/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, August 19, 2013

.

အစိုးရအနေဖြင့် အုပ်ချုပ်ရေး ယန္တရားကို ပြင်ဆင်နေပြီး စနစ်ဟောင်းမှ အကျင့်ဟောင်းများကို မပြင်သည့် အုပ်ချုပ်ရေး အဖွဲ့အစည်းများကို တိုင်ကြားရန် ဖိတ်ခေါ်

အစိုးရအနေဖြင့် အုပ်ချုပ်ရေး ယန္တရားကို ပြင်ဆင်နေပြီး စနစ်ဟောင်းမှ အကျင့်ဟောင်းများကို မပြင်သည့် အုပ်ချုပ်ရေး အဖွဲ့အစည်းများကို တိုင်ကြားရန် ဖိတ်ခေါ်သည်ဟု သမ္မတရုံး ၀န်ကြီးဌာန (၃) ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်းက ပြောကြားသည်။


သြဂုတ် ၁၇ ရက်က ရန်ကုန်မြို့ရှိ Myanmar Peace Center တွင် ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတော်သမ္မတ ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး စီမံကိန်းအတွက် ပြည်ထောင်စု အစိုးရအဖွဲ့ ၀န်ကြီးများနှင့် INGO များ၊ NGO များမှ တာဝန်ရှိသူများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ပညာရှင်များ တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာ့လူမှု ဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်အဖွဲ့မှ ဦးနေမျိုးဇင်၏ တင်ပြတောင်းဆိုမှုကို ပြည်ထောင်စုဝန်ကြီး ဦးစိုး သိန်းက ပြန်လည်ဖြေကြားစဉ် ယခုကဲ့သို့ ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ဦးနေမျိုးဇင်က "အခုဆင်းရဲမွဲတေမှု လျှော့ချပပျောက်ရေးဟာ အခြေခံ လူတန်း စား ဘ၀ တိုးတက်ရေးအတွက် ပြောကြဆိုကြ ဆွေးနွေးကြတာဟာ ပျက်စီးနေတဲ့ ကားတစ်ခုကို ပြင်ဖို့ ကြိုးစား နေကြတာပါ။ ပျက်စီးနေတဲ့ကားကို ပြင်တာလည်းလုပ်ပါ ကားပျက်အောင် ဖြစ်နေစေတဲ့အကြောင်း အရာတွေလည်း ပြင်ဖို့လိုလိမ့်မယ်။ စနစ်ဟောင်းက အကျင့်ဟောင်းတွေ မပြင်နိုင်တဲ့ စရိုက်ခေါက် ရိုးကျိုး နေတဲ့ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေ အောက်ခြေမှာ ပြည်သူလူထုကို ဖိနှိပ်နေတာတွေ တရားမဲ့ပြုကျင့်ပြီး နိုင့်ထက်စီးနင်း မြေသိမ်းဆည်း ခံရတာကြောင့် မြေယာမဲ့ဘ၀နဲ့ အနာဂတ် ပျောက်နေတဲ့ တောသူတောင် သားတွေ၊ ဒီဘ၀တွေကို အလေးထားစဉ်းစား ကယ်ဆယ်နိုင်မှ သူတို့တွေကို ဆင်းရဲမွဲတေမှု ပပျောက်ရေးဆို တာ အကောင်အထည်ပေါ်မှာ ဖြစ်ပါတယ်" ဟု ပြောကြားသည်။

အစိုးရအဖွဲ့ အနေဖြင့် လက်ရှိဖြစ်နေသည့် ပကတိ အခြေအနေများကို ကွင်းဆင်းကြည့်ရှုပြီး အခြေအနေ အမှန်ကို အခြေပြုသော သုံးသပ်ချက်များ ထုတ်နုတ်ပြင်ဆင်မှုများ လုပ်နိုင်မှ အောင်မြင်နိုင်မည်ဟု ဆွေးနွေး မှု ပြုလုပ်ခဲ့သည်။

"အုပ်ချုပ်ရေး ယန္တရားကို ပြင်ဆင်ပြောင်းလဲပေးပါ။ အထူးသဖြင့် ပြည်သူလူထုကို အနီးကပ် ဖိနှိပ်အုပ်ချုပ် နေ ဆဲဖြစ်တဲ့ ပြည်ထဲရေးဝန်ကြီးဌာန အပါအ၀င် အုပ်ချုပ်ရေး ယန္တရားတွေကို ပြင်ဆင်ပြောင်းလဲပေးပါလို့ အလေးအနက် တိုက်တွန်းတောင်းဆိုပါတယ်" ဟု ဦးနေမျိုးဇင်က တင်ပြဆွေးနွေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကလည်း "ကိုနေမျိုးဇင်ပြောတဲ့ ကိစ္စမှာလည်း ယခုအချိန်မှာ ကျွန်တော်တို့ လူမှုအသိုင်းအ၀ိုင်း ဖွံ့ဖြိုးမှု လုပ်နေပါတယ်။ လုပ်တော့ပိုနားလည်လာတယ်။ အုပ်ချုပ်ရေး ယန္တရားကလည်း ပြင်နေပါပြီ။ ကျွန်တော်လိုက်ဟော နေပါတယ်။ မြို့နယ်ပေါင်း ၃၅၀ ကို လိုက်ပြီးဟောနေပါတယ်။ ကိုယ်လို ချင်တာ မလုပ်နဲ့ သူတို့လိုချင်တာ လုပ်ပါ။ သူတို့လိုချင်တာနဲ့ ကိုယ်လိုချင်တာလွဲရင် ကိုယ်ကတည့်ပေး ရ မှာပေါ့။ ပြောပေးရမှာပေါ့။ ဒါတော့စိတ်ရှည်ရှည် ပြောရမှာပေါ့။ ခင်ဗျားတို့ရဲ့ တိုင်ကြားမှု၊ ပြောဆိုမှု၊သတင်း ပေးမှုတွေကို ကျွန်တော်တို့ ဖိတ်ခေါ်တယ်။ ဒါမှ ကျွန်တော်တို့လည်းသိမှာ။ အရင်တုန်းက ကွဲပြားခြားနား တာတွေ ရှိသော်လည်း အခုမရှိတော့ပါဘူး" ဟု ပြန်လည်ဆွေးနွေး ပြောကြားသည်။

ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေသော်လည်း နှစ်ပေါင်း ၆၀ ၀န်းကျင် ဖြတ်သန်းခဲ့ရသည့် စနစ်ကို ပြုပြင်နေ ရခြင်း ဖြစ်သောကြောင့် စိတ်ရှည်သည်းခံရန် ဦးစိုးသိန်းက ပြောကြားသည်။

သြဂုတ် ၁၇ ရက်က ကျင်းပခဲ့သည့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး စီမံကိန်းအတွက် ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်သော ဦးအောင်မင်း၊ ဦးစိုးသိန်းနှင့် ဦးအုန်းမြင့်တို့ တက်ရောက်ခဲ့ကြသည်။

Eleven Media Group

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။