/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, May 15, 2013

.

၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတွင် ငွေကြေးနှင့် ပက်သတ်သည့် သဘောထားကွဲလွဲမှုများထွက်ပေါ်



ကိုမင်းကိုနိုင် ဦးဆောင်သည့် ၈၈ မျိုးဆက် ငြိမ်း ချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းအတွင်း ရံပုံ ငွေများ ခွဲဝေသုံးစွဲကြခြင်းနှင့်ပတ်သက်၍ အဖွဲ့ဝင် များအကြား သဘောထားကွဲလွဲလျက်ရှိကြောင်း ၈၈ အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးမှ ပြောကြားခဲ့သည်။ နောက် ဆုံး သဘောထားကွဲလွဲမှုအနေဖြင့် ၁-၄-၂၀၁၃ ရက်နေ့တွင် အမေရိကန် သန်းကြွယ်သူဌေးကြီး ဂျော့ဆိုးရော့(စ်) မြန်မာနိုင်ငံသို့ လာရောက်ပြီး ကိုမင်းကိုနိုင်နဲ့ တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင်း ဖွံ့ဖြိုး တိုးတက်မှုနှေးကွေးနေသော ဒေသများရှိ ပညာ ရေးကိစ္စများတွင် ထောက်ပံ့ရန်အတွက်ငွေကြေးများ လှူဒါန်းခဲ့ကြောင်း၊ အဆိုပါငွေကြေးများအား အဖွဲ့ ခေါင်းဆောင် ကိုမင်းကိုနိုင်မှ လက်ခံရယူခဲ့ပြီး ချင်းပြည်နယ် နှင့် ကချင်ပြည်နယ် စစ်ဘေးသင့်ဒေသများရှိ ကလေးသူငယ်များ၏ ပညာရေးကိစ္စများ ပြန်လည်လှူဒါန်းရာတွင် အမေရိကန်ဒေါ်လာ ၂၅၀၀၀ ကွာခြား နေကြောင်း၊ ၎င်းငွေကြေးများအား ကိုမင်းကိုနိုင်က မည်သည့်နေရာတွင် အသုံးပြုခဲ့သည်ကို ကျန်အဖွဲ့ ၀င်များအား ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိကြောင်း ၎င်း ၈၈ အဖွဲ့ဝင်တစ်ဦးမှပြောကြား ခဲ့သည်။

ယခုအခါ ၈၈ မျိုးဆက်အဖွဲ့အနေဖြင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပြည်တွင်း ကုမ္မဏီများမှ အလှူငွေ များစွာကို လက်ခံရရှိထားပြီး ပြန်လည်အသုံးပြုခြင်းနှင့် ပတ်သက်၍ ပြည်သူလူထုအား အသိပေး သင့် ကြောင်း ၎င်းမှ ပြောကြားခဲ့သည်။

Credit : http://amayeainn.blogspot.com/2013/05/blog-post_3266.html

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။