိလာမည်ဟု သိရှိရသည်။ အလူမီနီယံကိုယ် ထည်ဟု ဆိုသော်လည်း ဖုန်း၏ ပတ်လည်အနား သပ်ကိုသာ ရည်ညွှန်းခြင်းဖြစ်သည်။ ဖုန်း၏ နော က်ကျောပြင်အား polycarbonate ဖြင့် ပြုလုပ်ထား သဖြင့် အစင်းထင်ခြင်းမှ သက်သာစေမည် ဖြစ်သလို ကိုင်တွယ်အသုံးပြုရာတွင်လည်း လွယ်ကူစေမည်ဖြစ် သည်။


အရွယ်အစား အနေဖြင့် ၈.၅ မီလီမီတာ ထူကာ အလေးချိန်မှာမူ ၁၉၃ ဂရမ်ရှိမည်ဖြစ်သည်။

မျက်နှာပြင် အရွယ်အစားမှာ ၄.၅ လက်မ ရှိမည်ဖြစ်ပြီး စက်ပိုင်းဆိုင်ရာတွင်မူ 1.5 GHz dual-core ပရော်ဆက်ဆာ ၊ 1 GB RAM နှင့် 16 GB အထိ သိုမှီးနိုင်မည့် storage တို့ ပါရှိမည်ဖြစ်သည်။

လက်ရှိ ပင်မဖုန်းဖြစ်သည့် Lumia 920 ထက် ပိုပါးပြီး ပိုပေါ့သည့်သေသပ်လှပသည့် အလူမီနီယံကိုယ် ထည်ဖြင့် ပြုလုပ်ထားသည့် Lumia 925 သည် ထူးခြားချက် နောက်တစ်ခုမှာ တပ်ဆင်ထားသည့် ကင်မရာပင်ဖြစ်သည်။ အဆိုပါ 8.7 MP Pureview ကင်မရာတွင် Nokia Smart Camera စနစ်အား ထည့်သွင်းပေးထားသဖြင့် ဓာတ်ပုံနှင့် ဗီဒီယိုများ ရိုက်ကူးရာတွင် လွန်စွာမှ လွယ်ကူမည်ကာ ပုံထွက်လည်း လက်ရှိ Lumia 920 ထက် သာလွန်ကောင်းမွန်မည်ဟု သိရှိရသည်။

8.7 MP Pureview ကင်မရာ အနေဖြင့် ပုံထွက်ထိန်းညှိစနစ် ၊ လှုပ်ခါမှုထိန်းချုပ်စနစ်နှင့် LED Flash ၂ ခုတို့ ပါဝင်မည်ဖြစ်ပြီး Smart Camera စနစ်ကမူ အသုံးပြုသူအား ဓာတ်ပုံ ၁၀ ပုံအား တစ်ပြိုင်နက် ရိုက်ကူးရ ရှိစေနိုင်ပြီး ရိုက်ကူးရရှိလာသည့် ဓာတ်ပုံများအားလည်း မှုန်ဝါးစေခြင်း ၊ မလိုလားသည့် အရာများအား ဖယ်ရှားခြင်း နှင့် နောက်ခံပုံရိပ်များအားပြောင်းလဲခြင်းတို့ကို ပြုလုပ်နိုင်မည် ဖြစ်သည်။

Lumia 925 အား အနက်နှင့်ခဲရောင် ၂ မျိုးသာထုတ်လုပ်မည် ဖြစ်သော်လည်း နောက်ကျောပြင် အရောင်ကိုမူ အနီ ၊ အဝါ ၊ အနက်နှင့် အဖြူရောင် များဖြင့် ပြောင်းလဲနိုင်သည့် ဖုန်းကာဗာများအား Nokia မှ ထုတ်လုပ်မည်ဟု သိရှိရသည်။ အဆိုပါ ကာဗာများသည့် Lumia 925 အား ကြိုးမဲ့အားသွင်းနိုင်ရန်လည်း လိုအပ်မည်ဖြစ်သည်။

Lumia 925 အား လာမည့် ဂျွန်လအတွင်း ဗြိတိန် ၊ ဂျာမနီ ၊ အီတလီ ၊ စပိန်နှင့် တရုတ်နိုင်ငံများတွင် စတင်ရောင်းချမည်ဖြစ်ပြီး အမေရိကန်နှင့် စင်ကာပူနိုင်ငံများသို့ ဆက်လက်ဖြန့်ဖြူးသွားမည်ဟု သိရှိရ သည်။

ဈေးနှုန်းအားဖြင့်မူ ယူရို ၄၇၀ (ဒေါ်လာ ၆၀၀) ခန့် ကျသင့်မည်ဖြစ်သည်။

Myanmar Consumer Guide

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။