/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, May 15, 2013

.

မုန်တိုင်းသတင်း


Photo: ၂၀၁၃ခုနှစ်၊ မေလ(၁၅) ရက်နေ့ မြန်မာ စံတော်ချိန် (၁၀း၀၀)နာရီ အချိန် မုန်တိုင်း သတိပေးချက်

ယနေ့ မြန်မာစံတော်ချိန် (၀၉း၃၀)နာရီ အချိန် တိုင်းထွာချက်များ အရ ဘင်္ဂလားပင်လယ်အော် အနောက် အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်း မုန်တိုင်း မဟာစင် (MAHASEN)သည် အရှေ့မြောက်ဘက်သို့ မိုင်(၅၀)ခန့် ရွေ့လျားခြဲ့ပီး၊ မြန်မာနိုင်ငံ (မောင်တောမြို့)၏ အနောက်တောင်ဘက် မိုင်(၃၇၀)ခန့်၊ စစ်တွေမြို့၏ အနောက်တောင်ဘက် မိုင်(၃၇၀)ခန့်၊ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် မိုင်(၃၈၀)ခန့်၊ အိန္ဒိယနိုင်ငံ (ကိုလ်ကတ္တားမြို့)၏ တောင်ဘက် မိုင်(၃၆၀)ခန့် အကွာ ပင်လယ်ပြင်ကှို ဗဟိုပြု နေပါသည်။ အဆိုပါ ဆိုင်ကလုန်း မုန်တိုင်းသည် အရှေ့မြာက်ဘက်သို့ ဆက်လက် ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။ မုန်တိုင်းဗဟိုချက် အနီးတွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ မိုင်(၆၀)အထိ ရှိနိုင်ပါသည်။

ဆိုင်ကလုန်း မုန်တိုင်း၏ အရှိန်ကြောင့် စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပြီး နေရာကွက်၍ မိုးကြီးမည်။

မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်း ကျစဉ်ရေပြင်/ မြေပြင် လေသည် တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅)မိုင် အထိတိုက်ခတ်မည် ဖြစ်ပါသည်။ ဆိုင်ကလုန်း မုန်တိုင်း၏ လက်ရှိအခြေအနေမှာ လိမ္မော်ရောင် အဆင့်သို့ ရောက်ရှိပြီး မြန်မာနိုင်ငံ (ရခိုင် ကမ်းရိုးတန်း မြောက်ပိုင်း) နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကမ်းခြေဒေသများ ဆီသို့ ဦးတည် ရွေ့လျားနေသည့် အခြေအနေ ဖြစ်ပါသည်။ နောက်ဆုံး တိုင်းထွာရရှိသော ခန်မှန်းချက်အရ မေလ(၁၆)ရက်နေ့ ညပိုင်းခန့်တွင် မြန်မာနိုင်ငံ (ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်း) ကမ်းခြေနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကမ်းခြေဒေသများ ဆီသို့ ဖြတ်ကျော် ၀င်ရောက်နိုင်ကြောင်း ခန့်မှန်း ရပါသည်။

မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများ အနေဖြင့် မုန်တိုင်း အန္တရာယ် ရှောင်ရှားရန် လိုအပ်ကြောင်း အကြံပြု အပ်ပါသည်။

http://bit.ly/16dv30L

၂၀၁၃ခုနှစ်၊ မေလ(၁၅)ရက်နေ့မြန်မာစံတော်ချိန် (၁၃း၀၀) နာရီ အချိန်ထုတ်ပြန်ချက်

ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀) နာရီအချိန် တိုင်း ထွာချက် များအရဘင်္ဂလား ပင်လယ်အော် အ နောက်အလယ် ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်က လုန်းမုန်တိုင်းမဟာစင်(MAHASEN)သည် မြန်မာ နိုင်ငံ(မောင်တောမြို့)၏ အနောက်တောင်ဘက် မိုင်(၃၅၀)ခန့်၊ စစ်တွေမြို့၏ အနောက်တောင်ဘက် မိုင် (၃၅၀)ခန့်၊ ကျောက်ဖြူမြို့၏ အနောက်တောင် ဘက် မိုင်(၃၆၀)ခန့်၊အိန္ဒိယနိုင်ငံ (ကိုလ်ကတ္တားမြို့)၏တောင်ဘက်မိုင်(၃၃၀)ခန့်အကွာ ပင်လယ်ပြင်ကှို ဗဟိုပြု နေပါသည်။


အဆိုပါဆိုင်ကလုန်းမုန်တိုင်းသည် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းရ ပါသည်။ မုန်တိုင်းဗဟိုချက်အနီးတွင် အမြင့်ဆုံးလေတိုက်နှုန်းမှာမိုင်(၆၀)အထိရှိနိုင်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာ စိပ်စိပ်မှနေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးမည်။

မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင်မိုင် (၄၀)မှ(၄၅)မိုင်အထိတိုက်ခတ်မည်ဖြစ်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်း၏ လက်ရှိအခြေအနေမှာ လိမ္မော်ရောင်အဆင့်သို့ရောက်ရှိပြီး မြန်မာနိုင်ငံ (ရခိုင် ကမ်းရိုးတန်းမြောက်ပိုင်း)ဒေသများဆီသို့ဦးတည်ရွေ့လျားနေ သည့်အခြေအနေဖြစ်ပါသည်။

နောက်ဆုံးတိုင်းထွာရရှိသောခန့်မှန်းချက် အရမေလ(၁၆)ရက်နေ့ ညပိုင်းခန့်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ စစ်တကောင်း မြို့နှင့်မြန်မာနိုင်ငံမောင်တောမြို့အကြားကမ်းခြေဒေသများဆီသို့ ဖြတ်ကျော်ဝင်ရောက် နိုင်ကြောင်းခန့်မှန်းရပါသည်။

မုန်တိုင်းကမ်းခြေကို ဖြတ်ကျော်စဉ် မောင်တောခရိုင်ကမ်းခြေတွင် မုန်တိုင်းဒီရေအမြင့်ဆုံးမှာ (၈)ပေမှ(၁၀)ပေအထိနှင့်စစ်တွေခရိုင်ကမ်းခြေတွင် မုန်တိုင်းဒီရေအမြင့်ဆုံးမှာ(၆)ပေမှ(၈)အထိ မြင့်တက်နိုင်ကြောင်း ခန့်မှန်းရပါသည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ကမ်းဝေး ငါးဖမ်း ရေယာဉ်များ၊သင်္ဘောများအနေဖြင့်မုန်တိုင်းအန္တရာယ်ရှောင်ရှားရန် လိုအပ်ကြောင်းအကြံပြုအပ်ပါသည်။

မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်ဖြစ်ပါသည်။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။