/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, August 19, 2013

.

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် RSO အဖွဲ့နှင့် မြန်မာလုံထိန်းတပ်တို့ တိုက်ပွဲဖြစ်ပွားသည်ဆိုသည့် သတင်းမှာ မဟုတ်မှန်ကြောင်း ခရိုင်ရဲတပ်ဖွဲ့ ငြင်းဆို



ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် နယ်ခြားမှတ်တိုင် အမှတ် ၅၄ နှင့် ၅၅ အကြား ဂေါ်ရီတိုလာ ဒေသ တွင် ကုလားဆိုး RSO အဖွဲ့နှင့် မြန်မာလုံထိန်း တပ်တို့ နှစ်ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဆိုသည့် သတင်းမှာ မှန်ကန်မှု မရှိဘဲ သတင်းအမှားသာ ဖြစ်ကြောင်း မောင်တောခရိုင် ရဲတပ်ဖွဲ့မှူးမှ သြဂုတ် ၁၈ ရက် နံနက် ပိုင်း က ပြောဆိုလိုက်သည်။


နယ်စပ်မှတ်တိုင် အမှတ် ၅၅ ၀န်းကျင်တွင် သြဂုတ် ၁၄ ရက် ည ၉ နာရီမှ ကြာသပတေးနေ့ ညနေပိုင်း အထိ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထုတ် သတင်းစာတစ်စောင်ဖြစ်သည့် သြဂုတ် ၁၇ ရက်ထုတ် Dhaka Tribune သတင်းစာတွင် ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် နေထိုင်ကြသည့် ဒေသခံများကို ကိုးကားပြီး သတင်းစာမှ ဖော်ပြချက်များတွင် RSO အပါအ၀င် လက်နက်ကိုင်တချို့သည် နစက ရုပ်သိမ်းပြီးနောက်ပိုင်း နယ်စပ်တွင် ပြန်လည်စုစည်းနေ ကြောင်း၊ နစကအစား လုံထိန်းရဲတပ်ဖွဲ့များ အစားထိုး ၀င်ရောက်မှု နှေးကွေးသဖြင့် ယင်းသို့စုစည်းရန် အ ခွင့်အရေး ရနေခြင်းဖြစ်ကြောင်း၊ ဇူလိုင် ၃၁ ရက်ကလည်း RSO ခေါင်းဆောင်များဖြစ်သည့် Shariful Islam နှင့် ZiaulHaque တို့အား ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြားစောင့်တပ်က ဖမ်းဆီးရမိခဲ့ကြောင်း ရေးသား ခဲ့သည်။

ဆက်လက်ပြီး ယင်း RSO အဖွဲ့အစည်းသည် ဆင်းရဲသည့် တောင်တန်းဒေသနေ ဒေသခံ ဘင်္ဂါလီများအား အစားအစာ၊ နေအိမ်များ ထောက်ပံ့ပေးပြီး စည်းရုံးကာ စစ်သင်တန်းများ ပေးနေကြောင်း၊ မြန်မာနိုင်ငံတွင် နစကကို ရုပ်သိမ်းလိုက်ခြင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ရွေးကောက်ပွဲကြောင့် နိုင်ငံရေး မတည်မငြိမ်မှုများကို အခွင့်ကောင်းယူ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ယင်းအပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပန်ချ ရီနှင့် ဒိုချရီ ဒေသခံများက လက်နက်ကြီးများဖြင့် အုပ်စုလိုက် သွားလာနေသည့် ကုလားဆိုးများအားမိုင်တိုင် အမှတ် ၅၄ နှင့် ၅၅ တွင် လွန်ခဲ့သည့် ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းက တွေ့မြင်ခဲ့ရကြောင်း၊ ညနေပိုင်းတွင် ခြံစည်း ရိုးကို ဖြတ်ကျော်ကာ မြန်မာနိုင်ငံ အတွင်းသို့ ၀င်ရောက်ရန် ကြိုးစားရာတွင် တိုက်ပွဲဖြစ်ပွားရခြင်း ဖြစ် ကြောင်းလည်း ဒေသခံများကို ကိုးကားကာ ဖော်ပြထားသည်။

ယင်းအပြင် လက်နက်ကိုင် အင်အား ၁၅၀ ရှိသည့် RSO စစ်စခန်းတစ်ခုသည် ဘင်္ဂလားရှေ့နိုင်ငံရှိ Waka Khali Jhiri ဒေသတွင် တည်ရှိနေကြောင်း သတင်းစာက ရေးသားဖော်ပြခဲ့သည်။ အဆိုပါ Dhaka Tribune သတင်းစာတွင် ရေးသားထားသည့် မြန်မာနယ်စပ် လုံခြုံရေး တာဝန်ယူထားသည့် လုံထိန်းတပ်နှင့် RSO တို့ တိုက်ပွဲဖြစ်ပွားသည်ဆိုသည့် သတင်းမှာ သတင်းအမှားသာဖြစ်ကြောင်း၊ ယနေ့အချိန်ထိ နယ်စပ်တွင် မည်သည့်တိုက်ပွဲမှ ဖြစ်ပွားခြင်း မရှိသေးကြောင်း မောင်တောခရိုင် ရဲတပ်ဖွဲ့မှူး၊ ဒုရဲမှူးကြီး ရွှေသန်းက သြဂုတ် ၁၈ ရက် နံနက် ၈ နာရီခွဲက ပြောကြားသည်။

"ကျွန်တော်တို့ မနေ့ကပဲ အစည်းအဝေး လုပ်ပါတယ်။ အဲဒီဘက်မှာ စစ်ဆင်ရေးယူနေတဲ့ တပ်မတော်က စစ်ဗျူဟာမှူးရယ် ပြီးတော့အဲဒီမှာ ကိုင်တွယ်နေတဲ့ တပ်မမှူးတို့ ပါဝင်ပါတယ်။ ဒီနေ့အချိန်ထိ မောင်တော နယ်စပ်မှာ တိုက်ပွဲဖြစ်တယ်ဆိုတာ မရှိပါဘူး။ ဘင်္ဂလားဒေ့ရှ် သတင်းစာမှာရေးတဲ့ သတင်းဟာ သတင်းအ မှား သာ ဖြစ်ပါတယ်" ဟု ၎င်းကဆိုသည်။

ဓါတ်ပုံ - မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် လုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် 
ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများ 

Eleven Media Group

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။