/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, August 19, 2013

.

တစ်ရက်လျှင် စက်သုံးဆီ တန်ချိန် ၁၆ သိန်းခန့် ပြည်တွင်းသို့ တရားမ၀င် ၀င်ရောက်

ပြည်တွင်း၌ အဆင့်မြင့် ဓာတ်ဆီ၊ ဒီဇယ်ဆီများ ရောင်းချနေသော်လည်း တရားဝင်လိုင်စင် လျှောက်ထားမှု နည်းပါးနေသေးကြောင်း နှင့် မော်တော်ယာဉ်များ တစ်ရက် စက်သုံးဆီ နှစ်ဂါလန်နှုန်း၊ မော်တော်ဆိုင်ကယ်၊ သုံးဘီးယာဉ်နှင့် ထော်လာဂျီများတွင်တစ်ရက်သုံးစွဲသည့် စက်သုံးဆီကို နှစ်လီတာနှုန်း တွက်ချက်ပါက တစ်ရက်လျှင် စက်သုံးဆီ တန်ချိန် ၁၆သိန်းခန့် ပြည်တွင်းသို့ တရားမ၀င် ၀င်ရောက်နေကြောင်း ကူးသန်းရောင်းဝယ်ရေး နှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ၉-၈-၂၀၁၃ရက် တွင် ပြောကြားသည်။


''နိုင်ငံမှာ ဓာတ်ဆီ၊ ဒီဇယ်ဆီ သုံးစွဲမှုနဲ့ တင်သွင်းမှု နှိုင်းယှဉ်လိုက်ရင်ပဲ ဖြစ်ဖြစ်၊ဆိုင်တွေမှာ ရောင်းနေတဲ့ ဓာတ်ဆီ၊ ဒီဇယ်ဆီကိုပဲ ယှဉ်လိုက်ရင် ဖြစ်ဖြစ် ကျွန်တော်တို့ဆီကို လာလျှောက်တာတွေက ရိုးရိုးဓာတ်ဆီ၊ ဒီဇယ်ဆီတွေပဲ ဖြစ်နေတယ်၊ အဆင့်မြင့်ဆိုတာက ရှားတယ်၊ အပြင်မှာတော့ ဘယ်ဆိုင်ပဲ သွားလိုက် သွားလိုက် အဆင့်မြင့် ဘယ်ဓာတ်ဆီ၊ ဒီဇယ်ဆီ လိုချင်သလဲ ကြိုက်သလောက်ဝယ် လို့ရတယ်၊ ဒါကို ကြည့်ရင်ဘယ် လောက်တောင် တရားမ၀င် စက်သုံးဆီ တင်သွင်းတာတွေက ဖြစ်နေသလဲ ဆိုတာ သိနိုင်တယ် '' ဟု ယင်းက ပြောကြားသည်။ 

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ဓာတ်ဆီ၊ ဒီဇယ်ဆီ ဂါလန် ၃၉၀၀သိန်း(တန်ချိန် ၁၄သိန်းကျော်) တင်သွင်းခဲ့သော်လည်း အဆိုပါ ယာဉ်လေးမျိုးတွင် အသုံးပြုခဲ့သည့် စက်သုံးဆီ ဂါလန်သည် ဂါလန် ၄၃၅၆ သိန်း ဖြစ်နေကြောင်း သိရသည်။ ယင်းတို့တွင် ပြည်တွင်း၌ အသုံးပြုနေသည့် ရေယာဉ်များ၏ သုံးစွဲမှု ထည့်သွင်းနိုင်ခြင်းနှင့်အိမ်သုံး၊စက်မှုသုံးမီးစက်များ၏သုံးစွဲမှုထည့်သွင်း နိုင်ခြင်း မရှိသေးကြောင်း သိရသည်။ 

စက်သုံးဆီ လျှောက်ထားတင်သွင်းမှုတွင် ရိုးရိုးဓာတ်ဆီ၊ ဒီဇယ်ဆီ လျှောက်ထားမှု ရှိသော်လည်း အဆင့်မြင့် ဓာတ်ဆီ(92 Ram, 95 Ram)များ၊အဆင်မြင့် ဒီဇယ်ဆီများ လျှောက်ထားမှုမှာ နည်းပါးနေသေးကြောင်း ထို့ကြောင့် စက်သုံးဆီ တင်သွင်းမှုနှင့် သုံးစွဲမှု အချိုးမညီဘဲ ပမာဏ ကြီးမားစွာ လျော့နည်း နေသေး ကြောင်း သိရသည်။

SMG

Credit : http://www.oppositeyes.info/2013/08/blog-post_7056.html

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။