/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, May 22, 2013

.

မိုးညှင်းမြို့တွင်းမှဖြတ်သန်းသည့်ပြည်ထောင်စုလမ်းမကြီးတိုးချဲ့ခင်းရန် ကွင်းဆင်းတိုင်းတာ



ကချင်ပြည်နယ်၊မိုးညှင်းမြို့ တွင်းမှဖြတ်သန်းသည့် မန္တလေး+ ရွှေဘို+မြစ်ကြီးနား၊ မဟာဗျုဟာ ပြည်ထောင်စုလမ်းမကြီးအား လမ်းအကျယ်ချဲ့ ခင်းရန်အတွက် ကွင်းဆင်းတိုင်းတာသည့်လုပ်ငန်း ကိုမေလ (၆)ရက်နေ့၊နံနက်(၉)နာရီ အချိန်တွင် ပြုလုပ် ဆောင်ရွက်ခဲ့ သည်။


အဆိုပါလုပ်ငန်းစဉ်သို့ မိုး ညှင်း မြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးကျော်စိုးလေး၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်း တင်အောင်၊ခရိုင်အုပ်ချုပ် ရေးမှူးဦးမြင့်လှိုင်၊မြို့နယ်အုပ် ချုပ်ရေးမှူး ဦးစိုင်းစံဝင်း၊ခရိုင်ဆောက် လုပ်ရေး အင်္ဂျင်နီယာမှူးဆလိုင်း ဗိုလ်ချုပ်၊မြို့နယ်ဆောက်လုပ်ရေး လက်ထောက် အင်္ဂျင်နီယာဦးမြင့်ဇော်၊ မြို့နယ် စည်ပင်သာယာရေး အဖွဲ့အမှုဆောင် အရာရှိဦးအေး နိုင်နှင့် တာဝန်ရှိသူများ လိုက်ပါ ဆောင်ရွက် ခဲ့ကြ သည်။

မိုးညှင်းမြို့တွင်းမှဖြတ်သန်း သည့်ပြည်ထောင်စုလမ်းမကြီး အကျယ်(၁၂)ပေမှ(၁၈)ပေအထိ အကျယ်ချဲ့ ဆောင်ရွက်မည်ဖြစ်ပြီး မြို့တွင်းလမ်းများအဆင့်မြှင့်တင် သည့်အနေဖြင့် မိုင်တိုင်အမှတ် ၁၈၆/၀မှ ၁၈၉/၄အထိကတ္တရာ လမ်းအပေါ်တွင်ရေပိတ်လွှာ ထည့်သွင်းခင်းသွား မည်ဖြစ် ကြောင်း သိရှိရ ပါသည်။ 

ထိုကဲ့သို့မဟာဗျူဟာပြည် ထောင်စုလမ်းမကြီးအဆင့်မြှင့် တိုးချဲ့မည့်လုပ်ငန်းစဉ်နှင့်ပတ်သတ် ပြီး ခရိုင် ဆောက်လုပ်ရေးအင်္ဂျင်နီ ယာမှူးဆလိုင်ဗိုလ်အုပ်နှင့်မြို့နယ် ဆောက်လုပ်ရေးအငယ်တန်း အင်္ဂျင် နီယာ ဒေါ်ရီရီခိုင်တို့ရှင်းလင်း ပြောကြားခဲ့ပြီးလွှတ်တော်ကိုယ် စားလှယ်များနှင့်အုပ်ချုပ်ရေး အဖွဲ့တို့မှ လိုအပ် သည်များကို အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

Hot News

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။