/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, May 22, 2013

.

ပြည်သူများအတွက် မော်လမြိုင်တွင် တပ်မတော်ခွဲတမ်းဖုန်းများ အရပ်သားများကို ရောင်းချမည်



တပ်မတော်များကို ဧပြီလအတွင်းက ရောင်းချရန် ရည်ရွယ်ထားသည့် ၁၅၀၀ ကျပ်တန် CDMA 800 MHz SIM Card ၂၆၅၀ ခန့်ကို မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ အရပ်သားများအား ရောင်းချ ပေးမည်ဖြစ်ကြောင်း မွန်ပြည်နယ် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဒေါက်တာခင်မောင်သွင်က ပြောကြား သည်။


မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ယခင်က ဧပြီလ ၂၄ ရက်နေ့တွင် ၁၅၀၀ ကျပ်တန် မိုဘိုင်းလ်ဖုန်း ကတ်များ ရောင်းချရာ (၁၁) ရပ်ကွက်သာ ရောင်းချ ပေးနိုင်ပြီး ယခုလ အတွင်းတွင် ရပ်ကွက်အားလုံး ရောင်းချပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ 

မေလ ၂၁ ရက်နေ့တွင် မွန်ပြည်နယ်ရှိ မြို့နယ်အချို့နှင့် မော်လမြိုင်မြို့နယ်ရှိ ရပ်ကွက် ၄၂ ခုကို ဖုန်းအလုံးရေ ၁၀၈၅ ရောင်းချပေးသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ဧပြီလ အတွင်းက မော်လမြိုင် မြို့တွင်း ရပ်ကွက် ၁၁ ခုမှ ဖုန်းမဲပေါက်သော်လည်း မရရှိခဲ့သော လူ ၄၅ ဦးကိုလည်း မဲပေါက်ပြီးသားအဖြစ် သတ်မှတ် ကာ SIM Card များ ပြန်လည် ရောင်းချပေး မည်ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီး ဒေါက်တာ ခင်မောင်သွင် က ပြောကြားသည်။

ဧပြီလ အတွင်းတွင် မွန်ပြည်နယ် မြို့နယ်အချို့နှင့် မော်လမြိုင်မြို့ ရပ်ကွက် ၁၁ ခု၌ SIM Card ၈၁၅၀ ကျော်ကို ရောင်းချပေးခဲ့ကြောင်း ၂၀၁၃ ခုနှစ် မေလ ၂၁ ရက်နေ့ထုတ် The Voice သတင်းစာ တွင် ဖော်ပြထားပါသည်။ 

From:ခေတ်လူငယ်

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။