/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, May 15, 2013

.

ပြည်မြို့ ဆရာတော်အား ဓါးဖြင့်ထိုးသွားသည့်တရားခံအား ဖမ်းမိ



ရွာဘဲရပ်ကွက်၊ ပုညရှင်ဓမ္မာရုံကျောင်းမှ ဆရာ တော် အား ဓားဖြင့်ထိုးပြီး ထွက်ပြေးသွားသော တရားခံ ရဲဝင်း(ခ)ရဲနောင်အား ပြည်မြို့၊မြို့မ ရဲစခန်းမှူး ဒုရဲမှူး ၀င်းခိုင်ဦးစီး နယ်ထိမ်းအဖွဲ့မှ (၁၅. ၅ .၂၀၁၃) ရက်နေ့နံနက်(၁း၀၀)နာရီ၄၅မိနစ်က သီရိခေတ္တရာ တည်းခိုခန်း၌ တည်းခိုနေစဉ် ဖမ်းဆီး ရမိခဲ့ပါသည်။


၎င်းအပြင်တရားခံရဲဝင်း(ခ)ရဲနောင်သည် ဆိုင်ကယ် ခိုးမှုများစစ်ဆေးပေါ်ပေါက်ကြောင်း ပြည်မြို့မ ရဲ စခန်း တာဝန်ရှိသူထံမှသိရသည်။

တရာခံရဲဝင်း(ခ)ရဲနောင်ပုံပါ....

(၁၄.၅.၂၀၁၃)ရက်နေ့ နေ့လည်(၂)နာရီအချိန်ကဖြစ်ပွားခဲ့သော ပုညရှင်စေတီကျောင်းမှဆရာတော်အား ဓါးဖြင့်ထိုးသွားသည့်တရားခံကို ပြည်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးဝင်းခိုင်၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ဇော်မင်းနိုင်နှင့် နယ်ထိန်းအဖွဲ့၊ ရဲစခန်းရှိတပ်ဖွဲ့ဝင်များ၊ သက်သေ ဦးသန်းထူးနှင့်အဖွဲ့တို့မှ အခင်း ဖြစ်ပွါးသည့်အချိန်မှစ၍ တရားခံအမြန်ဖော်ထုတ်နိုင်ရေးအတွက် မနားမနေအစွမ်းကုန်ကြိုးပမ်းခဲ့ကြပါတယ်။

ထိုသို့ကြိုးပမ်းအားထုတ်မှုကြောင့် အချိန်အတိုအတွင်း တရားခံမည်သူမည် ၀ါဆိုတာ သိခဲ့ရပါတယ်။

သို့သော်လည်း တရားခံမှာ အခင်းဖြစ်သည့်အချိန်မှစပြီး ထွက်ပြေးတိမ်းရှောင်နေသည့်အတွက် ၄င်း သွားလာတတ်သည့်နေရာများအား နယ်ထိန်းအဖွဲ့မှ အမာခံသတင်းပေးများဖြင့် ပူးပေါင်းစုံစမ်းခဲ့ရာ နောက် ဆုံး တရားခံသွားလာတတ်သည့်နေရာများသိရှိခဲ့ရပါတယ်။

ည(၁၁၄၅)အချိန် စခန်းမှူးနှင့် နယ်ထိန်းအဖွဲ့မှ တရားခံရောက်ရှိလာမည့်နေရာ(တည်းခိုခန်းတစ်ခု)တွင် လျှို့ဝှက်စောင့် ဆိုင်းကာတရားခံအားဖမ်းဆီးရမိပြီး သက်သေခံပစ္စည်း ဖုန်းနှင့်ဓါးအား သိမ်းဆည်းနိုင်ခဲ့ ပါတယ်။

၎င်းကိုစစ်မေးတဲ့အခါ ရဲနောင်(၂၆)နှစ်၊ မြကန်သာနေသူဖြစ်ကြောင်းသိရှိရပြီး ဆရာတော်ကိုဓါးနှင့်ထိုး တယ်လီဖုန်းကိုယူဆောင်ခဲ့ကြောင်းဝန်ခံခဲ့ပါတယ်

ပြည်သတင်းလူငယ် တင်ခဲ့သလို အဖွဲ့လိုက်မဟုတ်ပဲ တစ်ယောက်တည်းသာဖြစ်ပါတယ်လို့ သတင်းပေးပို့သူ တစ်ဦးထံမှသိရှိ ရပါတယ်။ ၉ နာရီ ၄၅မိနစ်အတွင်း တရားခံအမြန်ဆုံးဖမ်းဆီးပေးနိုင်တဲ့ ရဲတပ်ဖွဲ့အတွက် ဂုဏ်ယူပါတယ်။

https://www.facebook.com/pyaynews?ref=ts&fref=ts

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။