/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, May 22, 2013

.

မိုးညှင်းမြို့နယ်၊ပြည်ခိုင်ဖြိုးဧည့်ရိပ်သာအနီးတွင်လက်ပစ်ဗုံး(၃)လုံးတွေ့ရှိ



ကချင်ပြည်နယ်၊မိုးညှင်းမြို့ ပြည်ခိုင်ဖြိုး ပါတီဧည့်ရိပ်သာနှင့် မြို့နယ် စည်ပင် ၀န်ထမ်းအိမ်ယာ အနီးတွင် မှိုသွားရှာ သွားသော လူငယ်နှစ်ဦးမှ တရုတ် နိုင်ငံလုပ် နိုင်တီဝမ်းအမျိုးအစား လက်ပစ်ဗုံး(၃)လုံးတွေ့ ရှိခဲ့ သဖြင့် သက်ဆိုင် ရာသို့အကြောင်းကြား ခဲ့ရ သော ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပေသည်။


စုံစမ်းသိရှိရသည်မှာ မိုညှင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၀န်ထမ်းအိမ်ယာတွင်နေထိုင်သော စည်ပင် နေ့စားဝန်ထမ်း မောင်သင်္ကြန်နှင့်မောင်ကျော်စိုးတို့သည် မေလ(၁၄)ရက်နေ့နံနက်(၇)နာရီခွဲ အချိန်တွင် စည်ပင်ဝန်ထမ်းအိမ် ယာ အနီးတောစပ်သို့မှိုရှာထွက်ခဲ့ ကြသည်။ 

ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီဧည့်ရိပ်သာ၏ အနောက်ဘက်ပေ(၂၀၀)ခန့် အကွာရှိပိန္နဲပင် အောက်တွင် လက်ပစ်ဗုံး(၃)လုံးတွေ့ရှိခဲ့သဖြင့် သက်ဆိုင်ရာ သို့ဆက်သွယ် အကြောင်းကြားခဲ့ရာ နယ် မြေခံ အမြှောက်တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီးနေမင်းဦးနှင့် တပ်ဖွဲ့ဝင်များ၊ မိုးညှင်းမြို့၊ မြို့မရဲ စခန်းမှူး ဒုတိယရဲမှူးလှထွေးနှင့်တပ်ဖွဲ့ဝင်များ၊ အောင်သပြေရပ်ကွက် အုပ်ချုပ်ရေးမှူးဦးနော်လာနှင့် အဖွဲ့ဝင် များသည် အခင်းဖြစ်အရပ်သို့ လာရောက်စစ်ဆေးကြသည်။

ထိုသို့စစ်ဆေးချက်အရ အဆိုပါတွေ့ ရှိသောလက်ပစ်ဗုံး (၃)လုံးမှာ တရုတ်နိုင်ငံလုပ် နိုင်တီဝမ်း (၉၁) အမျိုးအစား လက်ပစ်ဗုံး (အဟောင်း) များ ဖြစ်ပြီးပေါက်ကွဲ နိုင်မှုစွမ်းအားမရှိတော့ကြောင်း သိရှိရပြီး တွေ့ရှိ ရသောလက်ပစ်ဗုံး (၃)လုံးအား ဒုတိယဗိုလ်မှူးကြီး နေမင်းဦးနှင့်အဖွဲ့မှ သိမ်းဆည်း သွားခဲ့ကြောင်း သိရှိရ ပါသည်။

Hot News

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။