/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, May 15, 2013

.

ပြည်ထဲရေးဝန်ကြီးဌာနရှိ စာရေးဝန်ထမ်းများရဲတပ်ဖွဲ့ဝင်ဖြစ်ဖို့ရှိနေ



ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနအသီး သီး တို့တွင် တာဝန်ထမ်းဆောင် နေသော စာရေး ၀န်ထမ်းများအား ရဲ တပ်ဖွဲ့ဝင်အဖြစ်သို့ တာဝန်ထမ်း ဆောင်ရန်အတွက် ဆန္ဒများ တောင်းခံနေကြောင်း သိရှိရသည်။


ရဲတပ်ဖွဲ့တွင် အရပ်သားစာရေး ၀န်ထမ်းများ မထားရှိတော့ဘဲ ရဲ တပ်ဖွဲ့ဝင်များအဖြစ်သာ ထားရှိဖို့ တာ ၀န်ရှိသူများက ဖော်ဆောင် နေပြီး အရပ်သားစာရေးဝန်ထမ်း များက ရဲတပ်ဖွဲ့ဝင်များနှင့်အတူ ရုံးလုပ် ငန်း ဆိုင်ရာအလုပ်များ လုပ်ဆောင်နေပေမဲ့ ၎င်းင်းတို့အား အခြားသော ခံစားခွင့်ရိက္ခာများ ရရှိအောင်လို့ အခု လိုတပ်ဖွဲ့ဝင် အဖြစ်သို့ ပြောင်းလဲဖို့လုပ်ဆောင် ရတာဖြစ်ကြောင်းကို အဆိုပါ စာရေးဝန်ထမ်းများအား တာဝန်ရှိသူများမှ ရှင်းပြလျက်ရှိကြောင်း၊ လက်ရှိရဲတပ်ဖွဲ့အသီးသီးတွင် တာဝန်ထမ်းဆောင်နေသော အောက်တန်းစာရေး၊ အထက်တန်းစာရေးဌာနခွဲစာရေး၊ ရုံးအုပ် အစရှိသူများကို တပ်ကြပ်ကြီး၊ အရာခံဗိုလ်၊ ဒုရဲအုပ် ၊ ရဲအုပ်အထိ သက်ဆိုင်ရာသင်တန်းများတက် ရောက်ပြီး ရာထူးများပေးမည်ဟု ထွက်ပေါ်နေသော် လည်းနောက် ပိုင်းတွင် တပ်ကြပ်ကြီးနှင့် ဒုရဲ အုပ်အဆင့်သာပေးတော့မည်ဟု သတင်းများလည်း ထွက်ပေါ် နေ ပြီး တပ်ဖွဲ့ဝင်အဖြစ် မလုပ်ဆောင် နိုင်ပါက ဌာနပြောင်းရွှေ့ပေး မည်။

ဌာနပြောင်းရွှေ့ခြင်းမရှိ လျှင်လည်း ထွက်နိုင်သည်ဟု ပြောဆိုနေခြင်းကြောင့် မြန်မာ နိုင်ငံရဲတပ်ဖွဲ့ ရဲဌာန အသီးသီးတွင် စာရေးအဖြစ်တာဝန်ထမ်းဆောင် နေသော ၀န်ထမ်း ၁၄၀၀ ကျော် တို့ စဉ်းစားရမည့် အရေး နှင့် ကြုံ တွေ့နေရပြီး ရဲမလုပ်လျှင် ထွက် ရမည်ဟုဆိုသော ပုံစံမျိုးဖြစ်နေ ခြင်းကို ၀န်ထမ်းအများစုက အစ ကတည်းက စာရေးလုပ်ချင်လို့ ဘွဲ့ရပြီး စာရေးအလုပ်ကိုပဲ လျှောက်လွှာတင်ပြီးလုပ်လာတာ ရဲလုပ်ချင် မှ တော့ အစကတည်း က ရဲတပ်ဖွဲ့ဝင်အဖြစ်ပဲ လျှောက် မှာပေါ့။ အခုတော့ လုပ်သက် ကလည်း များနေပြီး ရဲမလုပ်ချင် လျှင် ဌာနပြောင်းပေးမယ်ဆို တော့ ကျန်တဲ့ဝန်ကြီးဌာနတွေ ကလည်း သူ့နေရာနှင့်သူ ပြည့် နေတာကြောင့် တော်တော်လေး ကို စဉ်းစားရမယ့်အကျပ်အတည်း မျိုးတွေနဲ့ ဖြစ်နေလျက်ရှိကြောင်း သိရှိရ သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ တွင်လိုနေသောအင်အားကို စာရေးအင်အားနှင့် ဖြည့်ဆည်းလျှင်လည်း မိမိတို့ ၀န်ထမ်း များ၏ လုပ်သက်ရာထူးများအလိုက် ရဲ တပ်ဖွဲ့ဝင်၏ အဆင့်အတန်း အလိုက်လည်း ရာထူးများပေး လျှင်တော့ စဉ်းစားသင့်ကြောင်း အခြားသော ပြည်ထဲရေးဝန်ကြီး ဌာနလက်အောက် လက်နက်ကိုင် အဖွဲ့ အစည်းဖြစ်တဲ့ (စစစ)အကျဉ်း ဦးစီးဌာနများတွင်လည်း ပြီးခဲ့ သည့်နှစ်က စာရေးဝန်ထမ်းများ ကို တပ်ဖွဲ့ ၀င်အဖြစ် ပြောင်းလဲ ခဲ့ကြောင်း သိရှိရသည်။

Hot News Weekly

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။