မန်းလေးအခြေစိုက် လွတ်လပ်သော ပြည်သူကိုအလုပ်ကျွေးပြု မယ် ဆိုတဲ့ " မြန်မာဓိက"
သတင်းစာ ရုတ်တရက်ရပ်နားခံလိုက်ရတယ် လို့သိရပါတယ်။
ဖြစ်စဉ်မှာ မေ ၁၇-ရက် မနက်၅နာရီခန့်က ၆၉လမ်း အလင်းတံခါး ပန်းချီပန်းပုအနုပညာသင်တန်း
ကျောင်းပိုင်ရှင် တရုတ်လူမျိုး အား လုံနှင့် ပန်းချီဆရာ ဆူးမြင့်သိန်းတို့မှ ၃၇လမ်း ၈၃လမ်းရှိ မြန်မာ
ဓိက သတင်းစာတိုက်ကိုရောက်ရှိလာပီး ညစောင့်ဝန်ထမ်းများကိုနှင်ထုတ်ကာ သော့ခတ်တံခါးပိတ်ပီး လက်ရှိ ဝန်ထမ်းများအားလုံး ၁၉ ရက်နေ့မှာလစာလာထုတ်ဘို့ ကြေငြာစာကပ်သွားတယ်လို့
သိရပါသည်။ ယင်း ဖြစ်စည်ကိုမသိပဲ မနက်အလုပ်လာကြသော ဝန်ထမ်းမိန်းကလေးများမှာ ဘာမှန်း
မသိ မျက်ရည်ဝဲလည်း ထမင်းချိုင့်လေးများကိုယ်စီနှင့် ငိုကြွေးပြန်သွားကြတယ်လို့ ပါတ်ဝန်းကျင်
ကပြောပြပါတယ်၊ သတင်းသမား များမှာလည်း စိတ်ပျက်လက်ပျက် ငေးငိုင်ကုန်ကြတယ်လို့သိရပါတယ်၊မြန်မာဓိကသတင်းစာ အငယ်တန်း သတင်းထောက်ပညာသင်
လေးတစ်ယောက်က ... " ကျနော်တို့က ဝါသနာလည်းပါတယ်၊ ကိုယ့်မြို့အခြေ စိုက်မို့ ဂုဏ်ယူပီး
လက်ရှိအလုပ်တွေကိုတောင်စွန့်ခဲ့တာ၊ဒီမှာ တက်တက်ကြွကြွဝင်လုပ်နေတာပါ ခုလိုဘာမှန်းမသိ
ညာမှန်းမသိ အလုပ်ပြုတ်တာ ဘယ်လိုလုပ်ရမလည်း ဘာမှလည်း အကြောင်းကြားတာ မရှိဘူး၊
ကျနော်တို့သတင်းစာဆိုထွက်တော့မှာ အားလုံးကလည်းမျှော်နေကြပီ၊အရှိန်လည်းရနေပီ၊ဒါ သက်
သက် မန်းလေးဂုဏ် မန်းလေးသိက္ခာ ကျနော်တို့သိက္ခာတွေကို စော်ကားခံလိုက်ရတယ်" လို့
ပြောပြ ပါတယ်။
Credit : http://www.yeyintnge.com/2013/05/blog-post_1545.html#.UZw3Htj4Lvc
No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။