
ချင်းပြည်နယ်မှအပ ကျန်ပြည်နယ်နှင့် တိုင်းများတွင် CDMA 800 Mhz မိုဘိုင်းဖုန်းများကို ချပေးမည်ဖြစ်သည်။ ချင်းပြည် နယ်တွင်မူ ယင်းဖုန်းလိုင်းများ တပ်ဆင်ထားရှိခြင်း မရှိသောကြောင့် WCDMA မိုဘိုင်းဖုန်း များကို ချထားပေး မည် ဖြစ်သည်။
ဧပြီလ ၂၄ ရက်နေ့က စတင်ရောင်းချပေးသော အဆိုပါ တန်ဖိုးနည်းဖုန်း အလုံးရေ ၆,၀၀၀ ခန့်ကို ယနေ့ အချိန်တွင် သုံးစွဲထားခြင်း မရှိသေးကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထုတ်ပြန် ပြောဆိုသည်။
ပထမ နှစ်လတွင် CDMA 800 Mhz မိုဘိုင်းဖုန်းများ ချထားပေးမည်ဖြစ်ပြီး လိုင်းသုံးစွဲမှု အရေအတွက်များ ကိုလည်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက နေ့စဉ် စောင့်ကြည့်နေသည်ဟု ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဒု-ဝန်ကြီး ဦးသောင်းတင် က ပြောကြားထားသည်။
ယခု ချထားပေးနေသည့် မိုဘိုင်းဖုန်း ကတ်များမှာ MECTEL အမှတ်တံဆိပ် တန်ဖိုးနည်း CDMA-800 MHz မိုဘိုင်းလ် တယ်လီဖုန်းဖြစ်သည်။ ယင်းစနစ်ကို အသုံးပြုနိုင်ရန် မြန်မာနိုင်ငံ တဝှန်းတွင် ရေဒီယို စခန်းပေါင်း ၂၈၂ စခန်း ရှိပြီး ထိုစခန်းများ၏ နယ်နိမိတ် အတွင်းမှ ပြည်တွင်း၊ ပြည်ပသို့ ခေါ်ဆိုနိုင်ပြီး အပြန်အလှန် ယူဆောင် အသုံးပြုနိုင်သည်။
From:Mizzima

No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။