/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, August 19, 2013

.

ဒေါ်စုကို နိုင်ငံခြားဘယ်သူပို့ လိုက်တာလဲ? ဘာကြောင့်နိုင်ငံခြားသားနဲ့ လက်ထပ်ခဲ့ရသလဲ?



ဒေါ်စုကို ဒီနိုင်ငံမှာ မနေနိုင်အောင် လုပ်ခဲ့တယ် ဆိုပြီးလေဖမ်းဒန်းစီးနေကြသူတွေကို ပြောပါရစေ။ တကယ်အဖြစ်မှန်က သန့ှ်ရှင်းနဲ့တည်မြဲကွဲကြတော့ ဒေါ်ခင်ကြည်က ဦးနုရဲ့သန့်ရှင်းဘက်က မဲဆွယ်ပေး ခဲ့တယ်၊၊ဒါကြောင့် ဦးနုရဲ့ သန့ှ်ရှင်း မဲနိုင်သွားပြီး အစိုးရဖွဲ့နိုင်တော့ ဒေါ်ခင်ကြည်ကို ကျေးဇူးဆပ်တဲ့ အနေနဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံးနဲ့ ယခုအချိန်အထိ တစ်ဦးတည်းသော အမျိုးသမီးသံအမတ်အဖြစ်နဲ့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်ပြီး ချီးမြှောက်ခဲ့တာပါ၊


ဒေါ်စုက တက္ကသိုလ်ဝင်တန်း အောင်ပြီးကာစပဲ ရှိအုံးမယ်၊၊ဒေါ်စုမွေးတာက (၁၉၄၅)၊ ဒေါ်ခင်ကြည်ကို သံအမတ်ခန့်တာက (၁၉၆၁)၊ တွက်ကြည့် (၁၆)နှစ်သမီးပဲရှိသေးတယ်၊၊ အိန္ဒိယမှာ ကျောင်းဆက်တက် တာတွေ၊ အောက်စ်ဖို့ဒ်တက္ကသိုလ်ဝင်ခွင့်ရအောင် အိန္ဒိယမှာ ကျူရှင်ယူခဲ့ရတာတွေ၊ သူများတွေ နှစ်ချီပြီး ကြိုးစားရတဲ့ အောက်စ်ဖို့ဒ်ဝင်ခွင့်ကို ဒေါ်စုက လပိုင်းလောက်နဲ့ ကြိုးစားခဲ့ရတာတွေကို သူကိုယ်တိုင် ပြောထားတာတွေ ရှိပါတယ်၊၊

ဒေါ်စုသားသမီး တစ်ယောက်လုပ်နေပီးဘာလို့မသိရတာလဲ၊ဘာလို့ မှန်းတုပ်ရမ်းတုပ်လုပ်ရတာလဲ၊၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့သားသမီးတွေအနေနဲ့ တစ်ရပ်တစ်ကျေးမှာ မဖြစ်သင့်တာတွေ မဖြစ်ရအောင် အင်္ဂလန်ကိုလွှတ်လိုက်တာနဲ့ ပတ်သက်ပြီး ဦးနေ၀င်းက ဒေါ်ခင်ကြည်ကိုသတိပေးစကားပြောကြား ခဲ့တာ တွေ သမိုင်းအနေနဲ့ ရှိပါတယ်၊

ဆိုတော့ ဒေါ်စုကို အင်္ဂလန်ကိုသွားအောင် ဦးနေ၀င်းက ပထုတ်လိုက်တာလား၊ သူ့ဘာသာသူ ပညာ လိုလားလို့ သွားတာလားဆိုတာ စဉ်းစားဖို့ပါ၊၊ ဒေါ်ခင်ကြည်ကိုအိန္ဒိယပို့တာ ဘယ်သူလဲဆိုတာ လေ့လာဖို့ပါ၊ သူ့ဘာသာသူ တွေ့ကရာနဲ့ကြိုက်၊ တွေ့ကရာနဲ့ယူပြီးတော့မှဟိုအပြစ်တင်၊ ဒီအပြစ်တင်လုပ်နေတာ ကတော့ မကောင်းပါဘူး၊၊

မကြာခဏကိုးကားနေကြတဲ့ ကျမ ဧရာဝတီတိုင်းမှာ နေခဲ့ရင် ရှင်နဲ့ညားမှာပေါ့ ဆိုတဲ့စကားဟာ အင်မတန် အနှစ်သာရကင်းမဲ့ပါတယ်၊ ရောက်ရာနေရာမှာ တွေ့ရာလူနဲ့ မဖြစ်မနေ ယူလိုက်ရလောက်အောင် (ကန်တော့ပါရဲ့) မနေနိုင်၊ မထိုင်နိုင်ဖြစ်ခဲ့လို့လား၊ ကိုယ့်ရဲ့မျိုးရိုး၊ ကိုယ့်ရဲ့အနေအထားကို သတိပြုခဲ့ သင့်တာပေါ့၊၊

သူတစ်ယောက်တည်းအတွက်တော့ သူ့ဆန္ဒကို ဦးစားပေးခဲ့တာ ပြောစရာမရှိပါဘူး၊၊ အမျိုးသားအရေး မှာတော့ အင်မတန်ကြီးလေးတဲ့ပြစ်မှုကြီးတစ်ခုကို ကျူးလွန်ခဲ့တာပါပဲ၊၊ လွန်ခဲ့တဲ့ လေးနှစ်လောက်က တောင်ကိုရီးယားဝန်ကြီးချုပ်ရာထူးအတွက် သမ္မတလီမြောင်ဘတ်က အမျိုးသမီးတစ်ဦးကို အဆို တင်သွင်းပါတယ်၊ အဲဒီဝန်ကြီးချုပ်လောင်း အမျိုးသမီးကကိုရီးယား အချင်းအိမ်ထောင်ပြုပြီး သားသမီးမွေး တဲ့အခါ အမေရိကန်မှာ သွားမွေးပါတယ်၊ အဲဒီမှာမွေးရင် natural citizen ရလို့ပါ၊ သားသမီးရဲ့ ပညာရေး အတွက် ဒီလိုကြံစည်ပြီး ဆောင်ရွက်ခဲ့တာပါ၊၊

ဆိုပါတော့ အဲဒီ အမျိုးသမီးရဲ့ သားနှစ်ဦးကအမေရိကန်မှာပညာသင်ကြားပြီးအမေရိကန်နိုင်ငံသား ခံယူကြ ပါတယ်၊ အဲဒါက ဘာမှ အရေးကြီးတဲ့ကိစ္စမဟုတ်ပေမယ့်ဝန်ကြီးချုပ်အမည်စာရင်းတင်သွင်း ခဲ့ရတဲ့အခါမှာ သူ့သားနှစ်ဦးက အမေရိကန်နိုင်ငံသားတွေဖြစ်နေကြလို့ ပါလီမန်ကကန့်ကွက်ခဲ့ပါတယ်၊ သူဝန်ကြီးချုပ် မဖြစ်ခဲ့ပါဘူး၊ တောင်ကိုရီးယားပါလီမန်က မျက်ကန်းမျိုးချစ်တွေကြောင့်ပေါ့၊၊

မကြာသေးမီက ဒီမှာလည်း ဒုသမ္မတရွေးရာမှာ တစ်ပြေးခဲ့တဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေကို ဘာကြောင့် ပယ်ခဲ့ရတာလဲ၊ ဥပဒေမဲ့ လျှောက်ပြော၊ လျှောက်လုပ်လို့ မရပါဘူး၊၊နိုင်ငံတော် အကြီးအကဲနဲ့ ပတ်သက်တဲ့ အရည်အချင်းတွေကို မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဗိုလ်ချုပ်အောင်ဆန်း ဦးစီး ရေးဆွဲပြီး ချမှတ်ခဲ့တာပါ၊ ၂၀၀၈-ဥပဒေမှာလည်း အဲဒီအချက်ကိုပဲ မပြောင်းမလွဲ ဒီအတိုင်းပြဌာန်းခဲ့တာပါ၊ အဲဒါကို သူ့သမီးက ဖျက်ဖို့ကြိုးစားနေတာပါ၊၊

ဘယ်အာဏာရှင်ကမှ သူ့ကို တားမြစ်နေတာ မဟုတ်ပါဘူး၊၊ ကျွန်တော်တို့တိုင်းပြည်ရဲ့ဖခင် ဗိုလ်ချုပ် အောင်ဆန်းက နိုင်ငံနဲ့လူမျိုးအတွက် သူ့သမီးကို သူကိုယ်တိုင်တားမြစ်ထားခဲ့တာပါ၊၊ ဒေါ်စုအနေနဲ့ ဘယ်သူ့ကိုမှ အပြစ်မတင်သင့်ပါဘူး၊ နိုင်ငံခြားသားကို ယူခဲ့မိတဲ့ သူကိုယ်တိုင်ကို အပြစ်တင်ချင်တင်၊ နိုင်ငံခြားသားနဲ့ ပတ်သက်သူကို နိုင်ငံ့အကြီးအကဲ မတင်ဖို့ တားမြစ်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်တဲ့ တိုင်းပြုပြည်ပြုလွှတ်တော်ကို အပြစ်တင်ချင်တင်၊၊ ဒီနှစ်ချက်ပဲ လုပ်သင့်ပါတယ်၊၊ 

သူ့အရည်အချင်းကို အကြွင်းမဲ့ယုံကြည်ပါတယ်၊၊ သူ ဦးဆောင်ရင် တိုင်းပြည် တိုးတက်မှုမြန်မယ် ဆိုတာ ကိုလည်း ယုံကြည်ပါတယ်၊၊ ဒါပေမယ့် အဲဒီတစ်ချက်တည်းနဲ့တော့ နိုင်ငံရဲ့ အခြေခံဥပဒေကို စက္ကူစုပ်ဖြစ် အောင် မလုပ်သင့်ပါဘူး၊၊သူ့တစ်ယောက်တည်းအတွက် အခုအချိန်မှာ အဲဒီအချက်ကို ပြင်မယ်ဆိုရင် နိုင်ငံဟာ သာလာယံဇရပ်စုပ်လို ၀င်ချင်သူဝင်၊ ထွက်ချင်သူထွက် လုပ်ချင်ရာလုပ်နိုင်တဲ့နိုင်ငံ ဖြစ်သွား ပါလိမ့်မယ်၊၊

အဓိကကလူထက်စနစ်ကသာ အရေးကြီးတာပါ၊၊ စနစ်ကောင်းတစ်ခု အခြေခိုင်ခိုင် တည်ဆောက်နိုင်ခဲ့ရင် ဘယ်သူပဲ ခေါင်းဆောင်၊ ခေါင်းဆောင် စနစ်က သူ့ဘာသာ လည်ပတ်နေပြီး လူက စနစ်ပေါ်မှာ အလိုက် သင့် လိုက်နေရုံပါပဲ၊

အမေရိကန်မှာ စနစ်က အခြေခိုင်ပြီး ဖြစ်လို့ ဘယ်သူတက်တက် ဒီအတိုင်းပါပဲ၊ ဒီမှာလည်း လူတစ် ယောက်ကို အားကိုးတာထက် စနစ်ကောင်းတစ်ခု အခြေခိုင်အောင် ၀ိုင်းဝန်း တည်ဆောက်သင့် ပါတယ်၊၊ လွတ်လပ်ရေးရပြီး ပါလီမန်ဒီမိုကရေစီခေတ်မှာ တိုင်းပြည် တိုးတက်ခဲ့တာပါပဲ၊အဲဒီအချိန်က ဒေါ်စုတောင် လူမမယ်အရွယ်လောက်ပဲ ရှိသေးတာပါ၊သူလုပ်မှ တိုင်းပြည်တိုးတက်မယ်ဆိုတာကတော့ (personal cult) ပုဂ္ဂိုလ်ရေးကိုးကွယ်မှု သက်သက်သာ ဖြစ်ပါတယ်၊၊

ဒေါ်စုအနေနဲ့လည်း ဘယ်သူမပြု မိမိမှုကို ကိုယ့်အခွင့်အရေးအတွက် အခြားသူတွေကိုအပြစ်တင်ပြီး နိုင်ငံအတွက် ခေါင်းဆောင်ကြီးတွေ ချမှတ်ခဲ့တဲ့ ဥပဒေကို ပယ်ဖျက်ဖို့ မကြိုးစားပဲတိုင်းပြည် ခေါင်းဆောင် သားသမီးတစ်ဦးအနေနဲ့ မကျူးလွန်သင့်တဲ့အပြစ်ကို ကျူးလွန်မိခဲ့တဲ့အတွက် အပြစ်ချေတဲ့အနေနဲ့ ကျရာကနေ နိုင်ငံအကျိုး သယ်ပိုးသင့်ပါတယ်၊၊ ဘယ်နေရာကပဲလုပ်ရလုပ်ရ နိုင်ငံအတွက် လုပ်မယ်ဆိုတဲ့ စိတ်ဓါတ်မွေးသင့်ပါတယ်၊၊ အမျိုးသားရင်ကြားစေ့ရေး ကြိုးစားနေတယ် ဆိုရင်မိမိကြောင့် ပြည်သူလူထု အတွင်း စိတ်ဝမ်းကွဲပြားမှုမဖြစ်ရအောင် ဆောင်ရွက်သင့်ပါတယ်။

...ကျွန်တော်တို့ သာမန်နိုင်ငံသားတွေအနေနဲ့လည်း အချင်းချင်း စိတ်ဝမ်းကွဲပြားစေမယ့် အလုပ်တွေ မလုပ်သင့်တော့ပါလို့ တိုက်တွန်းချင်ပါတယ်ခင်ဗျာ...

Kyi Soe

10 comments:

  1. တော်တယ်ဆိုတာ မငြင်းပါဘူး ။ ဗိုလ်ချုပ်ကို တော့လေးစားသင့်ပါတယ် ။ ပြည်သူ့ဘက်ကဆိုရင် မြန်မာဗုဒ္ဓလူမျိုးတွေသာ မြန်မာပြည်သူတွေပါ ။ ဘယ်ဟာတွေကိုပြည်သူထင်ပြီးကာကွယ်နေလဲ...စဉ်းစားပါဗျာ...ငဲ့ကြည့်လိုက်ပါ....

    ReplyDelete
  2. အမှန်တရားကိုရေးသားတင်ပြတဲ့သူမို့လေးစားပါတယ် ပြည်သူအားလုံးဒီအခြေအနေကိုနားလည်ရင်ကောင်းမှာပဲ

    ReplyDelete
  3. လေးစားပါတယ်။စာရေးသူကြီးရယ်။မသိသေးတာတွေကိုသိလိုကိရတဲ့အတွက်ဒေါ်စုကိုမုန်းတယ်။လူတိုင်းကိုလည်းသိစေချင်တယ်။

    ReplyDelete
  4. လေးစားပါတယ်ဗျာ။ကျွန်တော်တို့မသိသေးတဲ့အကြောင်းအရာတွေကိုအခုလိုသိလိုက်ရတော့၂၀၁၅ရွေးကောက်ပွဲမှာဘယ်သူကိုရွေးချယ်ရမလဲဆိုတာသိသွားတာပေါ့ဗျာ။

    ReplyDelete
  5. လေးစားပါတယ်
    ရွေးကောက်ပွဲအတွက်မှန်ကန်တဲ့ဆုံးဖြတ်ချက်ချ

    လို့ရသွားတာပေါ့အသိနဲ့သတိပေးချင်ပါတယ်

    ဗုဒ္ဓဘာသာတင်မဟုတ်ပဲကျန်တဲ့တိုင်းရင်းသား

    တွေဘာသာတွေ(မွတ်မပါ)တောခေါင်တောင်ဖျား

    တိုင်းရင်းသားတွေကိုလဲအသိပေးစေချင်ပါတယ်

    ReplyDelete
  6. မှန်ပါတယ် ရှင် ဗိုလ်ချုပ်ကနိုင် ငံကိုကျွန်ပြုခဲ့တဲ့အင်္ဂလိပ်ကို တိုက်ထုတ်တာ ဒေါစုကလင် လုပ်ထားတာလေ အမျိုးမချစ်လို့ပေါ့ အသိသာကြီးပါလေ ဟုတ်တယ်ဟုတ် ဟဲဟိုးသူ

    ReplyDelete
  7. အမှန်ပါပဲ ဒေါ်စု အနေနဲ့ နေရာအတွက် ငြင်းခုံနေရမဲ့ အချိန်တစ်ခုတော့ မဟုတ်တော့ပါ ။ ဒီတော့ ဒေါ်စုအနေနဲ့ နိုင်ငံနဲ့ ပြည်သူကို စိတ်ရင်းမှန်းနဲ့ တကယ်ချစ်တယ်ဆိုရင်ပေါ့ နိုင်ငံတိုးတက်ဖို့ ပြည်သူတွေ ပျော်ရွှင်စွာနေထိုင်နိုင်ဖို့ကို ရှေ့ရှု့ပြီး
    ကျရာတာဝန်နဲ့ ကျေနပ်ပြီး ကျေပွန်အောင်ထပ်ဆောင်သင့်ပါတယ် ။ ခုတော့ ဒေါ်စုကဲ့ လုပ်ရပ်က သူ့အပြစ် မပြေရင် ပြည်
    သူတွေကိုပဲ အပြစ်ပုံချသလို ဖြစ်နေတယ် ၊ သူ သတိရရင် သူနဲ့ အတူ နိုင်ငံရေး လုပ်ခဲ့ပြီး အသက်ပေးဆပ်သွားတဲ့ နိုင်ငံ
    ခေါင်းဆောင်တွေကို ကျေးဇူးဆပ်တဲ့ အနေနဲ့ နိုင်ငံတိုးတက်ဖို့ကိုပဲ ဦးစားပေးစဉ်းစားသင့်တယ်လို့ထင်ပါတယ် ။ ခုနားက ဆောင်းပါးမှာ ဖတ်လိုက်ရသလိုပင် ဘာတဲ့ သူပြောတာ " ကျမ ဧရာဝတီတိုင်းမှာ နေခဲ့ရင် ရှင်နဲ့ညားမှာပေါ့ ဆိုတဲ့စကားဟာ" အဆင့်နိလှပါတယ် ဒီစကားကို တောချို တောင်ကြားက လူရိုင်းတွေတောင် ပြောနိုင်ပါတယ်လေ
    ဒီတော့ နိုင်ငံခေါင်းဆောင်ဖြစ်တဲ့ ဒေါ်စုအနေနဲ့ ပိုပြီးတော့တောင် ဆင်ခြင်သင့်သလို ၊ ဝေဖန်ချက်တွေကိုလေ့ အသေးစိတ် လေ့လာသင့်တယ်လို့ ထင်မိတယ် ။

    ReplyDelete
  8. This comment has been removed by the author.

    ReplyDelete
  9. အားလုံးလူတော်တွေပါလား ။ ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်မပြိုင်ကြဘူးလား။ စနစ်ကောင်းမှနိုင်ငံတိုးတက်မှာအမှန်ပါပဲ ။ ဒါပေမဲ့ တောသူကြီးရဲ စနစ်ကောင်းဟာ မြို့တမြို့ထောင်ဖို့မလွယ်ပါဘူး။

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။