ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင် မယ်ဆိုင် မြို့နယ် ထဲက မြန်မာနိုင်ငံနယ်စပ် မယ်ဆိုင်ချောင်းအနီးမှာ ဘတ် သန်းပေါင်း ထောင်နဲ့ချီ တန်ဖိုးရှိတဲ့ မူးယစ် ဆေးဝါးတွေ ဖမ်းဆီးရမိတယ်လို့ ထိုင်းနိုင်ငံမြောက်ပိုင်း မူးယစ် ရဲတပ်ဖွဲ့ရဲ့ အပြောကို ကိုးကားပြီး မန်နေဂျာ အွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။
မြန်မာနယ်စပ်ဘက်ကနေ မူးယစ်ဆေးဝါး အချီကြီး ၀င်ရောက်ဖို့ ရှိတယ်လို့ သတင်းရထားချက်အရ ထိုင်း တပ် မတော် အမှတ် ၃ စစ်ဒေသရဲ့ တပ်မမှူး ဗိုလ်မှူးကြီး ထနဖွန်း ကိုးဆိုင်ဆေ၀ီးနဲ့ အဖွဲ့ဝင်တွေဟာ ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်မြို့နယ် မယ်ဆိုင်ချောင်း တလျှောက် နယ်လှည့်စစ်ဆေးရာမှာ ဖမ်းဆီးမိခဲ့တာပါ။
ဝိန်းဟွမ်ရွာနဲ့ ပါဆန်းငမ်းရွာကြား မြက်တောထဲကနေ ဆာလာအိတ် ၁ လုံးစီ ထမ်းပြီးသွားနေတဲ့ လူရွယ် ၆၊ ၇ ဦး ကို စစ်ဆးဖို့အတွက် ရပ်မိန့်ပေးခဲ့ရာမှာ အထုပ်တွေ ပစ်ချပြီး မြန်မာဘက်ခြမ်းကို ထွက်ပြေးသွား တယ်လို့ ဆိုပါတယ်။
စစ်တပ်က အဲဒီဧရိယာတ၀ိုက်ကို ၀ိုင်းထားပြီး အထုပ်တွေ စစ်ဆေးကြည့်ရှုရာမှာ ရာဘနဲ့ အိုက်စ် ခေါ် ရေခဲ မူးယစ်ဆေးတွေ ထည့်ထားတာ တွေ့ရတယ်လို့ တာဝန်ရှိသူတဦးက ထိုင်းသတင်းဌာနကို ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ ဆာလာအိတ် စုစုပေါင်း ၇ အိတ်ရှိပြီး စကော့တိပ် အညိုရောင်နဲ့ ပတ်ထားတဲ့ အထုပ်ပေါင်း ၁၄၄ ထုပ်၊ ၁ ထုပ်စီမှာ ရာဘအလုံးရေ ၂ ထောင်စီနဲ့ စုစုပေါင်း ရာဘ အလုံးပေါင်း ၁ သန်း ၆ သိန်း၊ ၁ ကီလိုဂရမ် လောက်လေးတဲ့ အိုက်စ် ခေါ် ရေခဲမူးယစ်ဆေးဝါး အထုပ်ပေါင်း ၄၃ ထုပ် တန်ဖိုးစုစုပေါင်း ဘ သန်းပေါင်း ၃၀၀ ဖိုး ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
ဒီပစ္စည်းတွေဟာ ထိုင်းနိုင်ငံ အတွင်းပိုင်းရောက်သွားရင် ဘတ် သန်းပေါင်း ၁၀၀၀ ကျော် တန်ဖိုးရှိ မယ်လို့ လည်း ထိုင်းမူးယစ်ရဲတွေက ခန့်မှန်းပြောဆိုပါတယ်။
ဗိုလ်မှူးကြီး ထနဖွန်း ကိုးဆိုင်ဆေ၀ီးက ထိုင်းသတင်းဌာနကို ပြောကြားရာမှာ ဒီမူးယစ်ဆေးဝါးတွေဟာ မယ် ဆိုင်းေ ချာင်းေ ဒသတ၀ိုက်မှာ လှုပ်ရှားနေတဲ့ လားဟူပြည်သူ့စစ်ခေါင်းဆောင် ဗိုလ်မှူးယီ့ဆေးရဲ့ အဖွဲ့က လာ တာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
မူးယစ်ဆေးတွေကို အစည်းလိုက်ခွဲပြီး ထုပ်ပိုးထားတဲ့အတွက် နေရာအသီးသီးကို ဖြန့်ဖြူးဖို့ ပြင်ဆင်ထားပုံ ရကြောင်း နဲ့ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးတွေကို ထိုင်းအမျိုးသား မူးယစ်ဆေးဝါး နှိမ်နင်းရေးဥက္ကဋ္ဌ ချလိုမ် ယူဘန်းရုန်းဆီ ပို့ဆောင်ပေးဖို့ စီစဉ်နေကြောင်း ပြောပါတယ်။
DVB News
No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။