/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, August 19, 2013

.

ရန်ကုန်မြို့တွင်း BRT စနစ်အတွက် မေတ္တာလှိုင်း မော်တော်ယာဉ်အသင်းမှ အမေရိကန်ဒေါ်လာ ခုနစ်သန်း ရင်းနှီးမြှုပ်နှံမည်ဟု အစိုးရသို့ အဆိုပြုတင်ပြထား

ရန်ကုန်မြို့တွင်း BRT( Bus Rapid Transit ) စနစ်ဖြင့် စတင်ပြေးဆွဲရန်အတွက် မေတ္တာလှိုင်း မော်တော် ယာဉ်အသင်းမှ နိုင်ငံတော် အစိုးရနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ အဆိုပြုချက် တင်ပြထားပြီး အမေရိကန်ဒေါ်လာ ခုနစ်သန်း ရင်းနှီးမြှုပ်နှံ သွားမည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် သြဂုတ် ၁၇ ရက် ဆီဒိုးနား ဟိုတယ်၌ ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် Omni Focus Co.,Ltd မှ မန်နေဂျင်းဒါရိုက်တာ ဦးကျော်သီဟက ပြောကြားခဲ့သည်။


"ကျွန်တော်တို့က ရန်ကုန်တိုင်းဒေသကြီးမှာ ပြုလုပ်မယ့် BRT(Bus Rapid Transit) စနစ်မှာ ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုအနေနဲ့ ပူးပေါင်းပါဝင်ဖို့ နိုင်ငံတော် အစိုးရကို အဆိုပြုချက် တင်ပြထားတာ ဖြစ်ပါတယ်။ အစိုးရခွင့်ပြုချက် ရရင်တော့ အမြန်ဆုံး အကောင်အထည်ဖော်သွားဖို့ စီစဉ်ထားပါတယ်" ဟု မန်နေဂျင်း ဒါရိုက်တာ ဦးကျော်သီဟက ပြောကြားခဲ့သည်။

မေတ္တာလှိုင်း မော်တော်ယာဉ်အသင်း အနေဖြင့် BRT (အမြန်သယ်ယူ ပို့ဆောင်ရေးစနစ်) စတင်ပြေးဆွဲ ရာတွင် ဘတ်(စ်)ကားအစီးရေ ၈၀ ကို စီစဉ်ထားပြီး အရံအဖြစ် ဘတ်(စ်)ကား ၁၂ စီးကို ပြေးဆွဲရန် စီစဉ်ထားပြီး ယင်း ဘတ်(စ်)ကားများတွင် GPS စနစ် တပ်ဆင်သွားမည်ဖြစ်ကာ လုံခြုံရေး ကင်မရာများ လည်း ပါရှိမည်ဖြစ်ကြောင်း သိရသည်။

"BRT စနစ်နဲ့ ပြေးဆွဲတဲ့နေရာမှာ လူတစ်ဦးအတွက် ယာဉ်စီးခကို ကျပ် ၄၀၀ သတ်မှတ်ထားပါတယ်။ ဘယ် မှတ်တိုင်ကပဲစီးစီး ကျပ် ၄၀၀ ပဲ ဖြစ်ပါတယ်" ဟု ယင်းကဆက်လက် ပြောကြားခဲ့သည်။

အမြန်သယ်ယူ ပို့ဆောင်ရေးစနစ် စတင်ပြေးဆွဲရာတွင် သုံးမိနစ်လျှင် ယာဉ်တစ်စီးနှုန်းဖြင့် မနက်ခုနစ်နာရီ မှ ညခုနစ်နာရီ အတွင်းပြေးဆွဲ သွားမည်ဖြစ်ပြီး ခရီးသည် အတင်အချကို တစ်မိနစ်မှ နှစ်မိနစ်အတွင်း သတ်မှတ်ထားကြောင်း သိရသည်။ 

အဆိုပါကားများ ပြေးဆွဲရာတွင် အောင်မင်္ဂလာ အဝေးပြေး ၆ ကွေ့မှ ကန်သာယာလမ်းဆုံအထိ ပြေးဆွဲ သွားမည်ဖြစ်ပြီး မှတ်တိုင်ပေါင်း ၃၉ မှတ်တိုင်ရှိပြီး ခရီးမိုင်အကွာအဝေး ၂၃ဒသမ ၄၅ ရှိကြောင်း သိရသည်။

သတင်း Eleven Media Group

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။