/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, May 15, 2013

.

စီးပွားရေးအတွက် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များအား ခုတုံးမလုပ်ဟု ဦးခင်ညွှန့်ဆို



တိုင်းတစ်ပါးယဉ်ကျေးမှု ပေါင်းစပ်ပါဝင်ခြင်းလုံးဝ ကင်းစင်သော မြန်မာ့ ရိုးရာပန်းဆယ်မျိုး ယဉ်ကျေး မှုအမွေအနှစ်များအား ထိန်းသိမ်းရန်နှင့်မြန်မာ့အနု ပညာများ ကမ္ဘာသို့ ခြေဆန့်နိုင်ရေး အတွက် တစ်ထောင့်တစ် နေရာမှပံ့ပိုးလိုသည့် ရည်ရွယ်ချက် သာရှိပြီး စီးပွားရေးအတွက်ယဉ်ကျေး မှုအမွေအနှ စ်များအား လုံးဝခုတုံးမလုပ်ဟု ဦးခင်ညွန့်မှယင်း တည်ထောင် သော Nawaday Art Gallery ဖွင့်ပွဲ၌ မီဒီယာများသို့ အတိအလင်း ပြောကြားလိုက်သည်။


““ခုလိုမျိုး Gallery ဖွင့်တဲ့ ရည်ရွယ်ချက်က နံပါတ်တစ် ဒီကို လာရောက်တဲ့လူတွေအားလုံး ဘဘဘ၀ အေးချမ်းနေသလို အေး ချမ်းစေချင်တယ်။ 

နံပါတ်နှစ် ရည်ရွယ်ချက်ကတော့ ဘယ်နိုင်ငံ ဘယ် ယဉ်ကျေးမှုနဲ့မှ ပေါင်းစပ်ခြင်းလုံးဝမရှိတဲ့ ဘဘ တို့နဲ့ ပန်း ဆယ်မျိုးအနုပညာတွေကို ဘဘမြတ်နိုးတယ်။ ဒီတော့ ဘဘမြတ် နိုးသလိုမျိုး ကျန်တဲ့လူတွေကို လည်း မြတ်နိုးစေချင်တယ်။ 

ဒီတော့ ဒီလိုမြတ်နိုးဖွယ် ရာ မြန်မာ့ အနုပညာစစ်တွေ ကမ္ဘာကြီးကို ခြေဆန့်နိုင်အောင် ဘဘက ပံ့ပိုး ပေးချင်တယ်။ အဲသလို ပံ့ပိုးတဲ့ အခါမှာလည်း ရွက်ပုံးသီးအနု ပညာရှင်ငယ်လေးတွေလည်း မြေတောင် မြှောက်ပေး ရာလည်း ရောက်အောင် ဘဘရဲ့ Gallery မှာ ပန်းချီကားတွေလာတင် ဘဘ အခကြေး ငွေလုံးဝမယူဘူး။

ခုလို မျိုး Gallery ဖွင့်တာကလည်း စီးပွားဖြစ်မဟုတ်ဘူး။ ဘဘချစ် မြတ်နိုးတဲ့ မြန်မာ့အနုပညာတွေကို ကမ္ဘာက နှစ် သက်တဲ့ မြန်မာ့ အနုပညာလက်ရာတွေကို တစ် နေရာထဲမှာ လွယ်ကူစွာရှာဖွေ နိုင်ဖို့ ရည်ရွယ်တာပါ။ စီးပွားရေး အတွက် ဒီလိုမျိုးအဖိုးမဖြတ်နိုင်တဲ့ဘဘတို့မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်တွေကို ခုတုံးမလုပ်ပါ ဘူး””ဟု ဦးခင်ညွန့်မှ ပြောကြားသွားသည်။

ဦးခင်ညွန့်ဦးဆောင်ဖွင့်လှစ် သော Nawaday Art Gallery ၌ အနုပညာရှင်များ၏ ပန်းဆယ်မျိုး လက်ရာ များအား လာရောက်ပြ သပါက ပြသခွင့်တစ်စုံတစ်ရာ ယူမည်မဟုတ်ဘဲ ယင်းသို့သော လက်ရာများ ကမ္ဘာသို့ ခြေဆန့် ၀င် ရောက်နိုင်သည်အထိ ပံ့ပိုးမှု များပြုလုပ်သွားမည်ဟုသိရသည်။ အဆိုပါ Nawaday Art Gallery ဖွင့်ပွဲသို့ ကမ္ဘာကျော် မြန်မာသန်း ဆယ်မျိုးအနုပညာရှင်ကြီးများ၊ အငြိမ်းစားတပ် မတော်ခေါင်း ဆောင်များနှင့် နယ်ပယ်အသီး သီးမှ ထင်ရှား ကျော်ကြားသူများ တက်ရောက်ချီးမြှင့် ခဲ့ကြသည်။

The Hot News

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။