/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, May 15, 2013

.

ဆိုင်ကလုန်းမုန်တိုင်း မဟာစင်နှင့် ပတ်သက်သည့် ကြိုတင်ညှိနှိုင်း အစည်းအဝေး ကျင်းပ


ဆိုင်ကလုန်းမုန်တိုင်း မဟာစင်နှင့် ပတ်သက်သည့် ကြိုတင်ညှိနှိုင်း အစည်းအဝေး ကျင်းပ

နေပြည်တော် မေ ၁၄

သဘာဝဘေးအန္တရာယ်သည် တားဆီး၍ မရနိုင်သည့် အန္တရာယ်ဖြစ်သော်လည်း ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် ကြိုတင်ပြင်ဆင်မှုများဖြင့် ရင်ဆိုင်ကျော်လွှားရမည် ဖြစ်ကြောင်းဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ယနေ့နံနက်ပိုင်းက ကျင်းပသည့် ဆိုင်ကလုန်းမုန်တိုင်း မဟာစင်နှင့် ပတ်သက်သည့် ကြိုတင်ညှိနှိုင်း အစည်းအဝေးတွင် ပြောကြားခဲ့သည်။ 

အဆိုပါ ညှိနှိုင်းအစည်းအဝေးကို နံနက် (၉) နာရီခွဲတွင် နိုင်ငံတော်သမ္မတ အိမ်တော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပရာ ဒုတိယသမ္မတများ ဖြစ်ကြသော ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဦးဥာဏ်ထွန်း၊ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြသည်။ 

အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အဖွင့်အမှာစကား ပြောကြားရာ၌ ယခုအစည်းအဝေးမှာ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်ရေး၊ ကြိုတင်ကာကွယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ညှိနှိုင်းဆွေးနွေးသည့် အစည်းအဝေး ဖြစ်ကြောင်း၊ ဆိုင်ကလုန်းမုန်တိုင်း မဟာစင်သည် မေ ၁၅ ရက်နှင့် ၁၆ ရက်ခန့်တွင် ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံအကြား ဖြတ်ကျော် ဝင်ရောက်နိုင်သည်ဟု မိုးလေဝသ သတင်းထုတ်ပြန်ချက်များ ထုတ်ပြန်ထားပြီး ဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့် ယင်းမုန်တိုင်းသတင်းများနှင့် ပတ်သက်၍ အချိန်နှင့်အမျှ မပြတ် လေ့လာနေကြောင်း၊ မုန်တိုင်း၏သဘော သဘာဝအရ လေဖိအားနည်း ဒေသသို့ ဝင်ရောက် တတ်သည့်အတွက် တရားသေ ခန့်မှန်းတွက်ချက်ရန် ခက်ခဲကြောင်း၊ မူလ ခန့်မှန်းထားသည့် လမ်းကြောင်း မှ လေဖိအား နည်းဒေသသို့လည်း ကွေ့သွားနိုင်ကြောင်း၊ မိမိတို့အနေဖြင့် ၂၀၀၈ ခုနှစ် မေ ၂ ရက်က ဧရာဝတီ တိုင်း ဒေသကြီးအတွင်း တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းနှင့် ပတ်သက်သော အတွေ့အကြုံရှိကြောင်း၊ မုန်တိုင်း၏ ဦးတည်ရာ လမ်းကြောင်း သည် လက်ရှိတွင် ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းဒေသသို့ ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းထားသော်လည်း အခြားပြည်နယ်နှင့် တိုင်းဒေသကြီး တို့သို့လည်း မုန်တိုင်းလမ်းကြောင်း ပြောင်းလဲသွားနိုင်သဖြင့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရန် မှာကြားထားပြီး ဖြစ်ကြောင်း၊ ထို့ပြင် ကုန်းတွင်းသို့လည်း ဝင်ရောက်ပြီး နောက်တွင်လည်း အန္တရာယ်ပေးနိုင်သဖြင့် မကွေးတိုင်းဒေသကြီး၌လည်း ကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက် ထားရန် ညွှန်ကြားထားရှိပြီး ဖြစ်ကြောင်း။ 

မုန်တိုင်းနှင့် ပတ်သက်၍ အစီအမံများမှာ အဓိကအားဖြင့် အဆင့် (၄) ဆင့် ရှိကြောင်း၊ ၎င်းတို့မှာ မုန်တိုင်းမလာမီ ကြိုတင်ပြင်ဆင်မှုအပိုင်း၊ မုန်တိုင်းဖြစ်နေစဉ် ဆောင်ရွက်ရန် အပိုင်း၊ မုန်တိုင်း ဖြစ်ပေါ်ပြီးနောက် ကူညီကယ်ဆယ်ရေး အပိုင်းနှင့် မုန်တိုင်းလွန် ကာလ ပြန်လည် ထူထောင်ရေး လုပ်ဆောင်ရမည့် အပိုင်းတို့ ဖြစ်ပါကြောင်း၊ မိမိတို့၌ နာဂစ် အတွေ့ အကြုံများရှိပြီဖြစ်ရာ စနစ်တကျ စီမံဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ နာဂစ်အလွန် ကာလအတွေ့အကြုံများအရ အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီများနှင့် တည်မြဲအမိန့်များ ထုတ်ပြန် ထားပြီး ဖြစ်ကြောင်း၊ မုန်တိုင်းဝင်ရောက်လျင် ပထမဆုံး အန္တရာယ်အများဆုံးနေရာမှာ ရခိုင်ပြည်နယ် မောင်တောနှင့် စစ်တွေ ဖြစ်ကြောင်း၊ စစ်တွေ၊ မြေပုံ၊ ပေါက်တောနှင့် ကျောက်ဖြူတို့၌ ဒုက္ခသည် တစ်သိန်းကျော် ရှိကြောင်း၊ စစ်တွေတွင် ဒုက္ခသည် ၄/၅ သောင်းရှိကြောင်း၊ အချို့ ဒုက္ခသည်များမှာ ယာယီတဲများတွင် နေထိုင်ဆဲ ဖြစ်ကြောင်း၊ အချို့သော ဒုက္ခသည်များသာ အခိုင်အမာ အဆောက်အအုံများတွင် ပြောင်းရွှေ့နေရာချထားပြီးခဲ့ကြောင်း။ 

မုန်တိုင်းဝင်ရောက်ချိန်တွင် လေတိုက်နှုန်းမှာ မိုင် ၁၂၀ ခန့် ရှိမည်ဖြစ်ပြီး ဒီရေလည်း ဝင်ရောက်နိုင်သည်ဖြစ်ရာ ယာယီတဲ များ၌ နေထိုင်သူများ၊ အနိမ့်ပိုင်းဒေသနေ ပြည်သူများအတွက် အန္တရာယ် ရှိပါကြောင်း၊ ၎င်းတို့ကို ဦးစားပေးရွှေ့ပြောင်းပေးနေ ပါကြောင်း၊ မေ ၁၆ ရက်တွင် မုန်တိုင်းဝင်ရောက်မည်ဟု ခန့်မှန်းတွက်ချက်ထားသည့်အတွက် မေ ၁၃ ရက်မှ စတင် ၍ ရွှေ့ပြောင်းပေးနေပါကြောင်း၊ မော်တော်ယာဉ်များ၊ စက်လှေများဖြင့် ရွှေ့ပြောင်းပေးနေပါကြောင်း၊ ဦးစားပေးရွှေ့ပြောင်းမှု အနေဖြင့် ကလေးများ၊ အမျိုးသမီးများ၊ မိအိုဖအိုများ၊ နေထိုင်မကောင်း သူများကို ရွှေ့ပြောင်းပေးပါကြောင်း၊ တပ်မတော် တပ်ရင်းများရှိ အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ မုန်တိုင်းဒဏ်ခံနိုင် သည့် တောင်ကုန်းနေရာများ သို့ ရွှေ့ပြောင်းပေး ပါကြောင်း၊ ထိုသို့ ကယ်ဆယ်ရွှေ့ပြောင်းရာတွင် အဓိကအရေးကြီးသည့် အချက်မှာ အသက်မသေဆုံးသွားရန်မှာ အရေးကြီး အချက်ဖြစ်ပါကြောင်း ထို့ကြောင့် အမြန်ဆုံးရွှေ့ပြောင်းပေးရန် လိုအပ်ပါကြောင်း။ 

လုံခြုံရေး၊ စားသောက်ရေး၊ ကျန်းမာရေး အရေးကြီးပါကြောင်း၊ မုန်တိုင်းဖြတ်သန်းပြီးနောက် ကူညီကယ် ဆယ်ရေး ဆောင်ရွက်ပေးချိန်တွင် လူမျိုး/ ဘာသာမခွဲခြားဘဲ လူသားချင်း စာနာထောက်ထားပြီး လုပ်ဆောင်ရ မည်ဖြစ်ပါကြောင်း၊ ဒုက္ခရောက်နေသူ အားလုံး၏ အသက်အန္တရာယ် ကင်းရှင်းအောင် ဆောင်ရွက်ရန် လိုပါကြောင်း။ 

အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနှင့် အဖွဲ့သည် ယနေ့ မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ်သို့ သွားရောက်ပြီး အရေးပေါ် ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများ ကြီးကြပ်ဆောင်ရွက်မည် ဖြစ်ကြောင်း၊ မုန်တိုင်း ကာလအတွင်း အမ်းတွင် အခြေပြု၍ အနီးကပ် ကူညီဆောင်ရွက်ပေးမည် ဖြစ်ကြောင်း။ 

အရေးပေါ်အခြေအနေတွင် ကူညီဆောင်ရွက်ရန် တပ်မတော်လေယာဉ်များ၊ ရဟတ်ယာဉ်များ အသင့်ပြင်ဆင်ထားပြီး ဖြစ်ပါကြောင်း၊ လွန်ခဲ့သည့် နှစ်က ရခိုင်ပြည်နယ် မောင်တောမြို့၌ မိုးသည်းထန်စွာရွာသွန်းရာတွင် မကွေးတိုင်းဒေသကြီးအတွင်း ရေဘေးကြုံတွေ့ရခြင်း ရှိခဲ့ကြောင်း၊ သို့ဖြစ်၍ မုန်တိုင်းအန္တရာယ် ကြိုတင်တွက်ဆ၍ ပြင်ဆင်ကာကွယ်ရန် လိုအပ်သည့် ညွှန်ကြားချက်များ ထုတ်ပြန်ထားပြီးဖြစ်ပါကြောင်း ရှင်းလင်းပြောကြားပြီး အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေးဗဟိုကော်မတီအား ပြန်လည်ပြင်ဆင် ဖွဲ့စည်းမှု၊ ၎င်းဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များ၊ စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီဖွဲ့စည်းမှုနှင့် လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားခဲ့သည်။ 

ထို့နောက် အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးဘုန်းဆွေက သဘာဝဘေး ကာကွယ်ရေးအတွက် ကြိုတင် ပြင်ဆင် ဆောင်ရွက်ထားများမှုနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြသည်။ 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများက သက်ဆိုင်ရာ ဝန်ကြီးဌာနများအလိုက် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများဖြစ်သော ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအား ဘေးလွတ်ရာ သို့ ရွှေ့ပြောင်းရေး၊ ရိက္ခာကြိုတင် စုဆောင်းထားရှိရေး၊ ဆက်သွယ်မှု မပြတ်တောက်စေရေး၊ လျှပ်စစ်ဓာတ်အား ရရှိရေး၊ ထောက်ပံ့ပစ္စည်းများ ပို့ဆောင်ပေးရေး၊ အချိန်နှင့် တပြေးညီ သတင်းထုတ်ပြန်နိုင်ရေး၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို စီစဉ်ဆောင်ရွက် ထားရှိမှုနှင့် စပ်လျဉ်း၍ ဆွေးနွေး တင်ပြကြသည်။ 

ထို့နောက် နိုင်ငံတော်သမ္မတက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းများကို ပိုမိုပြည့်စုံစေရေး ဆက်လက်ဆောင်ရွက် သွားကြရန်၊ ရွှေ့ပြောင်း နေရာချထားရှိမှုနှင့် ပတ်သက်၍ ဥပဒေနှင့်အညီ လုပ်ဆောင်ပြီး အောက်ခြေ အဆင့်ထိ နားလည် သဘောပေါက်အောင် ရှင်းလင်းပြောကြားရန်၊ နိုင်ငံတကာဆက်ဆံရေး၊ ပြန်ကြားရေး၊ ကျန်းမာရေး ဆပ်ကော်မတီများ ဖွဲ့စည်းပြီး လုပ်ငန်းများ စတင်ဆောင်ရွက်ရေး၊ နေရာချ ထားရာတွင်လည်း သူ့နေရာနှင့်သူအံဝင်ဂွင်ကျ ဖြစ်အောင် တာဝန်ရှိသူများက စနစ်တကျ စံမံဆောင်ရွက်သွားရန်၊ စားသောက်နေထိုင်ရေးအပြင် သန့်ရှင်းသော သောက်သုံးရေ ရရှိရေးနှင့် ကျန်းမာရေးကိုလည်း အလေးထားဆောင်ရွက် ကြရန်နှင့် လုပ်ဆောင်သင့်သည်များကိုအချိန်နှင့် တစ်ပြေးညီ လိုအပ်သည့် အဖွဲ့များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်သွားကြရန် မှာကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

နေပြည်တော် မေ ၁၄

သဘာဝဘေးအန္တရာယ်သည် တားဆီး ၍ မရနိုင်သည့် အန္တရာယ်ဖြစ် သော် လည်း ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ် အောင် ကြိုတင်ပြင်ဆင်မှုများဖြင့် ရင် ဆိုင်ကျော်လွှားရမည် ဖြစ်ကြောင်းဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ယနေ့နံနက်ပိုင်းက ကျင်းပသည့် ဆိုင်ကလုန်းမုန်တိုင်း မဟာစင်နှင့် ပတ်သက်သည့် ကြိုတင်ညှိနှိုင်း အစည်းအဝေးတွင် ပြောကြားခဲ့သည်။


အဆိုပါ ညှိနှိုင်းအစည်းအဝေးကို နံနက် (၉) နာရီခွဲတွင် နိုင်ငံတော်သမ္မတ အိမ်တော် ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပရာ ဒုတိယသမ္မတများ ဖြစ်ကြသော ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဦးဥာဏ်ထွန်း၊ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက် ကြသည်။

အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အဖွင့်အမှာစကား ပြောကြားရာ၌ ယခုအစည်းအဝေးမှာ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်ရေး၊ ကြိုတင်ကာကွယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ညှိနှိုင်းဆွေးနွေးသည့် အစည်းအဝေး ဖြစ်ကြောင်း၊ ဆိုင်ကလုန်းမုန်တိုင်း မဟာ စင်သည် မေ ၁၅ ရက်နှင့် ၁၆ ရက်ခန့်တွင် ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံအကြား ဖြတ်ကျော် ဝင်ရောက်နိုင်သည်ဟု မိုးလေဝသ သတင်းထုတ်ပြန်ချက်များ ထုတ်ပြန်ထားပြီး ဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့် ယင်းမုန်တိုင်းသတင်းများနှင့် ပတ်သက်၍ အချိန်နှင့်အမျှ မပြတ် လေ့လာနေကြောင်း၊ မုန်တိုင်း၏သဘော သဘာဝအရ လေဖိအားနည်း ဒေသသို့ ဝင်ရောက် တတ်သည့်အတွက် တရားသေ ခန့်မှန်းတွက်ချက်ရန် ခက်ခဲကြောင်း၊ မူလ ခန့်မှန်းထားသည့် လမ်းကြောင်း မှ လေဖိအား နည်းဒေသ သို့ လည်း ကွေ့သွားနိုင်ကြောင်း၊ မိမိတို့အနေဖြင့် ၂၀၀၈ ခုနှစ် မေ ၂ ရက်က ဧရာဝတီ တိုင်း ဒေသကြီး အတွင်း တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းနှင့် ပတ်သက်သော အတွေ့အကြုံရှိကြောင်း၊ မုန်တိုင်း၏ ဦးတည် ရာ လမ်းကြောင်း သည် လက်ရှိတွင် ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းဒေသသို့ ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းထားသော်လည်း အခြားပြည်နယ်နှင့် တိုင်းဒေသကြီး တို့သို့လည်း မုန်တိုင်းလမ်းကြောင်း ပြောင်းလဲ သွားနိုင်သဖြင့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရန် မှာကြားထားပြီး ဖြစ်ကြောင်း၊ ထို့ပြင် ကုန်းတွင်း သို့လည်း ဝင်ရောက်ပြီး နောက်တွင်လည်း အန္တရာယ်ပေးနိုင်သဖြင့် မကွေးတိုင်းဒေသကြီး၌လည်း ကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက် ထားရန် ညွှန်ကြားထားရှိပြီး ဖြစ်ကြောင်း။

မုန်တိုင်းနှင့် ပတ်သက်၍ အစီအမံများမှာ အဓိကအားဖြင့် အဆင့် (၄) ဆင့် ရှိကြောင်း၊ ၎င်းတို့မှာ မုန်တိုင်း မလာမီ ကြိုတင်ပြင်ဆင်မှုအပိုင်း၊ မုန်တိုင်းဖြစ်နေစဉ် ဆောင်ရွက်ရန် အပိုင်း၊ မုန်တိုင်း ဖြစ်ပေါ်ပြီးနောက် ကူညီကယ်ဆယ်ရေး အပိုင်းနှင့် မုန်တိုင်းလွန် ကာလ ပြန်လည် ထူထောင်ရေး လုပ်ဆောင်ရမည့် အပိုင်းတို့ ဖြစ်ပါကြောင်း၊ မိမိတို့၌ နာဂစ် အတွေ့ အကြုံများရှိပြီဖြစ်ရာ စနစ်တကျ စီမံဆောင်ရွက်သွားရန် လိုအပ် ကြောင်း၊ နာဂစ်အလွန် ကာလအတွေ့အကြုံများအရ အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီများနှင့် တည်မြဲအမိန့်များ ထုတ်ပြန် ထားပြီး ဖြစ်ကြောင်း၊ မုန်တိုင်း ဝင်ရောက်လျင် ပထမဆုံး အန္တရာယ်အများဆုံးနေရာမှာ ရခိုင်ပြည်နယ် မောင်တောနှင့် စစ်တွေ ဖြစ် ကြောင်း၊ စစ်တွေ၊ မြေပုံ၊ ပေါက်တောနှင့် ကျောက်ဖြူတို့၌ ဒုက္ခသည် တစ်သိန်းကျော် ရှိကြောင်း၊ စစ်တွေ တွင် ဒုက္ခသည် ၄/၅ သောင်းရှိကြောင်း၊ အချို့ ဒုက္ခသည်များမှာ ယာယီတဲများတွင် နေထိုင်ဆဲ ဖြစ်ကြောင်း၊ အချို့သော ဒုက္ခသည်များသာ အခိုင်အမာ အဆောက်အအုံများတွင် ပြောင်းရွှေ့နေရာချထားပြီးခဲ့ကြောင်း။

မုန်တိုင်းဝင်ရောက်ချိန်တွင် လေတိုက်နှုန်းမှာ မိုင် ၁၂၀ ခန့် ရှိမည်ဖြစ်ပြီး ဒီရေလည်း ဝင်ရောက်နိုင် သည်ဖြစ်ရာ ယာယီတဲ များ၌ နေထိုင်သူများ၊ အနိမ့်ပိုင်းဒေသနေ ပြည်သူများအတွက် အန္တရာယ် ရှိပါ ကြောင်း၊ ၎င်းတို့ကို ဦးစားပေးရွှေ့ပြောင်းပေးနေ ပါကြောင်း၊ မေ ၁၆ ရက်တွင် မုန်တိုင်းဝင်ရောက်မည်ဟု ခန့်မှန်းတွက်ချက်ထားသည့်အတွက် မေ ၁၃ ရက်မှ စတင် ၍ ရွှေ့ပြောင်းပေးနေပါကြောင်း၊ မော်တော် ယာဉ်များ၊ စက်လှေများဖြင့် ရွှေ့ပြောင်းပေးနေပါကြောင်း၊ ဦးစားပေးရွှေ့ပြောင်းမှု အနေဖြင့် ကလေးများ၊ အမျိုးသမီးများ၊ မိအိုဖအိုများ၊ နေထိုင်မကောင်း သူများကို ရွှေ့ပြောင်းပေးပါကြောင်း၊ တပ်မတော် တပ်ရင်းများရှိ အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ မုန်တိုင်းဒဏ်ခံနိုင် သည့် တောင်ကုန်းနေရာများ သို့ ရွှေ့ပြောင်းပေး ပါကြောင်း၊ ထိုသို့ ကယ်ဆယ်ရွှေ့ပြောင်းရာတွင် အဓိကအရေးကြီးသည့် အချက်မှာ အသက်မသေဆုံးသွားရန်မှာ အရေးကြီး အချက်ဖြစ်ပါကြောင်း ထို့ကြောင့် အမြန်ဆုံးရွှေ့ပြောင်းပေးရန် လိုအပ်ပါကြောင်း။

လုံခြုံရေး၊ စားသောက်ရေး၊ ကျန်းမာရေး အရေးကြီးပါကြောင်း၊ မုန်တိုင်းဖြတ်သန်းပြီးနောက် ကူညီကယ် ဆယ်ရေး ဆောင်ရွက်ပေးချိန်တွင် လူမျိုး/ ဘာသာမခွဲခြားဘဲ လူသားချင်း စာနာထောက်ထားပြီး လုပ် ဆောင်ရ မည်ဖြစ်ပါကြောင်း၊ ဒုက္ခရောက်နေသူ အားလုံး၏ အသက်အန္တရာယ် ကင်းရှင်းအောင် ဆောင် ရွက်ရန် လိုပါကြောင်း။

အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနှင့် အဖွဲ့သည် ယနေ့ မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ်သို့ သွားရောက်ပြီး အရေးပေါ် ကြိုတင်ပြင်ဆင်မှု လုပ်ငန်း များ ကြီးကြပ်ဆောင်ရွက်မည် ဖြစ်ကြောင်း၊ မုန်တိုင်း ကာလအတွင်း အမ်းတွင် အခြေပြု၍ အနီးကပ် ကူညီ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း။

အရေးပေါ်အခြေအနေတွင် ကူညီဆောင်ရွက်ရန် တပ်မတော်လေယာဉ်များ၊ ရဟတ်ယာဉ်များ အသင့် ပြင်ဆင်ထားပြီး ဖြစ်ပါကြောင်း၊ လွန်ခဲ့သည့် နှစ်က ရခိုင်ပြည်နယ် မောင်တောမြို့၌ မိုးသည်းထန်စွာ ရွာသွန်းရာတွင် မကွေးတိုင်းဒေသကြီးအတွင်း ရေဘေးကြုံတွေ့ရခြင်း ရှိခဲ့ကြောင်း၊ သို့ဖြစ်၍ မုန်တိုင်း အန္တရာယ် ကြိုတင်တွက်ဆ၍ ပြင်ဆင်ကာကွယ်ရန် လိုအပ်သည့် ညွှန်ကြားချက်များ ထုတ်ပြန်ထားပြီး ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားပြီး အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟို ကော်မတီအား ပြန်လည်ပြင်ဆင် ဖွဲ့စည်းမှု၊ ၎င်းဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များ၊ စီမံခန့်ခွဲမှု လုပ်ငန်း ကော်မတီဖွဲ့စည်းမှုနှင့် လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီအတွင်းရေးမှူး ဒုတိယ ဝန်ကြီး ဦးဘုန်းဆွေက သဘာဝဘေး ကာကွယ်ရေးအတွက် ကြိုတင် ပြင်ဆင် ဆောင်ရွက်ထားများမှုနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများက သက်ဆိုင်ရာ ဝန်ကြီးဌာနများအလိုက် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများဖြစ်သော ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအား ဘေးလွတ်ရာ သို့ ရွှေ့ပြောင်းရေး၊ ရိက္ခာကြိုတင် စုဆောင်းထားရှိရေး၊ ဆက်သွယ်မှု မပြတ်တောက်စေရေး၊ လျှပ်စစ်ဓာတ်အား ရရှိရေး၊ ထောက်ပံ့ပစ္စည်းများ ပို့ဆောင်ပေးရေး၊ အချိန်နှင့် တပြေးညီ သတင်းထုတ်ပြန်နိုင်ရေး၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို စီစဉ်ဆောင်ရွက် ထားရှိမှုနှင့် စပ်လျဉ်း၍ ဆွေးနွေး တင်ပြကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းများကို ပိုမိုပြည့်စုံစေရေး ဆက်လက်ဆောင်ရွက် သွားကြရန်၊ ရွှေ့ပြောင်း နေရာချထားရှိမှုနှင့် ပတ်သက်၍ ဥပဒေ နှင့်အညီ လုပ်ဆောင်ပြီး အောက်ခြေ အဆင့်ထိ နားလည် သဘောပေါက်အောင် ရှင်းလင်းပြောကြားရန်၊ နိုင်ငံတကာဆက်ဆံရေး၊ ပြန်ကြားရေး၊ ကျန်းမာရေး ဆပ်ကော်မတီများ ဖွဲ့စည်းပြီး လုပ်ငန်းများ စတင် ဆောင်ရွက်ရေး၊ နေရာချ ထားရာတွင်လည်း သူ့နေရာနှင့်သူအံဝင်ဂွင်ကျ ဖြစ်အောင် တာဝန်ရှိသူများက စနစ်တကျ စံမံဆောင်ရွက်သွားရန်၊ စားသောက်နေထိုင်ရေးအပြင် သန့်ရှင်းသော သောက်သုံးရေ ရရှိရေးနှင့် ကျန်းမာရေးကိုလည်း အလေးထားဆောင်ရွက် ကြရန်နှင့် လုပ်ဆောင်သင့်သည်များကိုအချိန်နှင့် တစ်ပြေးညီ လိုအပ်သည့် အဖွဲ့များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်သွားကြရန် မှာကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။