/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, May 22, 2013

.

လက်ရှိ ဘဏ်တိုးနှုန်းထက် ထက်ဝက်ခန့် လျော့နည်းမည့် Myanmar Microfinance Bank ယခုနှစ်အတွင်း တည်ထောင်မည်

လက်ရှိ ဘဏ်တိုးနှုန်းထက် ထက်ဝက်ခန့် လျော့နည်းသက်သာမည့် Myanmar Microfinance Bank (MMB) ကို ယခုနှစ်အတွင်း တည်ထောင်သွားရန် စီစဉ်လျက်ရှိကြောင်း ဘဏ်လုပ်ငန်း အသိုင်းအ၀ိုင်းထံမှ သတင်းရရှိသည်။

လက်ရှိ ဗဟိုဘဏ်၏ အတိုးနှုန်းမှာ တစ်နှစ်လျှင် ၁၀ ရာခိုင်နှုန်းဖြစ်ပြီး ပုဂ္ဂလိက ဘဏ်များ၏ အတိုးနှုန်းမှာ အပ်ငွေအတိုးနှုန်း တစ်နှစ်လျှင် ရှစ်ရာခိုင်နှုန်း၊ ချေးငွေအတိုးနှုန်း တစ်နှစ်လျှင် ၁၃ ရာခိုင်နှုန်းနှင့် ၀န်ဆောင်ခ တစ်နှစ်လျှင် တစ်ရာခိုင်နှုန်းတို့ ဖြစ်သည်။ ယခုတည်ထောင်မည့် ဘဏ်သည် ၀င်ငွေနည်း ပြည်သူလူထုအတွက် အရင်းအနှီးချေးငွေ ရရှိရန် အထူးပြု တည်ထောင်ခြင်းဖြစ်ပြီး အခြားဘဏ်များထက် ဘဏ်တိုးနှုန်း လျော့နည်းသက်သာမည် ဖြစ်ကြောင်း သိရသည်။

"ဒီဘဏ်က နိုင်ငံတော်နဲ့ ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက်နဲ့ တည်ထောင်တာ ဖြစ်ပါတယ်။ တခြားအသစ်ဖွင့်မယ့် ဘဏ်တွေနဲ့ မတူဘူး။ ဦးတည်တာက အခြေခံ လူတန်းစားနဲ့ ၀င်ငွေနည်း လူလတ်တန်းစားတွေအတွက် ဖြစ်ပါတယ်။ အပ်ငွေလည်း လက်ခံမယ်၊ ငွေလည်း ထုတ်ချေးမယ်။ ဘဏ်တိုးနှုန်းကလည်း အခုအတိုးနှုန်းရဲ့ တစ်ဝက်လောက်ပဲ ရှိမှာပါ" ဟု သမ၀ါယမဘဏ် မန်နေဂျင်းဒါရိုက်တာ ဦးဖေမြင့်က ပြောကြားသည်။ အဆိုပါ MMB ဘဏ်တည် ထောင်ရန်အတွက် အစုရှယ်ယာများ စတင်ခေါ်ယူနေပြီး အစုရှယ်ယာ တစ်စုလျှင် ငွေကျပ် ၁၀၀၀၀၀ သတ်မှတ်ထားကြောင်း သိရပြီး ဘဏ်လုပ်ငန်း အသိုင်းအ၀ိုင်းမှ အဓိက ၀ယ်ယူနေကြကြောင်းလည်း သတင်းရရှိသည်။ "ကျွန်တော်တို့ ဘဏ်လည်း MMB ဘဏ်မှာ အစုရှယ်ယာ ပါတယ်။ ကျွန်တော်လည်း အစုရှယ်ယာ ၀ယ်ထားတယ်" ဟု ဦးဖေမြင့်က ဖြည့်စွက်ပြောကြားသည်။

မေလဆန်းတွင် ကျောက်မျက်လုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းများ အထူးပြု တည်ထောင်မည့် ဘဏ်နှစ်ခုနှင့် နေပြည်တော် စည်ပင်သာယာရေး ဘဏ်တစ်ခုတို့ ထပ်မံဖွင့်လှစ်ရန် စီစဉ်လျက်ရှိသည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။

ဗဟိုဘဏ် အနေနှင့် ငွေကြေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ဆက်လက်ပြုလုပ် သွားမည်ဖြစ်ပြီး ဗဟိုဘဏ်တွင် သီးခြားလွတ်လပ်စွာ ပြဋ္ဌာန်းခွင့် ရှိစေရန် ဗဟိုဘဏ် ဥပဒေသစ်ကို အချောသပ် ရေးဆွဲထုတ်ပြန်နိုင်ရေးကို ဦးစားပေး ဆောင်ရွက်လျက် ရှိကြောင်း ဗဟိုဘဏ် တာဝန်ရှိသူများထံမှ သိရသည်။

ထို့ပြင် ပုဂ္ဂလိက စီးပွားရေးဘဏ်များ တစ်နှစ်ထက် ပိုချေးငှားခွင့် ပြုနိုင်ရန်နှင့် အိမ်ခြံမြေ ဈေးကွက်တွင် စတင်ဆောင်ရွက်နိုင်စေရန် ခွင့်ပြုသွားမည်ဖြစ်ကြောင်းနှင့် ရွှေ့ပြောင်းနိုင်သော ပိုင်ဆိုင်မှုများကို အပေါင်ခံအဖြစ် ထားခွင့်ပြု၍ ငွေချေးငှားခွင့်ကိုလည်း ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံတွင် ဗဟိုဘဏ်၏ တရားဝင် ထုတ်ပြန်ထားသော စာရင်းများအရ ပုဂ္ဂလိကဘဏ် ၁၉ ဘဏ်ရှိပြီး နိုင်ငံပိုင်ဘဏ် လေးဘဏ်ရှိသည်။       

(ဓာတ်ပုံ - ပုဂ္ဂလိကဘဏ် တစ်ခုတွင် ငွေကြေး လုပ်ငန်းများ ဆောင်ရွက်နေစဉ်)

လက်ရှိ ဗဟိုဘဏ်၏ အတိုးနှုန်းမှာ တစ်နှစ်လျှင် ၁၀ ရာခိုင်နှုန်းဖြစ်ပြီး ပုဂ္ဂလိက ဘဏ်များ၏ အတိုးနှုန်းမှာ အပ်ငွေ အတိုးနှုန်း တစ်နှစ်လျှင် ရှစ်ရာခိုင်နှုန်း၊ ချေးငွေ အတိုးနှုန်း တစ်နှစ်လျှင် ၁၃ ရာခိုင်နှုန်းနှင့် ၀န်ဆောင်ခ တစ်နှစ်လျှင် တစ်ရာခိုင်နှုန်းတို့ ဖြစ်သည်။ ယခုတည်ထောင်မည့် ဘဏ်သည် ၀င်ငွေနည်း ပြည်သူလူထုအတွက် အရင်း အနှီးချေးငွေ ရရှိရန် အထူးပြု တည်ထောင်ခြင်းဖြစ်ပြီး အခြားဘဏ်များထက် ဘဏ်တိုးနှုန်း လျော့နည်းသက်သာ မည် ဖြစ်ကြောင်း သိရသည်။

လက်ရှိ ဘဏ်တိုးနှုန်းထက် ထက်ဝက်ခန့် လျော့နည်း သက်သာမည့် Myanmar Microfinance Bank (MMB) ကို ယခုနှစ်အတွင်း တည်ထောင်သွားရန် စီစဉ်လျက်ရှိကြောင်း ဘဏ်လုပ်ငန်း အသိုင်းအ၀ိုင်းထံမှ သတင်းရရှိသည်။

လက်ရှိ ဗဟိုဘဏ်၏ အတိုးနှုန်းမှာ တစ်နှစ်လျှင် ၁၀ ရာခိုင်နှုန်းဖြစ်ပြီး ပုဂ္ဂလိက ဘဏ်များ၏ အတိုးနှုန်းမှာ အပ်ငွေအတိုးနှုန်း တစ်နှစ်လျှင် ရှစ်ရာခိုင်နှုန်း၊ ချေးငွေအတိုးနှုန်း တစ်နှစ်လျှင် ၁၃ ရာခိုင်နှုန်းနှင့် ၀န်ဆောင်ခ တစ်နှစ်လျှင် တစ်ရာခိုင်နှုန်းတို့ ဖြစ်သည်။ ယခုတည်ထောင်မည့် ဘဏ်သည် ၀င်ငွေနည်း ပြည်သူလူထုအတွက် အရင်းအနှီးချေးငွေ ရရှိရန် အထူးပြု တည်ထောင်ခြင်းဖြစ်ပြီး အခြားဘဏ်များထက် ဘဏ်တိုးနှုန်း လျော့နည်းသက်သာမည် ဖြစ်ကြောင်း သိရသည်။

"ဒီဘဏ်က နိုင်ငံတော်နဲ့ ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက်နဲ့ တည်ထောင်တာ ဖြစ်ပါတယ်။ တခြားအသစ်ဖွင့်မယ့် ဘဏ်တွေနဲ့ မတူဘူး။ ဦးတည်တာက အခြေခံ လူတန်းစားနဲ့ ၀င်ငွေနည်း လူလတ်တန်းစားတွေအတွက် ဖြစ်ပါတယ်။ အပ်ငွေလည်း လက်ခံမယ်၊ ငွေလည်း ထုတ်ချေးမယ်။ ဘဏ်တိုးနှုန်းကလည်း အခုအတိုးနှုန်းရဲ့ တစ်ဝက်လောက်ပဲ ရှိမှာပါ" ဟု သမ၀ါယမဘဏ် မန်နေဂျင်းဒါရိုက်တာ ဦးဖေမြင့်က ပြောကြားသည်။ အဆိုပါ MMB ဘဏ်တည် ထောင်ရန်အတွက် အစုရှယ်ယာများ စတင်ခေါ်ယူနေပြီး အစုရှယ်ယာ တစ်စုလျှင် ငွေကျပ် ၁၀၀၀၀၀ သတ်မှတ်ထားကြောင်း သိရပြီး ဘဏ်လုပ်ငန်း အသိုင်းအ၀ိုင်းမှ အဓိက ၀ယ်ယူနေကြကြောင်းလည်း သတင်းရရှိသည်။ "ကျွန်တော်တို့ ဘဏ်လည်း MMB ဘဏ်မှာ အစုရှယ်ယာ ပါတယ်။ ကျွန်တော်လည်း အစုရှယ်ယာ ၀ယ်ထားတယ်" ဟု ဦးဖေမြင့်က ဖြည့်စွက်ပြောကြားသည်။

မေလဆန်းတွင် ကျောက်မျက်လုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းများ အထူးပြု တည်ထောင်မည့် ဘဏ်နှစ်ခုနှင့် နေပြည်တော် စည်ပင်သာယာရေး ဘဏ်တစ်ခုတို့ ထပ်မံဖွင့်လှစ်ရန် စီစဉ်လျက်ရှိသည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။

ဗဟိုဘဏ် အနေနှင့် ငွေကြေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ဆက်လက်ပြုလုပ် သွားမည်ဖြစ်ပြီး ဗဟိုဘဏ်တွင် သီးခြားလွတ်လပ်စွာ ပြဋ္ဌာန်းခွင့် ရှိစေရန် ဗဟိုဘဏ် ဥပဒေသစ်ကို အချောသပ် ရေးဆွဲထုတ်ပြန်နိုင်ရေးကို ဦးစားပေး ဆောင်ရွက်လျက် ရှိကြောင်း ဗဟိုဘဏ် တာဝန်ရှိသူ များထံမှ သိရသည်။

ထို့ပြင် ပုဂ္ဂလိက စီးပွားရေးဘဏ်များ တစ်နှစ်ထက် ပိုချေးငှားခွင့် ပြုနိုင်ရန်နှင့် အိမ်ခြံမြေ ဈေးကွက်တွင် စတင်ဆောင်ရွက်နိုင်စေရန် ခွင့်ပြုသွားမည်ဖြစ်ကြောင်းနှင့် ရွှေ့ပြောင်းနိုင်သော ပိုင်ဆိုင်မှုများကို အပေါင်ခံအဖြစ် ထားခွင့်ပြု၍ ငွေချေးငှားခွင့်ကိုလည်း ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံတွင် ဗဟိုဘဏ်၏ တရားဝင် ထုတ်ပြန်ထားသော စာရင်းများအရ ပုဂ္ဂလိကဘဏ် ၁၉ ဘဏ်ရှိပြီး နိုင်ငံပိုင်ဘဏ် လေးဘဏ်ရှိသည်။

(ဓာတ်ပုံ - ပုဂ္ဂလိကဘဏ် တစ်ခုတွင် ငွေကြေး လုပ်ငန်းများ ဆောင်ရွက်နေစဉ်)

Credit : http://www.yeyintnge.com/2013/05/myanmar-microfinance-bank.html#.UZw3D9j4Lvc

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။