/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, May 15, 2013

.

မဟာဆန်မုန်တိုင်း ကြာသပတေးမှာ အားအကောင်းဆုံး ဖြစ်နိုင်


မုန်တိုင်း MAHASEN နဲ့ပတ်သက်လို့ နောက်ဆုံး ခန့်မှန်းထားမှုတွေ.....၁၅-၅-၂၀၁၃ ရက် နံနက် ၀၅း၃၃ နာရီ အချိန်။

(၁) 01B MAHASEN မဟာဆန်မုန်တိုင်းဟာ (၁၅-၅-၂၀၁၂၂)ရက် နံနက် ၃း၃၀ နာရီအချိန်မှာ အိန္ဒိယ နိုင်ငံ KOLKATA မြို့ရဲ့ အနောက်တောင်ဖက် 443 NM (530 MILES) ပင်လယ်ပြင်ကို ဗဟိုပြုနေပါ တယ်။

(၂) လွန်ခဲ့တဲ့(၆)နာရီ (၁၄-၅-၂၀၁၃ ၁၀း၃၀ နာရီမှ ၁၅-၅-၂၀၁၃ နံနက် ၀၃း၃၀ နာရီ အတွင်း) အရှေ့ မြောက်ဖက်အရပ်ကို 08 KNOTS(10 MPH) နှုန်းဖြင့် ဆက်လက် ရွေ့လျားနေခဲ့ ပါတယ်။


(၃) မုန်တိုင်းဗဟိုအနီး လက်ရှိလေတိုက်နှုန်းမှာ 45 KNOTS(55 MPH) နှုန်း ရှိနေပါတယ်။


(၄) မုန်တိုင်းဟာ အရှေ့မြောက်ဖက်အရပ်ကိုပဲ ဆက်လက်ရွေ့လျားမယ်လို့ ခန့်မှန်းပါတယ်။

(၅) နောက်(၄၈)နာရီအကြာ (၁၇-၅-၂၀၁၃ နံနက် ၃း၃၀ နာရီ)တွင် မုန်တိုင်း၏ အရွယ်မှာ အကျယ် (အချင်း) မှာ 150 NM (180 miles) ရှိနိုင်ပါတယ်။

(၆) နောက်(၃၆)နာရီအကြာ(၁၆-၅-၂၀၁၃ ရက် ညနေ၃း၃၀ နာရီအချိန်)မှာ မုန်တိုင်းဟာ အားအကောင်း ဆုံးဖြစ်လာနိုင်ပါတယ်။ အဲဒီအချိန်မှာ မုန်တိုင်းဟာ အနောက်လေစီးကြောင်းများအတွင်း မျောပါရွေ့လျား နေနိုင်ပါတယ်။

(၇) နောက်(၃၆)နာရီအကြာ(၁၆-၅-၂၀၁၃ ရက် ညနေ၃း၃၀ နာရီအချိန်)မှာ အများဆုံးလေတိုက်နှုန်း 65 KNOT 78 MPH) ခန့် နဲ့ လေပုန်း(Gust) 80 KNOT(96 mph) ခန့်အထိ တိုက်ခတ်နိုင်ပါတယ်။

(၈) နောက်(၇၂)နာရီအကြာ(၁၇-၅-၂၀၁၃ ရက် နံနက် ၃း၃၀ နာရီအချိန်)မှာ ကုန်းပေါ်တွင် အားပျော့ ပျက်ပြယ်သွားမယ်လို့ ခန့်မှန်းပါတယ်။

(၉) မုန်တိုင်းရဲ့အရှိန်ကြောင့် ပင်လယ်ပြင်မှာ လှိုင်းအမြင့် ၁၅ ပေခန့် ရှိနိုင်ပါတယ်။

(၁၀) မုန်တိုငးဟာ (၁၆-၅-၂၀၁၃)ရက် ညနေပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့အနီးမှ ဖြတ် ကျော်ပြီး ကုန်းတွင်းကို ၀င်နိုင်တယ်လို့ ခန့်မှန်း ထားပါတယ်။

မှတ်ချက်။ မုန်တိုင်းဟာ ဘင်္ဂလားဒေ့ရှ်-မြန်မာရှိရာ ဘင်္ဂလားပင်လယ်အော်ရဲ့ အရှေ့မြောက်ပိုင်း ပင်လယ် ပြင်ထဲတိုးဝင်လာတဲ့အခါ ပိုမို ပူနွေးနေတဲ့ ရေပြင်ကြောင့် ပိုအားကောင်းလာနိုင်ပါတယ်။

Credit : http://www.tunlwin.com/

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။