/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, August 19, 2013

.

မွေးရာပါရောဂါဖြင့် ခွဲစိတ်ကုသရန်လိုအပ်နေသော တိုင်းရင်းသားကလေးငယ်လေး အကူအညီလိုအပ်နေ



ဒီတစ်လသားလေးကတော့ တကယ်ကိုကံဆိုးရှာသူ လေးပါ။ မိခင်ဖြစ်ဖြစ်သူမချိုပြုံးသူ့ကို မွေးဖွားစဉ်က မွေးရာပါ စအိုကြီးနေတာကြောင့် အရပ်လက်သည်က မမွေးဖွားရဲတော့ တာကြောင့် ကလေးကိုယ်တပိုင်း ထွက်တန်းလန်းနဲ့ ရွာငံဆေးရုံကို ထော်လာဂျီနဲ့ ပြေးရ တာပါ။ ရွာငံဆေးရုံမှာ မွေးဖွားပြီးပေမယ့် မွေးရာပါ စအိုကြီးတာက ပိုဆိုးရွှားလာတာကြောင့် ရွှာကလူတွေ စုဆောင်းပေးလိုက်တဲ့ ငွေလေးနဲ့ မန္တလေးဆေးရုံကို လာတက်ကြတာပါ။ ကလေးဟာခွဲစိတ်ဖို့လိုအပ်နေပြီး မိဘတွေက ငွေကြေးမတတ်နိုင်တာကြောင့် အခက် အခဲ ဖြစ်နေရပါတယ်။ မိဘတွေကတော့အဖေ ကိုအောင်ဆန်းဝင်း အမေ မချိုပြုံးပအိုဝ် တိုင်းရင်းသား တွေပါ။ နေတာကတော့ ရွှာငံမြို့နယ် လက်ပံပင် ကျေးရွှာဖြစ်ပါတယ်။ ကလေးငယ်ဟာ မန္တလေး ကုတင် ၅၅၀ဆန့် ကလေးဆေးရုံသစ် ခွဲစိတ်ရုံ(၂) မှာ တက်ရောက် ကုသနေပါတယ်။

ကလေးငယ်အတွက်ဆက်သွယ်လှူဒါန်းလိုတယ်ဆိုရင်တော့ မန္တလေးမြို့ ကုတင်၅၀၀ ကလေးဆေးရုံ ခွဲစိတ်ရုံ(၂) သို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း မေတ္တာရှေ့ထားပြီး တင်ပြပေးလိုက်ရပါသည်။

Credit : http://www.oppositeyes.info/2013/08/blog-post_650.html

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။