/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, August 19, 2013

.

နိုင်ငံရေးခေါင်းဆောင်များအကြား အထင်အမြင်လွဲမှားစေနိုင်သော ပြောကြားချက်များ သတိပြုသင့် ဟု နိုင်ငံတော်သမ္မတရုံးမှ ပြောကြား



သြဂုတ်လ ၅ ရက်နေ့ ထုတ် Mess enger သတင်းစာ၊ စာမျက်နှာ(၉)တွင်“နိုင်ငံတော်သမ္မတနှင့် ကာချုပ် အမည်ကို သုံး၍ ရွှေနံ့သာရပ်ကွက်၌ လယ်မြေသိမ်းဆည်းမှုများ ဖြစ်ပွား လျက်ရှိ” သတင်းခေါင်းစဉ်ဖြင့် ဖော်ပြ ပါရှိခဲ့သော သတင်းနှင့်စပ်လျဉ်း၍ နိုင်ငံတော် သမ္မတရုံး အကြီးတန်း အရာရှိ တစ်ဦးအား ဆက်သွယ် မေးမြန်း ခဲ့ရာ လွှတ်တော် ကိုယ်စား လှယ် ဦးစိန်ဝင်း၏ ပြောကြားချက်မှာ မှားယွင်းနေကြောင်း၊ ကုမ္ပဏီများက နေပြည်တော်ခရိုင်၊ရွှေနံ့သာရပ်ကွက် တွင်ဧက(၁၄၀)ကျော် လျော်ကြေးမပေးဘဲ သိမ်းဆည်း ရာတွင်နိုင်ငံတော်သမ္မတနှင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့၏ အမည်ကိုသုံး၍ဆောင်ရွက် နေ သည်ဟု ဖော်ပြထားသည်မှာ နိုင်ငံတော်သမ္မတနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တို့အပေါ် အထင် အမြင်လွဲမှားမှုများ ဖြစ်ပေါ်စေနိုင်ကြောင်းရှင်းလင်း ပြောကြားခဲ့သည်ကို The Messengerဂျာနယ်No.13 သြဂုတ်လ၁၉ရက်နေ့ထုတ်သတင်းစာတွင်ဖော်ပြထားသည်ကိုတွေ့ ရသည်။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။