/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, May 22, 2013

.

နော်အားလိုဝါးဖော နဲ့ ခင်မိုးဝေ တို့ သွင်းဂိုးများနဲ့ မြန်မာအမျိုးသမီး အသင်း အိန္ဒိယကို နိုင်



ယမန်နေ့ည မြန်မာစံတော်ချိန် (၁၁း၃၀)နာရီမှာ ပါလက်စတိုင်းနိုင်ငံ Faisal Al Husseni ကွင်းမှာ ၂၀၁၄ အာ ရှ အမျိုးသမီးချန်ပီယံရှစ် ခြေစစ်ပွဲ2014 AFC Women's Championship Qualifier (အုပ်စု-ဃ) အဖွင့် ပွဲစဉ် အဖြစ် ပြိုင်ပွဲမှာမြန်မာ အသင်းကအိန္ဒိယ လက်ရွေးစင် အမျိုးသမီးအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ ရာ နော်အားလိုဝါးဖော နဲ့ ခင်မိုးဝေ တို့ တစ်ဂိုးစီသွင်းယူပေးနိုင်သည့် အနိုင် ဂိုး များဖြင့် (၂းဝ)နင့်မြန် မာ အနိုင် ရရှိခဲ့ပါသည်။

နည်းပြချုပ် ကုမာဒါ၏ ပွဲထွက် မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းလူစာရင်းမှာ ဂိုး- သင်းသင်းစိုး နောက် တန်း- ဖူးပွင့်ခိုင်၊ မိုးမိုးဝါ၊ ရွှေစင်အောင်၊ နန်းကြေးငုံ အလယ်တန်း-နော်အားလိုဝါးဖော၊ ခင်သန်းဝေ၊ သန်းသန်းထွေး၊ စန်းစန်းမော် ရှေ့တန်း- ရီရီဦး၊ ခင်မိုးဝေ အရန်ကစားသမားများ မြင့်မြင့်အေး၊ ဇာခြည်ဦး၊ ခင်မာလာထွန်း၊ ဝေေ၀အောင်၊ သီတာဦး၊ သန္တာမိုး၊ နီလာမြင့်၊ ဇင်မာဝင်း၊အေးအေးမိုး၊ မာဂရက်မေရီ၊ မေခင်ယမင်း၊မြဖူးငုံတို့ ဖြစ်သည်။

Popular

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။