/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, May 22, 2013

.

မြန်မာအမျိုးသမီး လှေလှော်အသင်း အကောင်းဆုံး ချန်ပီယံဆု ရရှိ



စင်ကာပူနိုင်ငံ ၌ မေလ ၁၈ ရက်နှင့် ၁၉ ရက် တို့တွင် ကျင်းပခဲ့သော DBS Marina Regatta နဂါးလှေ ပြိုင် ပွဲ ၏ မီတာ ၂၀၀ အမျိုးသား ၂၂ ဦး ပြိုင်ပွဲတွင် မြန်မာလှေလှော်အသင်းက ကြေးတံဆိပ် ၊ မီတာ ၂၀၀ အ မျိုး သမီး ၁၂ ဦး ပြိုင်ပွဲတွင် စတုတ္ထ ၊ မီတာ ၅၀၀ အမျိုးသား ၂၂ ဦး ပြိုင်ပွဲတွင် ရွှေ တံဆိပ် နှင့် မီတာ ၅၀၀ အမျိုး သမီး ၁၂ ဦး ပြိုင်ပွဲ တွင် ရွှေတံဆိပ် ဆွတ်ခူး ရရှိကာ စုစုပေါင်း ရွှေ ၂ ခု ၊ ကြေး တစ်ခု တို့ဖြင့် အကောင်း ဆုံး အမျိုးသမီး ချန်ပီယံ ဆုကို မြန်မာ အမျိုးသမီး လှေလှော် အသင်း နှင့် အကောင်းဆုံး အမျိုး သား ချန်ပီယံ ဆုကို အင်ဒိုနီးရှား လှေလှော် အသင်းက ရရှိခဲ့သည်။

ုထို့အတူ မလေးရှား နိုင်ငံ၌ ကျင်းပခဲ့သော South East Asian Rowing Championship အပြည်ပြည် ဆိုင် ရာ လှေလှော် ပြိုင်ပွဲ LW2 ၂ ယောက်တွဲ ပြိုင်ပွဲတွင် ငွေတံဆိပ် နှင့် LW1 တစ်ယောက် ပြိုင်ပွဲတွင် ကြေး တံဆိပ် ရရှိ ခဲ့ကြောင်း သိရှိရသည်။

http://themyawadydaily.blogspot.com/2013/05/blog-post_3959.html

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။