၁- ည၈နာရီနောက်ပိုင်း ဘာမှမစားပါနဲ့ တော့ စားခဲ့ ပြီးတဲ့ညနေစာကလည်း တအားကြီး စားတာ မျိုးမ ဟုတ်ဘဲအိပ်ပျော်မူကို အားပေးတဲ့ သကြားနဲ့  ကစီ ဓာတ်ပါတဲ့ ကာဘိုဟိုက်ဒြိတ်ဒြပ်ပေါင်း အစား အစာ မျိုးကိုပဲ စားဖို့လိုအပ်တယ်
၂- အိပ်ရာမ၀င်ခင် ၄နာရီအတွင်းမှာ စိတ်ရော ကိုယ်ရောပါ ပင်ပန်းစေမယ့် ပြင်းပြင်းထန်ထန်
အ လုပ်မျိုး မလုပ်ပါနဲ့ ။
၃- ကဖိန်း (Caffeine) ဓါတ်ပါတဲ့ ကော်ဖီကို တစ်နေကုန် သောက်နေပေမယ့် ညနေ ၄နာရီနောက်ပိုင်းမှာ
မသောက်ရင် အကောင်းဆုံးပါပဲ။
၎- ည ၉နာရီ၊ ၁၀နာရီ ပတ်ဝန်းကျင်လောက်မှာ အိပ်ချင်လာရင် ဘာမှစဉ်းစားမနေနဲ့ တော့။ အိပ်ပစ် လိုက်ပါ ။
၅- အိပ်ရာဆိုတာ အိပ်ဖို့ အတွက်၊ နှစ်ကိုယ်တူယှဉ်တွဲဖို့ အတွက်ပါပဲ ။ ဒါကြောင့် အိပ်ရာပေါ်မှာ
အစာ လည်းမစားနဲ့ ။ကွန်ပြူတာအသေး(Laptop)လေးလဲ မယူသွားနဲ့ ။အခြားအလုပ်လုပ်ဖို
လည်းမစဉ်းစားပါနဲ့ အိပ်ဖို့ သက်သက်ပါပဲ။
၆- အိပ်ချိန်မှာ စိတ်ငြိမ်းချမ်းမူကို ဖန်တီးထားပါ။သူရဲ ၊ တစ္ဆေ၀တ္တုဖတ်တာမျိုး ၊ကြောက်စရာကောင်းတဲ့ VCD
ဖွင့်ကြည့်တာ မျိုးကို ရှောင်ပါ။
၇- မအိပ်ခင်မှာ ကိုယ့်ပတ်ဝန်းကျင်ဟာလည်း အေးချမ်းငြိမ်သက်ပြီး နားနေစရာကောင်းဖို့ လိုပါတယ်။ ကိုယ့်အတွက် သက်သောင့်သက်သာရှိရပါမယ်။
၈- အိပ်ရာနံဘေးမှာ ပန်းချီကားချိတ်ရင်လည်း အရောင်ဖျော့ဖျော့နဲ့ သိမ်မွေ့ နက်နဲတဲ့ ပန်းချီကားမျိုးပဲ
ချိတ်မယ်
။ဒီဇိုင်း ခပ်ဆန်းဆန်း ၊ခပ်ရှုပ်ရှုပ် အရောင်ကလည်း တောက်ပနေတဲ့ ပန်းချီကားဆိုရင်တော့ စိတ်အနှောက်အယှက်ဖြစ်မှာ။
၉- အိပ်ရာဝင်ရင် ၀တ်တဲ့အ၀တ်ဟာ ကိုယ်နဲ့ သက်သက်သာသာ ၊ချောင်ချောင်ချီချီ ရှိ ၊ မရှိ သတိ ထားရမယ်။ချည်အပျော့စားနဲ့  ရက်လုပ်ထားတဲ့ အ၀က်ကို ၀တ်အိပ်ရင် အသက်ရှုရတာရော ၊ အသားနဲ့ 
ထိကပ်နေတာရောဟာ သက်သောင့်သက်သာရှိတယ်၊ ည၀တ်ဂါဝန် အရှည်ကြီး ၀တ်အိပ်ရင်တော့ လှတယ်ဆိုပေမယ့် မကြာခဏ ရှုပ်ထွေးတာတို့ ၊ တွန့် လိမ်ကြေမွတာဖြစ်နေရင်
စိတ်အနှောက်အယှက် ဖြစ်စေတာပေါ့။
၁၀- တချို့ ကမအိပ်ခင်နှိပ်တာတို့ ၊ ပူနွေးတဲ့အရည်တစ်ခုခုသောက်တာတို့ ၊ရေနွေးလေးနဲ့ ရေချိုးလိုက် တာတို
့ဟာ ပိုပြီးအိပ်ပျော်စေတယ်လို့ ဆိုတယ်နော် ၊ အချို့ သိပ္ပံ ပညာရှင်တွေကတော့ ဒါကို သိပ်ပြီး လက်မခံကြပါဘူး။
နိပ်တာ ရေချိုးတာတွေလုပ်တဲ့အခါမှာ တချို့ ကအကြောအခြင်လျှော့ပြေစေတဲ့ ရေမွှေနံ့ သာဆီတွေနဲ့ 
လမ်းကျံနှိပ်နယ် ရေချိုးတက်ကြတယ်။ တချို့ ကလည်း အထူးစီမံဖော်စပ်ထားတဲ့ နာမည်ကြီးတံဆိပ်
ရေမွှေးနံ
သာဆီတွေကို သုံးကြသေးတယ်။ ဒါတွေက အိပ်ပျော်အောင် အထူးစီမံဖော်စပ် ထားတာပါတဲ့။
၁၁- သင်ဟာ အသံကြောင့် အအိပ်ဆက်တက်ပါသလား။ အဲဒါဆိုရင် အသံဗလံတွေကို ယဉ်လာဖို့  လေ့ကျင့်ယူရမယ်။ လေတိုက်တဲ့အသံဟာ ထူးထူးခြားခြား အသံမဟုတ်ပေမယ့် ကားသံလူသံတွေကို
ဖုံးလွှမ်းသွားတက်တယ်။ (ကြိုက်တက်ရင်) ညင်ညင်သာသာရှိတဲ့ ကလေးချော့သီးချင်းမျိုးလို
သီးချင်းစီဒီ ဓါတ်ပြားဖွင့် နားထောင်ရင်းအိပ်လိုက်ပေါ့ ။
၁၂- တကယ်လို့  ကိုယ့်အိပ်ခန်းအပြင်က မီးအလင်းရောင်ဟာ ကိုယ့်အခန်းကို ထိုးဖောက်ဝင်ရောက်နေရင်
ခန်းဆီးထူထူနဲ့  ကာရင်ကာ၊ မျက်လုံးကာအဖုံးလေး(Sleep Mask)နဲ့ အိပ်ပါ။
၁၃- ကိုယ်မြတ်နိုးနှစ်သက်တဲ့ ပစ္စည်းတစ်ခုခု၊ အရုပ်ကလေးတစ်ရုပ်ရဲ့ အနံ့ အသက် ၊ အထိအတွေ့ သို့ မဟုတ်
အသံလေးတစ်ခုခုကို ရှူနေ၊ ထိနေ၊ ကြားနေရမှ အိပ်ပျော်မယ်ဆိုရင် အဲဒီ အရုပ် သို့ မဟုတ် ပစ္စည်းကို
အိပ်ရာဆီယူသွားပါ။ (မောင်.........မောင် တမောင်မောင်နဲ့  သိပ်ခေါ်ရမှ အိပ်ပျော်မယ့် အဖြစ်မျိုး ဆိုတဲ့
သီးချင်းထဲက လိုမျိုးလေ)
၁၄- ကြောင်၊ ခွေး စတဲ့ အိပ်မွေးတိရစ္ဆာန်လေးတွေဟာ ချစ်ဖို့ ကောင်းသလောက် လူအိပ်တဲ့နေရာမှာတော့
တော်တော်လေးကို အနှောက်အယှက်ဖြစ်စေပါတယ်။ အထူးအဖြစ် အဲဒီ
တိရစ္ဆာန်လေးတွေဟာ ဒေါသ ထွက်လာရင် လူတွေကို တော်တော်ကသိကအောက်ဖြစ်စေတက်ပြီး သူတို
့ ရဲ့ကိုယ်က အမွေးအမျှင် တွေဟာလည်း လူအတော်တော်များများကို (Allergic)ဖြစ်စေတက်လို့ မနှစ်မြို့ 
့သူများ ဝေးဝေး ရှောင်ပြီးအိပ်ပါ။
၁၅- နောက်ဆုံးတစ်ချက်ကတော့ အိပ်ခန်းထဲမှာ မကောင်းတဲ့အနံ့အသက်( ဥပမာ-မှိုနံ့ ၊ သိုးနံ့ နဲ့ ဖုန်နံ့  )တွေရှိရင်တော့ အိပ်လို့ ရမှာ မဟုတ်ဘူး။ ဒီလေသန့် စင်စက်ရဲ့ တ၀ီဝီမြည်သံလေးကပဲ
နံဘေးပတ် ၀န်းကျင်က
ဆူညံသံတွေကို ဖုံးလွှမ်းပေးသွားတက်ပြီး အိပ်ကောင်းခြင်းကို မိတ်ဆွေရောက်ပါလိမ့်မယ် ။ ။
From...Myanma Spectrum
No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။