/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, May 22, 2013

.

မြန်မာ့တပ်မတော်ကို ခေတ်မီတပ်မတော် ဖြစ်လာရေးသည် အမေရိကန်၏ အကျိုးစီးပွားဟုဆို



မြန်မာ့တပ်မတော်ကို ခေတ်မီ တပ် မတော် ဖြစ်လာအောင် လုပ်ဆောင် နိုင်ရေးသည် အမေရိကန်၏ အကျိုး စီးပွား ဖြစ်နေကြောင်း CSIS က ပြော ကြားလိုက် သည်။


မြန်မာနိုင်ငံသည် တရုတ်၊ အိန္ဒိယနှင့် အရှေ့တောင်အာရှ အကြားက အချက်အချာဖြစ်သည့် အာဆီယံနိုင်ငံ တစ်နိုင်ငံဖြစ်ပြီးအမေရိကန် ပြည်ထောင်စု အနေနှင့် မြန်မာ့တပ်မတော်ကို ပရိုဖက်ရှင်နယ် အဆင့် ဖြစ်အောင် လုပ်ဆောင်နိုင်ရေး သည် အမေရိကန်၏အကျိုးစီးပွား ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြား ရေးနှင့် ကာကွယ်ရေး မူဝါဒများ ကို လေ့လာ သုံးသပ် ရာတွင် သြဇာရှိ အဖွဲ့အစည်းဖြစ်သည့် CSIS က သမ္မတဦးသိန်းစိန် အမေရိ ကန် ခရီးစဉ်နှင့် ဆက်စပ်ပြီး ပြောဆိုခဲ့ခြင်းဖြစ်သည်။ 

စစ်ဘက်အငြိမ်းစား နိုင်ငံတော်သမ္မတကြီးသည် ဗိုလ်ချုပ်ကြီးကနေ ပြောင်းလဲလာသည့် ပြုပြင်ပြောင်း လဲရေး ခေါင်းဆောင်တစ်ဦး ဖြစ်သည့် အတွက်ကြောင့် အမေရိကန် စစ်ဘက် အကြီးတန်းအရာရှိများ၊ ကာကွယ်ရေး ဝန်ကြီး Chuck Hagel တို့နှင့် ဆက်ဆံရေး အဆင်ပြေမည်ဟု ဆိုသည်။

အမေရိကန်အနေဖြင့် သမ္မတ ဦးသိန်းစိန် အစိုးရနှင့် လွန်ခဲ့သော နှစ်နှစ် ကစပြီး ဆက်ဆံရေး ခြေလှမ်းများ စတင်လာနိုင်ခဲ့ပြီး ယမန်နှစ် အောက်တို ဘာက ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန်ဗိုလ်ချုပ်ကြီး Francis Wiercinski နှင့် စစ်ဘက် အကြီးအကဲများနှင့်အဖွဲ့ နေပြည်တော်သို့ ရောက်ရှိ ခဲ့ပြီး မြန်မာစစ်ဘက် အကြီးအကဲများနှင့် တွေ့ဆုံခဲ့သည်။ အမေရိကန် ဗိုလ်ချုပ်ကြီး Francis Wiercinski သည် ၂၅ နှစ်အတွင်း မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခဲ့သော အမေရိကန် စစ်ဘက် အကြီးအကဲ တစ်ဦးဖြစ် သည်။ 

အလားတူ ယခုနှစ် ဖေဖော်ဝါရီ အတွင်းက ထိုင်းနိုင်ငံတွင် ပြုလုပ် ခဲ့သော အမေရိကန် ဦးဆောင်သည့် Cobra Gold စစ်ဆင်ရေးတွင် မြန်မာ တပ်မတော်သား နှစ်ဦး ပူးပေါင်း ပါဝင် လေ့ကျင့်ခဲ့ကြောင်း ၂၀၁၃ ခုနှစ် မေလ ၂၁ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထား ပါသည်။

ခေတ်လူငယ်

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။