/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, May 15, 2013

.

မုန်တိုင်းရှောင်ရန် ပေးသည့် အကူညီကို လက်မခံ ၊ ကိုယ့်အစီအစဉ်ဖြင့် ရွှေ့ ၊ လှေမြုပ် ၊ လူ ၈၀ ပျောက်



ပေါက်တောမြို့နယ် အုပ်ချုပ်ရေး အဖွဲ့ မှ ဘေးကင်းရာအရပ်သို့ ရွှေ့ပြောင်း ပေးရန် သွားရောက်အကြောင်း ကြားခဲ့ သော်လည်း အကူအညီကို လက်မခံဘဲ ကိုယ့်အစီစဉ်ဖြင့် ကိုယ် ပြောင်းရွေ့ ကြစဉ် မူဆလင် ဒုက္ခ သည်များ စီးနင်း လိုက်ပါလာသော စက်လှေတစ်စီး ကျောက်ဆောင်နှင့် တိုက်မိပြီး နစ်မြုပ် ခဲ့သည်။


ယင်းစက်လှေသည် အခြားစက်လှေ ၇ စီးနှင့် အတူ စခန်းမှ မှ ည ၈နာရီခန့်တွင် ထွက်ခွာလာခဲ့သည်ဟု ဆိုသည်။ နစ်မြုပ်သွားသည့် စက်လှေ တွင် လူ၁၀၀ခန့် စီးနှင်းလိုက်ပါသွားခဲ့ပြီး ယခုသတင်းေ၇းချိန်အထိ ၂၀ ဦးခန့် ကို ကယ်တင်နိုင်ခဲ့ပြီ ဖြစ်ကြောင်းနှင့် ကျန် ၈၀ ဦးခန့် ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။ အကူအညီကိုလက်မခံဘဲ ကိုယ့် အစီအစဉ်ဖြင့် ရွှေ့ပြောင်းကြသည့် ဒုက္ခသည် စခန်းမှာပေါက်တော မြို့ နယ် ဌက်ချောင်း(လင်ဘာတီယာ)ဒုက္ခသည် စခန်းမှ ဖြစ်ကြောင်းသိရသည်။ 

ပြည်နယ်ဝန်ကြီး ဦးသာလူချေနှင့် အဖွဲ့သည် သတင်းရလျှင် ရခြင်း ဌက်ချောင်းဒုက္ခသည် စခန်း သို့ ထွက် ခွာသွားပြီဖြစ်သည်ဟုဆိုသည်။ ရခိုင်ပြည်နယ် အတွင်းရှိ ကယ်ဆယ်ရေးစခန်းအသီးသီးမှ ဒုက္ခသည် များကို မုန်တိုင်းဘေးကင်းရာသို့ မေလ ၁၂ ရက် နေ့ကတည်းက ပြောင်းရွေ့ပေးလျှက်ရှိရာ စစ်တွေ မြို့နယ် ပလ္လင်ပြင်ကျေးရွာမှ သံဃာငါးပါး နှင့် အိမ်ထောင်စု ၉၆စု လူဦးရေ ၃၈၈ ဦးတို့အား စစ်တွေမြို့နယ် ကျိတ်တော်ကုန်းသို့ ၎င်း ၊ စစ်တွေမြို့ ရဲနွယ်စု ရပ်ကွက်ရှိ ကယ်ဆယ်ရေးစခန်းမှ အိမ်ထောင်စု ၅၂ စု လူဦးရေ ၃၆၅ ဦး တို့အား အမှတ် ၄ အခြေခံပညာအထက်တန်းကျောင်းသို့လည်းကောင်း ၊ တပ်မတော် သားများ မှ တပ်မတော်ပိုင် မော်တော်ယာဉ်များဖြင့် ကူညီရွေ့ပြောင်း ပေးခဲ့သည် ဟုလည်း သတင်းရရှိ သည်။ 

သို့သော်လည်း စစ်တွေမြို့ကမ်းခြေရှိ ဘင်္ဂလီဒုက္ခသည်များက ကူညီရွှေ့ပြောင်းပေးမည့် အစီစဉ်များကို ငြင်းဆန်လျှက်ရှိသည်ဟု ကြားသိရသည်။ ရခိုင်ကမ်းရိုးတန်းသို့ မုန်တိုင်းဝင်ရောက်ပါက မုန်တိုင်း နှင့် ဒီရေ လှိုင်းအန္တရာယ်ရှိသော စစ်တွေမြို့ ကမ်းခြေရှိ ဘင်္ဂလီ ဒုက္ခသည်များကို ပြည်နယ်အစိုးရ နှင့် တာဝန်ရှိသူ အဖွဲ့အစည်း များမှ ဘင်္ဂလီများ၏ အသက်ဘေးအန္တရာယ် နှင့် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ေ၇းတို့ အတွက် နားလည် သဘောပေါက်ရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားစည်းရုံးပြောဆိုဖြောင်းဖျခဲ့ သည်ဟုဆို သည်။ 

သို့သော် စစ်တွေမြို့နယ် ၊ သဲချောင်း ၊ ဒါးပိုင် ၊ သက္ကယ်ပြင်၊ ဘောဒူဖ ၊ မန်စီ ၊ ခေါင်းဒုက္ကာ၊ ဆေးသမားကြီး အုန်းတော ၊ အနောက်စံပြ နေရာများ ရှိ ဘင်္ဂါလီဒုက္ခသည်များက ၎င်းတို့၏ လက်ရှိတဲနေရာများ ဆုံးရှုံး မည် ဟုပြောဆိုအကြောင်းပြ၍ ကူညီရွှေ့ပြောင်းပေးမည် အစီအစဉ်များကို သဘောမတူလက်မခံမှု များဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ ကုလသမဂ္ဂမှ သတိပေးချက် ထုတ်ပြန်ထားရာတင်လည်း ယခု မဟာစင်မုန်တိုင်းကြောင့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းအင်္ဂလားဒေ့ရှ် နိုင်ငံနှင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ရှိ ဒေသခံပြည်သူပေါင်းသန်း နှင့် ချီ၍ ဒုက္ခရောက်နိုင်ကြောင်း ထုတ်ပြန်ထားပါသည်။

Hot News Weekly

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။