/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, May 28, 2013

.

မန်းဘူတာနှင့်ရှမ်းစုဘူတာကြားတွင် ရထားတိုက်၍ လူ ၂ ဦး သေဆုံး

မန္တလေး- မေ ၂၇

မန္တလေးတိုင်းဒေသကြီး၊ ၄၂ လမ်း၊ ကုန်းကျော်တံတားအောက်၊ မိုင်တိုင်အမှတ်(၃၈၄/၇-၈)၊ မန္တလေးဘူတာ နှင့် ရှမ်းစုဘူတာကြား၊ မန္တလေး-ရန်ကုန်ရထားသံလမ်းပေါ်တွင် မေ၂၆ရက်နံနက်၅နာရီကရထားတိုက်ခံရ၍ လူ ၂ ဦးသေဆုံးနေကြောင်း သတင်းအရ မန္တလေးအမှတ်(၉)ရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေး ခဲ့သည်။

ထိုသို့စစ်ဆေးရာ ကျောက်ဆည်မြို့၊ အေးမြကြည်လင်ရပ်ကွက်နေ စိုးမင်းသူ(၂၀)နှစ်အား မျက်နှာပွန်းပဲ့၊ ဦးခေါင်းနောက်စေ့ပေါက်ပြဲ ဒဏ်ရာများဖြင့်လည်းကောင်း၊အသက်(၂၀)နှစ်ခန့်ရှိအမျိုးသမီးတစ်ဦးအား ဦးခေါင်းပြတ်၊ ဦးခေါင်းကြေမွ၊ဘယ်ခြေကျင်းဝတ်ပြတ်၊ ဘယ်ဒူးခေါင်းပေါက်ပြဲဒဏ်ရာများနှင့် မှောက်လျက် အနေအထားဖြင့် သေဆုံး နေကြောင်းတွေ့ရှိရသဖြင့် မန္တလေးဆေးရုံကြီးသို့ပို့အပ်ကာ မန္တလေးအမှတ်(၉) ရဲစခန်း၊ သေမှုသေခင်း အမှတ်စဉ်(၁၁/၂၀၁၃)ဖြင့်အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်းရဲဇာနည်မှ သိရသည်။

Popular Myanmar News Journal

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။