/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, May 22, 2013

.

တရားမ၀င်ခိုးဝင်လာသော KIA တပ်ဖွဲ့များကို တရုတ်နယ်ခြားစောင့် တပ်မှဖမ်းဆီး



KIA တပ်မဟာ(၃) မှ တပ်ဖွဲ့ဝင်(၃) ဦးသည် ကောင်းဆာမှတဆင့် တရုတ် နိုင်ငံသို့ ဆိုင်ကယ်ဖြင့် တရား မ၀င် ခိုးဝင်စဉ် တရုတ် နယ်ခြားစောင့်တပ်မှ ဖမ်းဆီးထိန်း သိမ်းထားခဲ့ကြောင်း သိရှိ ရ ပါသည်။


မေလ ၁၈ရက်နေ့ ညနေ ၆နာရီခန့် တွင် KIA မှ တပ်ဖွဲ့ဝင်(၃) ဦးသည် ကောင်းဆာမှ တုန်ဟုန်းသို့သွာရန် အတွက် တရုတ်နိုင်ငံ မံဒင်းရွာလမ်းကနေ ဆိုင်ကယ် ဖြင့်သွားစဉ် မံဒင်းရွာအနီးရှိ တရုတ်နယ်ခြားစောင့်တပ် မှာ ဖမ်းဆီးခဲ့ပြီး ၎င်းတို့အုပ်ချုပ်ရေးရုံးတွင် ဖမ်းဆီး ထိန်းသိမ်း ထားကြောင်း သိရှိရပါသည်။ 

ဖမ်းဆီးထားသော KIA တပ်ဖွဲ့ ၀င်များကို တပ်မဟာမှူး မရန်တောင်လာနှင့် အုပ်ချုပ်ရေးမှူး ဒါရှီဆိုင်းလီ တို့က တရုတ်နယ်ခြားစောင့်တပ်ဖွဲ့ကို ယမန်နေ့က သွားရောက်တွေ့ဆုံတောင်းပန်ခဲ့ပြီး၊ တရုတ်နယ်ခြား စောင့်တပ်မှ ဖမ်းဆီးထားသောတပ်ဖွဲ့ဝင်များကို ပြန်လည်လွှတ်ပေးခဲ့ကြောင်းသိရှိပါသည်။ “ အရင် တုန်း ကလဲ အဲဒီလိုဘဲ ဒီကောင်တွေဆီကနေ ငါတို့သွားနေတာပဲလေ၊ အခုမှ ဘာကြောင့်ဖမ်းလဲ ငါတို့လဲ မပြော တက်တော့ဘူး။ 

ငါတို့ဘက်ကနေသွားရင်တကွေ့တပတ်ကြီးသွားတော့ဝေးတယ်၊ ဒီကောင်တွေဘက်နေ သွားရင်တော်တော် လေးနီးလို့သွားနေကြတာ။ အဲဒီတရုတ်တွေက လိုရင်တမျိုးမလိုရင် တမျိုးလေကွာ၊ တပ်မဟာမှူးက လာ ပြောမှငါတို့ကို လွှတ်ပေးတာ၊” ဟု အဖမ်းခံရသည့် တပ်သား ဂမ်ဆိုင်းမှ ပြောပြခဲ့ ပါသည်။

Credit : http://www.kachindailynews.com/2013/05/kia_1406.html

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။