/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, May 15, 2013

.

စံကောင်း ပီနံအိတ် စက်ရုံမှ လုပ်သား ၄၉ ဦးကို အလုပ်ထုတ်ပစ်သောကြောင့် လုပ်သား ၁၀၀၀ ကျော်က အလုပ်သမားအခွင့်အရေး တောင်းဆိုမှုများ ဆက်လက်ပြုလုပ်နေ



လှိုင်သာယာမြို့နယ်၊ ငွေပင်လယ် စက်မှုဇုန် စံကောင်းပီနံအိတ်စက်ရုံမှ အလုပ်သမား ၄၉ ဦးကို အလုပ် ထုတ် ပစ်သောကြောင့် လုပ်သား ၁၀၀၀ ကျော်က အဆိုပါ စက်ရုံသို့ အလုပ် သမား အခွင့်အရေးများကို တောင်း ဆိုနေကြောင်း သိရသည်။


အဆိုပါ တောင်းဆိုမှုကို မေ ၁၁ ရက်မှ စတင်ပြုလုပ်ခြင်းဖြစ်ပြီး ၁၄ ရက် မွန်းလွဲပိုင်းအထိ ပြုလုပ်နေခြင်း ဖြစ် ကာ အလုပ်ချိန်အတိုင်းဖြစ်သော နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ တောင်းဆိုမှု ပြုလုပ်သွားမည် ဖြစ် ကြောင်း စံကောင်းပီနံအိတ် စက်ရုံ အခြေခံ အလုပ်သမား သမဂ္ဂမှ ဥက္ကဌ ကိုဝင်းထွန်းအောင် က ဆို သည်။

"ကျွန်တော်တို့ အဓိက သုံးခုတောင်းဆိုမယ်။ အကြောင်းမဲ့ ထုတ်ပစ်လိုက်တဲ့ အလုပ်သမား ၄၉ ယောက်ကို မူလရာထူးနဲ့ ပြန်ခန့်အပ်ဖို့၊ အလုပ်သမား သမဂ္ဂ တရားဝင် ရှိနေတာကို အလုပ်သမား သာယာရေးဖွဲ့ပြီး မြူဆွယ်ခြိမ်းခြောက်တာတို့ ချက်ချင်းရပ်ဆိုင်းပေးဖို့၊ အလုပ်ရှင်တွေ အနေနဲ့ ကျွန်တော်တို့ သမဂ္ဂကို လိုလို လားလားနဲ့ ပူးပေါင်းဆောင်ရွက်ပေးဖို့တို့ ဖြစ်တယ်" ဟု ဆိုသည်။

စံကောင်းပီနံအိတ်စက်ရုံ ချုပ်/ထမ်း ဌာနမှ အလုပ်သမား ၄၉ ဦးသည် အခြားဌာနများထက် ပင်ပန်းစွာ လုပ်ဆောင်ရသောကြောင့် လက်ရှိရရှိနေသော လစာကို ကျပ် ၅၀၀၀ ထပ်မံတိုးပေးရန် ဧပြီ ၂၅ ရက်တွင် တောင်းဆိုခဲ့သည်။

ထိုသို့ တောင်းဆိုခဲ့သောကြောင့် ဧပြီ ၂၇ ရက်တွင် အလုပ်ထုတ်စာကို ထုတ်ပြန်ခဲ့ပြီး စက်ရုံတွင်း ဆူပူ အောင်ပြုလုပ်ခြင်း ဥပဒေနှင့် မလျော်ကန် ပြုခြင်းတို့ကြောင့် ၄၉ ဦးကို ပုဒ်မ ၄၀ တပ်ကာ အလုပ်ထုတ် ခဲ့သည်။

အလုပ်သမားများသည် အလုပ်ဆင်းမှု ရပ်တန့်ပြီး စက်ရုံရှေ့တွင် လိုလားချက်များ မရမချင်း တောင်းဆို မည်ဖြစ်ကြောင်း စက်ရုံတွင် အလုပ်သမား ၁၈၀၀ ခန့်ရှိကြောင်း သိရသည်။ စံကောင်းပီနံအိတ် စက်ရုံသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်ခဲ့ရာ တာဝန်ယူ ဖြေမည့်သူ မရှိ၍ မဖြေနိုင်ကြောင်း ပြန်လည်ဖြေဆိုခဲ့သည်။

Eleven Media Group

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။