/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, May 22, 2013

.

စစ်တိုက်ခြင်းဖြင့်ဖြေရှင်းမည်ဟု KIA ဗိုလ်သင်တန်းကျောင်းအုပ်ကြီး ပြောကြား



KIA အနေဖြင့် အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ၊ အောင်မြင်သည်ဖြစ် စေ မအောင်မြင်သည် ဖြစ်စေ စစ်တိုက်ခြင်းဖြင့် ဖြေရှင်းမည်ဟု KIA ဗိုလ်သင်တန်း ကျောင်းအုပ်ကြီးမှ အစည်းအဝေးတွင် ပြောကြား ခဲ့ ကြောင်း သိရှိရပါသည်။


လက်နက် ကိုင်ဆောင်မှုကို စွန့်လွှတ် မည်မဟုတ်ဘဲ အရာရာကို စစ်တိုက်ခြင်းဖြင့်သာ ဖြေရှင်းသွားမည်ဟု KIA ဗဟိုဌာနချုပ် ဗိုလ် သင်တန်း ကျောင်းအုပ် ဇော်နန်က တပ်မဟာ(၃)တွင် ကျင်းပ ပြုလုပ် သည့် အစည်းအဝေးတစ်ခုမှာ ပြောကြားခဲ့ပြီး ၎င်းအစည်းအဝေးတွင် တပ်မဟာ (၃) မှူး မရန်တောင်လာ၊ ဒုတပ်မဟာမှူးတူးဂျာ နှင့် တပ်ရင်းမှူးတွေ တက်ရောက် ခဲ့ကြောင်း သိရှိရပါသည်။ 

ငြိမ်းချမ်းရေး ဆွေးနွေးမှုက ဒီလ ၂၈ရက်နေ့ပြုလုပ်မှာဖြစ်ကြောင်း၊ ဆွေးနွေးမှုမှာKIA တို့၏ တောင်းဆို ချက် အားလုံးကို အစိုးရဘက်မှ လိုက်လျောခြင်းမရှိက မိမိတို့အနေဖြင့် ဆက်လက်တိုက်ပွဲမည်ဖြစ်ကြောင်း၊ KIA တပ်ဖွဲ့ဝင်များအနေဖြင့် ကချင်ပြည်နယ်လူထုအတွက် တိုက်ပွဲဝင်နေသူများ ဖြစ်လို့ အထက်ကပေး သည့် အမိန့်အတိုင်းသာ လုပ်ကိုင်ဆောင်ရွက် ဖို့လိုကြောင်း၊ ခေါင်းဆောင်များက ကချင်ပြည်နယ်အတွက် လုပ်ဆောင် နေသည်ကို အောက်ခြေကချင်မျိုးချစ်ရဲဘော်များ သိအောင် တပ်ရင်းမှူးများအနေဖြင့် ရှင်းလင်းရန် လိုအပ် ကြောင်း ပြောဆိုဆွေးနွေးခဲ့ကြပါသည်။ 

ငြိမ်းချမ်းရေးကို အောက်ခြေတပ်ဖွဲ့ဝင်များနှင့် ဒေသခံများမှ လိုလားတောင်းတနေသော်လည်း KIA ခေါင်း ဆောင်ပိုင်း အတွင်း၌ ဆက်လက်တိုက်လိုသူနှင့် ငြိမ်းချမ်းရေးလိုလားသူ တို့အချင်းချင်း စိတ်ဝမ်းကွဲပြားမှု များဖြစ်ပေါ်နေကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးမှု ပြုလုပ်သော်လည်း လက်နက်ကိုင် တပ်တွေက လိုက်နာမှု မရှိ ရင် ကချင်ပြည်ဒေသခံလူထု အတွက် အလွန်ပဲစိတ်မကောင်းစရာဖြစ်မိကြောင်း ခရစ်ယာန် အသင်း တော်က ဘုန်းတော်ကြီးယော်နန်က ပြောဆိုခဲ့ပါ သည်။ ကချင်ပြည်နယ်အတွင်းမှာ ပစ်ခတ်သံတွေ ချုပ်ငြိမ်းပြီး ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်တာမျိုးကိုပဲ သူတို့ခရစ်ယာန် အများစုက မျှော်လင့်နေ သည်ဟု အဆိုပါ ခရစ်ယာန်အသင်းက ပြောဆိုခဲ့ကြောင်း သိရှိရပါသည်။

Credit : http://www.kachindailynews.com/2013/05/kia_2562.html

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။