/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, May 15, 2013

.

ဒုတိယသမ္မတ ဦးဥာဏ်ထွန်း စစ်တွေမြို့ နေရာချထားမှုများ ကြည့်ရှု



ဒုတိယသမ္မတ ဦးဥာဏ်ထွန်း သဘာဝဘေး အန္တ ရာယ် ကြိုတင်ပြောင်းရွှေ့ နေရာချထားမှုများ ကြည့် ရှု စစ်ဆေးရန်စစ်တွေမြို့သို့ ရောက်ရှိအမျိုး သား သဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟို ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဥာဏ်ထွန်း သည် စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီဝင်များလိုက်ပါ လျက် ရခိုင်ပြည်နယ် အမ်းမြို့တွင် အခြေပြုကာ လုပ်ငန်း များ ဆောင်ရွက်ရန်နှင့် သဘာ ဝ ဘေး အန္တရာယ် ကြိုတင်ပြောင်းရွှေ့ နေရာချထားမှုများ ကြည့်ရှုစစ် ဆေးရန် ယနေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် မြန်မာ့လေကြောင်း အထူးလေ ယာဉ်ဖြင့် နေပြည်တော်မှ စစ်တွေမြို့သို့ ရောက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များက စစ်တွေလေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြပြီး လေဆိပ် ဧည့်ခန်းမဆောင်၌ သဘာဝဘေး ကြိုတင် ကာကွယ် ရေး လုပ်ငန်းများ ဆောင်ရွက် ထားရှိမှုကို ရှင်းလင်းတင်ပြသည်။


ယင်းနောက် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနှင့် အဖွဲ့ဝင်များသည် စစ်တွေမြို့ပေါ် ရပ်ကွက်များအ နက် ဘေးအန္တရာယ် ကျရောက်နိုင်သည့် ရပ်ကွက်များမှ ဒေသခံပြည်သူ များနှင့် ဘေးဒုက္ခရောက်နေ ကြသူများ အား ရွှေ့ပြောင်းနေရာချထားပေးသည့် မဟာဇေယျသိဒ္ဓိ အဓိဋ္ဌာန်ကျောင်းတိုက်ရှိ ပလ္လင်ပြင်ရွာမှ သဘာဝ ဘေးသင့် ပြည်သူ များအားလည်းကောင်း၊ စစ်တွေမြို့ရှိ နယ်မြေခံလျှပ်စစ်နှင့် စက်မှုအင်ဂျင်နီ ယာတပ်ရင်း အလုပ်ရုံရှိ သဘာဝဘေးသင့် ပြည်သူများအား လည်းကောင်း၊ ဒါးပိုင်ရွာ အနီးရှိ ကယ်ဆယ်ရေး စခန်းမှ ဒုက္ခသည်များအား တပ်မတော်မော်တော်ယာဉ်များဖြင့် သဘာဝဘေးလွတ်ရာ ဒေသများသို့ ပြောင်းရွှေ့ ပေးနေမှုကိုလည်းကောင်း လှည့်လည် ကြည့်ရှုစစ်ဆေးပြီး သဘာဝဘေးသင့် ပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံ အားပေးသည်။

ထိုမှတစ်ဆင့် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းသည် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် မုန်တိုင်းဒဏ်ကြိုတင် ကာကွယ်ရေး အစည်းအဝေးသို့ တက်ရောက်ရာ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ထိရောက် စွာ ဆောင် ရွက်နိုင်ရန် ကော်မတီများ ဖွဲ့စည်းထားရှိမှု၊ သဘာဝဘေးသင့် ပြည်သူများအားပြောင်းရွှေ့နေရာ ချထားပေးမှုနှင့် အသင့်ပြင်ဆင်ထားမှုများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းက အမှာစကားပြောကြားရာတွင် သဘာဝဘေးအန္တရာယ် ရင်ဆိုင်ဖြေရှင်းရာ၌ အန္တရာယ်လျော့ပါးစေရန်အတွက် ကြိုတင် ကာကွယ်ခြင်း၊ ကြိုတင် ပြင်ဆင်ခြင်း၊ အလျင်အမြန် တုံ့ပြန်ဆောင်ရွက်ခြင်း၊ ပြန်လည်ထူထောင်ခြင်း အဆင့်များကို စနစ်တကျဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ် ကျရောက်နိုင်ခြေ ရှိသည့် ဒေသများရှိ ဒေသ ခံပြည်သူများအား ရွှေ့ပြောင်းနေရာချထားရာတွင် ထိခိုက်မှုအများဆုံး ဖြစ်နိုင်သည့် အားနည်းသော နေ ရာများအား ဦးစားပေးရွှေ့ပြောင်းရန် လိုအပ်ကြောင်း၊ သဘာဝဘေး အန္တရာယ်ကို တားဆီး၍မရနိုင်သော် လည်း သတိရှိစွာဖြင့် လုပ်သင့်သည်များကို ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားရန်နှင့် အားလုံး ညီညွတ်စွာ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် သဘာဝဘေးအန္တရာယ် စိန်ခေါ်မှုကိုရင်ဆိုင်ဖြေရှင်း အနိုင်ယူသွားရမည် ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ နိုင်ငံတော်မှ ကြိုတင်ပြင်ဆင် ဆောင် ရွက်ပေးနေ မှုများနှင့် ပြည်နယ်အစိုးရ အဖွဲ့မှ ဆောင်ရွက်သင့် သည်များကို ဆွေးနွေးမှာကြားပြီး ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနှင့် အဖွဲ့သည် ညနေပိုင်းတွင် စစ်တွေမြို့မှ အမ်းမြို့သို့ ပြန်လည် ရောက်ရှိကြသည်။

http://www.president-office.gov.mm/zg/briefing-room/news/2013/05/14/id-3346

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။