/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, August 19, 2013

.

အိန်္ဒိယနိုင်ငံ ဗုဒ္ဓဂယာဗုံးပေါက်ကွဲမှု သံသယရှိသူနှစ်ဦးကို ထပ်မံဖမ်းဆီး



အိန်္ဒိယနိုင်ငံ ဗုဒ္ဓဂယာဝင်းအတွင်း ဇူလိုင်လ ၇ ရက်က ဗုံးကိုးလုံးပေါက်ကွဲခဲ့မှုအတွက် သံသယရှိသူ နှစ်ဦးကို အိန်္ဒိယအမျိုးသားစစ်ဆေးရေး အေဂျင်စီ NIAက သြဂုတ်လ ၁၇ရက်တွင် ဖမ်းဆီးလိုက်သည် ဟု အိန်္ဒိယနိုင်ငံ အခြေစိုက် Zeenews သတင်း ဌာန၏ အင်တာနက်စာမျက်နှာတွင် ဖေါ်ပြသည်။


ဖမ်းဆီးခြင်းခံရသူနှစ်ဦးမှာ အိန်္ဒိယနိုင်ငံဘီဟာရှိ Darbhanga ဒေသမှ ဖြစ်ပြီး အစောပိုင်းကလည်း ဟိန္ဒူ ဘုန်းတော်ကြီးတစ်ပါးဖြစ်သည့် Arup Brahmachari အား NIA မှ ဗုံးပေါက်ကွဲမှုနှင့် ဆက်စပ်သည် ဟုဆိုကာ ဖမ်းဆီးခဲ့သေးသည်။ သူသည် ဗုဒ္ဓဂယာတွင် လာရောက်နေထိုင်နေသည့် အနောက် ဘင်္ဂလား ပြည်နယ် သား တစ်ဦးဖြစ်သည်။

ဗုဒ္ဓဂယာရှိ မဟာဗုဒ္ဓ၀ီ ဘုရားကျောင်းတွင် ဗုံးများရှေ့ဆင့်နောက်ဆင့် ပေါက်ကွဲခဲ့ပြီး ဘုန်းတော်ကြီးနှစ်ပါး ဒဏ်ရာ ရခဲ့သည်။ ဘုရားကျောင်း ပရ၀ုဏ်အတွင်းတွင် ဗုံးဆယ်လုံးခန့် တစ်ဆက်တည်းပေါက်ကွဲခဲ့ပြီး မပေါက်ကွဲဘဲ ကျန်ရှိခဲ့သည့်သုံးလုံးအား ကျောင်းဝင်းအတွင်းမှ တွေ့ရှိခဲ့သည်။

ဗုံးဖောက်ခွဲရာတွင် အသုံးပြုသည့် နာရီများကို Guwahati ရှိ ဆိုင်တစ်ဆိုင်မှ ၀ယ်ယူခဲ့ခြင်း ဖြစ်ပြီး ယင်းတို့အား Gujarat ရှိ Rajkotတွင် ထုတ်လုပ်သည်ဟုရဲများမှ ထုတ်ဖော်ပြောကြားထားသည်။ အဆိုပါ ဗုံးပေါက် မှုအတွက် အိန်္ဒိယနိုင်ငံ၊ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံတို့ရှိ ဗုဒ္ဓဘာသာဝင်တို့က ကန့်ကွက် ဆန္ဒပြခဲ့ ကြသည်။

Mizzima

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။