/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, May 28, 2013

.

စကားကြီးသုံးခွန်းနှင့် ဒေါ်အောင်ဆန်းစုကြည် (၀ံသာနုအယ်ဒီတာ့ အာဘော်)



အရပ်ထဲ ရယ်စရာဟာသအနေနဲ့ လူတော်တော် များများ ကြားဖူးတဲ့ မေးခွန်းလေးတစ်ခုရှိပါတယ်။ ဘုရားေ လာင်း မဟာဇနက္ကမင်းသား သင်္ဘော ပျက်လို့ ဆီဦးထောပတ်တ၀စား၊ လင်းယဉ်တိုင် ဖျားပေါ်တက်၊ သား စား ငါးတွေထူပြောပြီး လှိုင်း လေထန်တဲ့ ပင်လယ်ပြင်ထဲ ခုန်ဆင်းမယ့်အချိန် စကားကြီးသုံးခွန်းပြောခဲ့တယ်။ အဲ ဒါ ဘာလဲသိလား ဆိုတဲ့မေးခွန်းပါ။ ရုတ်တရက်ဆိုတော့ မေးခံရ တဲ့လူအတွက် အဖြေရှာမရပါဘူး။ အဖြေ က တစ်၊ နှစ်၊သုံးလို့ ရေပြီး ၀ုန်းခနဲခုန်ဆင်းတာပါတဲ့။ ခမ်းနားတဲ့အကြောင်းအရာကို မဆီမဆိုင်အချက်နဲ့ ဟာ သဖောက်ထားတဲ့ ရယ်စရာဟာသလေးတစ်ခုပါ။


ခုလည်း ခမ်းနားတဲ့လူတစ်ယောက်ဟာ စကားကြီးသုံးခွန်းပြောပြီး ခုန်ဆင်းသွားခဲ့ပါတယ်။ တားဖို့ အချိန်မမှီ လိုက် ပါဘူး။ ဇနက္ကမင်းသားရဲ့ဟာသလိုမျိုး ရယ်စရာမကောင်းတာတော့ သေချာပါတယ်။ ဒါပေမယ့် တူညီ တဲ့ အချက်ကတော့ သားစားငါးထူပြောပြီး လှိုင်းလေထန်တဲ့ပင်လယ်ပြင်ထဲ ကိုယ့်သဘောနဲ့ကိုယ် ခုန်ဆင်း သွား တာပါ။ မဏိမေခလာကတော့ ဆက်သွယ်ရေးဧရိယာပြင်ပရောက်နေလို့ လာကယ်ဖို့မသေချာပါဘူး။

တရားမ၀င် ဘင်္ဂလီများအရေးဟာ မျက်မှောက်ခေတ်နိုင်ငံရေးအခင်းအကျင်းမှာ လိုသလိုအသုံးချပြီး ခေ လာက် ဆန် လို့ရတဲ့ ၀ှက်ဖဲတစ်ချပ်ပါ။ အဲဒီဖဲဟာ ဒိုင်လက်ထဲမှာရှိပါတယ်။ အဲဒီတော့ ၀ိုင်းထဲက ထိုး သားေ တွ အနေနဲ့ အင်မတန်သတိထားပြီး ကစားနိုင်ပါမှ တော်ကာကျမယ့်အနေအထားပါ။ တစ်ချက်မှားတိုင်း တစ် လှည့် စားခံနေရပါတယ်။ အရင်းပြုတ်တဲ့အချိန် ၀ိုင်းဘေးမှာငုတ်တုတ်ထိုင်နေရုံကလွဲပြီး တခြား လုပ် စရာ မရှိတော့ပါဘူး။

မှန်သောစကားဟာ သစ္စာမည်ပါတယ်။ ဒါပေမယ့် သိကြားသာသနာမှာ သစ္စာဆိုလို့ လိုရာပြည့်တယ်ဆိုတာ မ ရှိတော့ ပါဘူး။ အဲဒီတော့ မှန်တိုင်းမကောင်းဘူးဆိုတဲ့အရပ်စကားပေါ်ထွက်လာပါတယ်။ တောင်ကုတ် လူ သတ် မှုဖြစ်တော့ ပြည်တွင်းနေမူဆလင်တွေ ဒေါ်အောင်ဆန်းစုကြည်ကို သွားတွေ့ကြပါတယ်။ အဲဒီမှာ ဒေါ်အော ဆန်းစုကြည်က လူများစုဆိုတာ လူနည်းစုအပေါ် ထောက်ထားညှာတာရမယ်ဆိုတဲ့ စကားကို လူ သိ ရှင်ကြားပြောခဲ့ပါတယ်။ စကားကြီးသုံးခွန်းထဲက ပထမဦးဆုံးစကားပဲဖြစ်ပါတယ်။ လူ့အခွင့် အရေး လှုပ် ရှား သူ၊ ဗုဒ္ဓဘာသာဝင်တစ်ယောက်ရဲ့ မေတ္တာစကားပါ။ ရင်ထဲကလာတဲ့ သစ္စာစကားပါ။ ဒါပေမယ့် သူမ တိုင်း တဲ့ပေတံ နည်းနည်းတိုသွားခဲ့ပါတယ်။ အဲဒီစကားကြောင့် သူမအပေါ်လေးစားချစ်ခင်တဲ့ စာရေးသူ အ ပါ အ၀င် ရခိုင်တချို့ကလွဲပြီး နှစ်ပေါင်းများစွာ သစ္စာခံခဲ့ကြတဲ့ တောင်ကုတ်မြို့ခံတွေအပါအ၀င် ရခိုင်တွေရဲ့ ထောက် ခံမှုကို ဆုံးရှုံးသွားခဲ့ရပါတော့တယ်။ စာရေးသူအနေနဲ့ သူမပြောတဲ့စကားဟာ မူဆလင်တွေ အေ ပါ် မှာ ဆက်ဆံပုံတစ်ခုတည်းကို သက်ရောက်စေတာမဟုတ်ပဲ မငြိမ်းသေးတဲ့ ပြည်တွင်းစစ်ကြားမှာ တခြား တိုင်း ရင်း သား လူမျိုးစုငယ်လေးတွေ ဖိနှိပ်ခံနေရတာကိုပါ သက်ရောက်စေတယ်လို့ ဖြည့်စွက် နား လည်ပေး ခဲ့ လို့ပါ။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီစကားကြောင့် လူမျိုးခြားနဲ့ အိမ်ထောင်ပြုခဲ့သူ သူမကို သံသယ ရှိနေသူတွေကြားမှာ လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားပြီးအနုတ်လက္ခဏာပြသွားခဲ့ပါတော့တယ်။ အဲဒီတုန်းက သူမ မ သိသေး တဲ့ အချက်က အဲဒီစကားပြောပြီး ရက်ပိုင်းအတွင်း ပေါ်ပေါက်လာမယ့် ဘင်္ဂလီ-ရခိုင်အဓိက ရုဏ်းဖြစ် ပွားရာ ရခိုင်ပြည်နယ်မြောက်ပိုင်း ဒေသမှာ တိုင်းရင်းသား ရခိုင်တွေဟာ လူနည်းစုဖြစ်ပြီး ဆယ် စုနှစ်ပေါင်း များစွာ ဘင်္ဂလီတွေရဲ့ သတ်ဖြတ်မုဒိန်းကျင့်တာတွေကို ခံစားခဲ့ရတယ်ဆိုတာပါပဲ။ သူမစကားကို ဘင်္ဂလီတွေ အလေးထားခဲ့သလား ဆိုတာကတော့ အားလုံးသိကြတဲ့အတိုင်းပါပဲ။

ဒုတိယမြောက်စကားကတော့ အတိအကျမမှတ်မိပေမယ့် မှတ်မိသလောက်ပြန်ပြောရရင် ကုလားလို့ ကျွန်မ ဘယ်ေ တာ့ မှ မခေါ်ဘူး။ အဲလိုခေါ်တာဟာ မိဘသွန်သင်ဆုံးမမှု အားနည်းလို့ ဆိုတဲ့စကားပဲဖြစ်ပါတယ်။ တ ကယ့် ကို အငြင်းပွားစရာစကားတစ်ခွန်းပဲ ဖြစ်ပါတယ်။ ထုံးတမ်းစဉ်လာခေါ်ဝေါ်ခဲ့တဲ့ အသုံးအနှုန်း တစ် ခု အတွက် လူတွေရဲ့ နားလည်မှုထဲမှာ သူမတိုင်းတဲ့ပေတံက တော်တော်လေးကို လွဲချော်နေခဲ့ပါတယ်။ မြန် မာပြည် က အဆင့်အတန်းရှိတဲ့ ယဉ်ကျေးတဲ့လူတွေဟာ မူဆလင်၊ဟိန္ဒူ၊ဆစ် လူမျိုးတွေကို ဘိုင်နိမ်းနဲ့ ကုလား လို့ မျက်နှာချင်းဆိုင်ခေါ်တဲ့လူ မရှိသလောက်ရှားပါတယ်။ 

ဒါပေမယ့် လူမျိုးအနေနဲ့ နှိမ်ချတဲ့ သေ ဘာ ထား မျိုး လုံးဝမပါပဲ ကုလားတစ်ယောက်၊ ကုလားမ တစ်ေ ယာက် ဆိုတာမျိုးကို ပြောရိုးပြောစဉ်ပြောဆိုကြပြီး စာထဲမှာလည်း ထည့်ရေးတာမျိုးရှိပါတယ်။ ဘိုး စဉ်ဘောင် ဆက်ပြောဆိုသုံးစွဲလာတဲ့ ဒီအသုံးအနှုန်းကို ပြောဆိုလို့ အပြစ်ရှိတယ်ဆိုတာမျိုးကို မြန်မာ တစ် ရာ မှာ ၉၉ယောက် လက်မခံနိုင်ပါဘူး။ အဲဒီစကားကို မိန့်ခွန်းထဲမှာ ထည့်ပြောခဲ့ဖူးတဲ့ နိုင်ငံရေးေ ခါင်းေ ဆာင်တွေ ထဲမှာ သူမဖခင် မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ပါ ၀င်နေေ တာ့ ဗိုလ်ချုပ်ကိုယ်တိုင်လည်း မိမဆုံးမ၊ဖမဆုံးမဘ၀ကို ကျရောက်သွားပါတော့တယ်။ မလိုအပ် ပဲပြော စ ကား တစ်ခွန်းအတွက် သူမပြန်ရလိုက်တာက ပြည်သူအများစုရဲ့ ပြစ်တင်ဝေဖန်ခြင်းပဲ ဖြစ်ပါတယ်။ ဘယ်လို ပဲဖြစ်ဖြစ် သူမကိုလေးစားသူတစ်ဦးအနေနဲ့ ဒီစကားဟာ လူလူချင်းဘိုင်နိမ်းတပ်ပြီး ကုလားလို့ခေါ်ခြင်းဟာ လူမျိုးရေးခွဲခြားမှုဖြစ်တယ်လို့ သူမဆိုလိုတာနေမှာပါ ဆိုပြီး စာရေးသူဖြည့်စွက်နားလည်ပေးခဲ့ပါတယ်။။

အဲဒီစကားနှစ်ခွန်းအပြင် အငြင်းပွားစရာစကားတွေ သူမထပ်ပြောခဲ့ပါသေးတယ်။ ဒါပေမယ့် အဖတ်ဆည် လို့မ ရတဲ့ စကားကြီးသုံးခွန်းလောက်ကိုပဲ ကောက်နုတ်တင်ပြချင်ပါတယ်။ တတိယမြောက် စကားကတော့ ခုချိန် မှာ လူမှုဆက်သွယ်ရေးကွန်ယက်တွေမှာ အလှုပ်ခတ်ဆုံးဖြစ်သွားတဲ့ ဘင်္ဂလီ သားဖွားနှုန်း ထိန်းချုပ် တာ ဟာ လူအခွင့်အရေးချိုးဖောက်တယ်ဆိုတဲ့ စကားပါပဲ။ ဒီစကားကို ဗုံးတစ်လုံးအဖြစ် တင်စားမယ် ဆို ရင်တော့ အဲဒီဗုံးဟာ ကိုယ့်ကိုယ့်ကိုသေကြောင်းကြံပြီး ခွဲတဲ့ဗုံးပဲဖြစ်ပါလိမ့်မယ်။ သူမပြောတာဟာ မှားသ လား ဆိုတော့ မမှားပါဘူး။ ဒါပေမယ့် ပြောသင့်သလားဆိုတော့ သူမအနေနဲ့ လုံးဝမပြောသင့်တဲ့ စကား ပဲဖြစ် ပါတယ်။ 

လူ့အခွင့်အရေးဆိုတာ အမျိုးသားအကျိုးစီးပွားနဲ့ ယှဉ်လာတဲ့အခါ မစားကောင်းတဲ့အသီးတစ်မျိုး ဖြစ်ပါ တယ်။ တရားမ၀င်လူ၈သိန်းရဲ့ အခွင့်အရေးကို ဦးစားပေးဖို့ ကျန်တဲ့ တရားဝင်သန်းခြောက်ဆယ်ကျော်ရဲ့ အ ခွင့် အရေးတွေ ဖဲ့ပေးရမယ့် အခြေအနေမျိုးဟာ တရားမျှတမှုရှိပါသလား။ မူဆလင်ရွေ့ပြောင်းနေ ထိုင် သူများ ရဲ့ ပြဿနာဟာ ယနေ့ကမ္ဘာမှာ ခေါင်းအကိုက်ရဆုံး ပြဿနာတစ်ခုပါ။ လက်ရှိဥရောပနိုင်ငံအချို့မှာ ရာ စုနှစ် အတွင်း အဆိုးဝါးဆုံး လူမျိုးရေးအဓိကရုဏ်းတွေ ဖြစ်ပေါ်နေပါတယ်။ နိုင်ငံတကာမှာ မူဆလင် အကြမ်း ဖက် ၀ါဒကို ထိတ်လန့်ကြောက်ရွံ့မှု တစ်နေ့တခြား များပြားလာနေပါတယ်။ ဒီပြဿနာတွေရဲ့ မြစ်ဖျား ခံရာကို ကြည့်လိုက်ရင် မူဆလင်တိုင်းပြည်တွေကနေ မငြိမ်မသက်မှုတွေကြောင့် နေရပ်ကို စွန့်ခွာလာတဲ့ ဒုက္ခသည်တွေ၊ ဒုက္ခသည်အယောင်ဆောင်တွေဟာ လူသားချင်းစာနာမှု၊ လူ့အခွင့်အရေးစတဲ့ အက်ကြောင်းတွေကနေ တစတစ စိမ့်ဝင်လာပြီး သူတို့နဲ့အတူပါလာတဲ့ ဘာသာရေးအစွန်းရောက်ဝါဒဟာ လက်ခံရာနို င်ငံတွေကို ကောင်းကောင်းဒုက္ခပေးလျှက်ရှိနေပါတယ်။ တရားဥပဒေစိုးမိုး တဲ့နိုင်ငံတွေ မှာေ တာင် ပြဿနာပေါင်းသောင်းခြောက်ထောင် ဖြစ်ပွားနေတာကိုကြည့်ရင် တရားဥပဒေစိုးမိုးမှုမရှိတဲ့ မြန် မာနိုင်ငံ မှာ ဘယ်လောက်ထိရှေ့လျှောက် ဆိုးဝါးလာနိုင်သလဲဆိုတာ သာမန်လူတစ်ယောက်အနေ နဲ့ေ တာင် မှန်းကြည့်ရင် သိနိုင်ပါတယ်။ ကုလားအုတ်ပုံပြင်ဟာ ဒီခေတ်မှာ မျက်ဝါးထင်ထင်မြင်နေရတဲ့ အရာ တစ် ခုပါ။ အဲဒါကို မြင်လျှက်၊ကြားလျှက်၊သိလျှက်နဲ့ အဆင်ခြင်မဲ့ ဒီစကားထွက်လာတာကတော့ အများ သူငှာ အံ့သြသင့်စရာပါ။ စာရေးသူအနေနဲ့ ဒီတစ်ခါတော့ ဘယ်လိုမှဖြည့်စွက် နားလည်ပေးလို့ မရတော့ ပါဘူး။

ဘင်္ဂလားဒေ့ရှ်လို မူဆလင်အများစုနေထိုင်ရာ နိုင်ငံမှာတောင် သားဖွားနှုန်းကန့်သတ်မှုတွေကို အကောင်အ ထည်ဖော်နေ တဲ့အချိန်မှာ အိမ်နီးချင်းဖြစ်တဲ့ မြန်မာနိုင်ငံမှာ ဒီကိစ္စကိုဆောင်ရွက်တာဟာ မတရားဘူးလို့ စွပ် စွဲ လို့ မရပါဘူး။ မြန်မာနိုင်ငံက တိုင်းရင်းသားအများစုက သားသမီးတစ်ဦးစနှစ်ဦးစထက် ပိုယူတာမျိုး စား ၀တ်နေရေးကြောင့် ဒီဖက်ခေတ်မှာ အရမ်းနည်းပါတယ်။ ဘင်္ဂလီမိသားစုတွေရဲ့ သားဖွားနှုန်းဟာ ကြောက်ခမန်း လိလိမြင့်တက်နေတာ ကြာပါပြီ။ 

ဒါကိုထိန်းချုပ်ဖို့မကြိုးစားရင် တစ်နှစ်ထက်တစ်နှစ် ဖြစ်ပေါ်လာမယ့် ပြဿနာတွေက အများကြီးပါ။ ဒါကို လူ့အ ခွင့် အရေး ရှုထောင့်ကနေ ကွက်ကွက်လေးကြည့်တာက နိုင်ငံရေးခေါင်းဆောင်တစ်ယောက်ရဲ့ ရှိသင့် ရှိထိုက်တဲ့ အမြင်မျိုး မဟုတ်ပါဘူး။ တရားမ၀င်ဘင်္ဂလီတွေကို မြန်မာနိုင်ငံသားတွေထက် ပိုတဲ့ အခွင့် အရေး မျိုး ပေးသင့်ပါသလား။ အဲဒီလိုပေးလို့ဖြစ်လာတဲ့ ပြဿနာတွေကို မြန်မာနိုင်ငံသားတွေပဲ ရင်စီးခံစား ရမယ် ဆိုတာကို ဒေါ်အောင်ဆန်းစုကြည် မစဉ်းစားမိလေရော့သလား။ တတိယစကားအဆုံးမှာ ၀ုန်းခနဲ ခုန် ဆင်း သွားတယ်လို့ စာရေးသူသုံးသပ်ရင် မှားတယ်လို့ ငြင်းမလား သိချင်ပါတယ်။

မြန်မာတစ်နိုင်ငံလုံး တလောက သူမကိုထိုင်ဗုတ်ခဲ့ကြတဲ့ Time မဂ္ဂဇင်းရဲ့ သြဇာအရှိဆုံးပုဂ္ဂိုလ်ရွေးချယ်ပွဲမှာ သူမ ကို Icon စာရင်းမှာထည့်သွင်းထားတာ တွေ့ခဲ့ရပါတယ်။ လက်ရှိဘ၀မှာတော့ သူမဟာ Politician တစ်ယောက်ပါ။ လွှတ်တော်အမတ်တစ်ယောက်ပါ။ အတိုက်အခံပါတီခေါင်းဆောင်တစ်ယောက်ပါ။ အဲ ဒီတော့ သူမအနေနဲ့ နိုင်ငံရေးသမားတစ်ယောက်ပီသစွာ ပြောဆိုပြုမူကျင့်ကြံတတ်ဖို့ မဖြစ်မနေလို အပ်ပါ တယ်။ ဒီစကားကို မာသာထရီဇာလို ပရဟိတသမားတစ်ယောက်ကပြောလို့ ဘာမှပြဿနာမရှိပါဘူး။ နိုင် ငံရေး လမ်းကြောင်းပေါ်လျှောက်လှမ်းနေတဲ့ နိုင်ငံရေးသမားတစ်ယောက်ဟာ လူထုရဲ့အသံကို နားစွင့်ရ ပါ တယ်။ လူထုဆန္ဒကို လိုက်လျှောရပါတယ်။ လူထုနဲ့ ကင်းကွာလို့မရပါဘူး။ လူထုရဲ့အားနဲ့ ရှေ့တိုးဖို့ ကြိုးစား ရ ပါတယ်။ ခု သူမ လူထုနဲ့ ကင်းကွာစပြုလာပါပြီ။ ဒါ သူမအနေနဲ့ ကျဆုံးဖို့ အစပြုလာတာပဲ ဖြစ်ပါတယ်။

သူမဟာ တစ်နိုင်ငံလုံးရဲ့မျှော်လင့်ချက်ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ လူထုအသည်းနှလုံးထဲမှာ သူမကို အမှတ် တစ်ရာ အပြည့် ပေးခဲ့ကြပါတယ်။ ခု သူမရဲ့စကားတွေကနေ သူမဆီက အမှတ်တွေ တဖြုတ်ဖြုတ်ေ ကြွ ကျပြီး ပြိုင်ဖက်အုပ်စုဆီ ရောက်သွားပါတော့တယ်။ အဲဒါဟာ နိုင်ငံအတွက် ကောင်းတဲ့ လက္ခဏာ မဟုတ် ပါဘူး။ ခုချိန်ထိ ပြိုင်ဖက်အုပ်စုနဲ့ သူမဟာ အရည်အချင်းအများကြီး ကွာဟနေပါသေးတယ်။ ဒါပေ မယ့် ဒီလိုကွာတာကို သာယာပြီး စိတ်ထင်ရာလျှောက်ပြောနေလို့ မရပါဘူး။ ငါမှန်တယ်ဆိုပြီး လက်လွတ် စပယ် ပြောဆိုလို့ မရပါဘူး။ အမှန်တရားကို တိုင်းတာတဲ့နေရာမှာ သူမရဲ့ပေတံတစ်ချောင်းတည်းနဲ့ တိုင်း တာ လို့ မပြည့်စုံပါဘူး။ ပြိုင်ဖက်အုပ်စုက ဘာပြောပြော ပြည်သူနားမ၀င်ပါဘူး။ ဘယ်လိုကတိပဲပေးပေး ပြည်သူ့ ရင်ထဲမရောက်ပါဘူး။ သူမရဲ့နှုတ်ထွက်စကားဟာ ပြည်သူတွေကို အားဖြစ်စေပါတယ်။ ဒါပေမယ့် ဒီစကား ကျတော့ ပြည်သူတွေကို ငါ့လောက်မသိတဲ့ နွားတွေလို့ စော်ကားလိုက်သလို အများစု ကခံ စားနေကြ ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဗဟိုပြုစနစ်နဲ့ လည်ပတ်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ သူမရဲ့တာဝန်ဟာ အင်မတန်ကြီး မားလှပါတယ်။ ပါတီကိုထောက်ခံတာထက် သူမကိုထောက်ခံတဲ့လူဦးရေက အဆပေါင်း များ စွာ ပိုများနေပါတယ်။ ဒီအချက်ကြောင့် သူမတစ်စုံတစ်ခုမှားတာနဲ့ ပါတီရဲ့လူထုထောက်ခံမှု ယိုင်ဆင်း သွား တတ် ပါတယ်။ သူမရဲ့ပြိုင်ဖက်အုပ်စုဟာ နိုင်ငံတ၀ှမ်းက မဲဆန္ဒနယ်တော်တော်များများမှာ လူရိုသေ၊ရှင် ရိုသေ၊ ရပ်မိရပ်ဖ၊ မြို့မျက်နှာဖုံး၊ သူဌေးသူကြွယ်စတဲ့ ပုဂ္ဂိုလ်တွေကို ပါတီကိုယ်စားလှယ်အဖြစ် ရွေးကောက် ပွဲဝင်ခိုင်းခဲ့ ပါတယ်။ လာမယ့် ၂၀၁၅ကျရင်လည်း အဲလိုပဲ ၀င်ခိုင်းအုန်းမှာပါ။ ဒီလူတွေဟာ အစိုးရနဲ့ မကင်း ရာ မကင်းကြောင်း ပတ်သက်နေရသူတွေဖြစ်ပေမယ့် သက်ဆိုင်ရာဒေသတွေမှာ ရပ်ရေးရွာရေး လူဝင် ဆန့်ပြီး သြဇာကြီးတဲ့လူတွေပါ။ နာမည်ပျက်ရှိသူတွေရှိနေပေမယ့်လို့ နာမည်ကောင်းရှိတဲ့ လူတွေလည်း တပုံ တခေါင်းရှိနေပါတယ်။ 

အဲဒီလိုလူမျိုးတွေနဲ့ ယှဉ်ပြိုင်ရမယ့် NLD ကိုယ်စားလှယ်တွေဖက်ကို ပြန်ကြည့် တဲ့အခါ တချို့ဟာ ကိုယ်ကျိုး စွန့် အနစ်နာခံပေးဆပ်မှု၊ ရိုးသားဖြောင့်မတ်မှု၊ နိုင်ငံရေးအမြင်ရှိမှု စတဲ့အားသာ ချက်ေ တွ ရှိနေပေမယ့် နှစ်ပေါင်း များစွာ လူရာမ၀င်ဖြစ်အောင်ဖန်တီးခဲ့တာ ခံခဲ့ရတဲ့အတွက် သြဇာရှိမှုအပိုင်းမှာ အစိုးရလူတချို့ကို မယှဉ်နိုင် ပါဘူး။ ဒီလိုကိုယ်စားလှယ်တွေအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အ၀ါကို အတိုင်း အတာတစ်ခုထိ မှီခိုပြီး ယှဉ်ပြိုင်ရမှာပါ။ အဲဒါကြောင့် ဒေါ်စုဟာ ပါတီတစ်ခုလုံးအတွက် အခရာဖြစ်နေ ပါ တယ်။ သူမခြေလှမ်းတစ်ချက်အရွေ့မှားတာနဲ့ သူမရဲ့လူတွေ ကြိုးစားခဲ့သမျှ အကုန်ဂွမ်းမယ့် အနေ အထား မှာ ရှိနေပါတယ်။ လောလောဆယ်တော့ သူမစကားရဲ့ ရိုက်ခတ်မှုကြောင့် တစ်သက်လုံး ဒီချုပ်အပေါ် သစ္စာ ရှိစွာနဲ့ ထောင်ကျခံ၊ဘ၀ပျက်ခံ၊ သူ့ဆီကိုဖုန်းဆက်တာတောင် ဖုန်းအိမ်ကခေါ်မပေးရဲတဲ့အထိ လူရာ မ၀င်ဖြစ် ခဲ့ရတဲ့ တောင်ကုတ်မြို့နယ် NLD ပါတီဝင် အချစ်ဆုံးသူငယ်ချင်း မိုးနိုင်စိုးတစ်ယောက် ဘယ် လိုနေ မလဲ စဉ်းစားနေမိပါတယ်။

မြန်မာနိုင်ငံသား အများစုဟာ နိုင်ငံရေးအမြင် နည်းပါးကြပါတယ်။ အယုံလွယ်တတ်ကြပါတယ်။ တစ်ဖက်က လူမျိုးရေး၊ ဘာသာရေးအကြောင်းပြပြီး မှိုင်းတိုက်ရင် အလွယ်တကူလက်ခံတတ်ကြပါတယ်။ အဲဒါကြောင့် ငါကမှန်တဲ့ စကားကိုပြောတာဆိုပြီး လက်လွတ်စပယ် လုပ်လို့မရပါဘူး။ နိုင်ငံရေးလောကမှာ စာတွေ့ ဆို တာ တခါတလေမှာ အလုပ်မဖြစ်တတ်ပါဘူး။ တောမကျွမ်းရင် အချိန်မရွေးသားကောင် ဖြစ်သွားတတ် ပါ တယ်။ အနားက လက်ခုပ်သံတွေကိုချည်း သာယာနေလို့မရပါဘူး။ တစ်ယောက်တည်း အကုန်လုံး တာဝန် ယူ ခေါင်းခံနေလို့မဖြစ်ပါဘူး။ အဆုတ်၊အတက်၊ အလှည့်၊အပြောင်း သူ့နေရာနဲ့သူ အထာညက်ဖို့လိုပါတယ်။ နိုင် ငံရေးလောကမှာ တရားမျှတစွာယှဉ်ပြိုင်တဲ့ ပွဲမျိုးဆိုတာ စာအုပ်မှာပဲရှိပါတယ်။ အပြင်မှာမရှိပါဘူး။ ဘယ် လို ပဲဖြစ်ဖြစ် မဟာဇနက္ကကတော့ ကိုယ့်သင်္ဘောကိုယ်ဖျက်ပြီး မှန်ကန်သော စကားကြီး သုံးခွန်းနဲ့ အတူ ရေထဲဝုန်းခနဲ ခုန်ဆင်းသွားပါပြီ။ ကျွန်တော်ကတော့ သူရေကူးတာကို ဆက်လက်အားပေးဝေ ဖန်နေ အုန်း မှာပါ။ သူ့ကို စိတ်ပျက်မိပေမယ့် မျှော်လင့်ချက်တော့ မကုန်သေးပါဘူး။ အကောင်းဆုံးကူးခတ်ပြီး ရည် မှန်းချက် ကမ်းခြေကို ဆိုက်ရောက်နိုင်ပါစေလို့ပဲ ဆန္ဒပြုလိုက်ပါတယ်။ ကျေးဇူးတင်ပါတယ်။

မြတ်သိန်းထွန်း(ဘွရှင်)
အယ်ဒီတာချုပ် 
ဝံသာနု 

2 comments:

  1. အရေးကောင်း အပြောကောင်း ပြီး မှတ်သားလောက်ပါတယ်
    တော်ပါတယ် ၊
    (ကြားရတာကမယုံနိုင်အောင်ကိုလုပ်ချလိုက်တာလေ)

    ReplyDelete
  2. လုံးဝလက်မခံပါဘူး၊ကိုယ်လိုရာကိုဆွဲရေးသွားတဲ့သဘောပါပဲ၊တရားခံအစစ်ကိုဖုံးကွယ်တဲ့ -ထောင်ချောက်အသေးစားလေးတွေဟာ၊လက်ရှိနိုင်ငံရေးမှာအလုပ်မဖြစ်တော့တာမသိလို့ လား၊ပြည်သူတွေရဲ့ နိုင်ငံရေးအသိရေချိန်ကို တော်တော်လျော့တွက်ထားတာလား။သေချာတာကတော့ ပြသ၁နာအားလုံးရဲ့ အရင်းခံ ကိုပြည်သူတွေသိပြီးသားပါ။ဘင်္ဂလီတွေကိုစစ်အစိုးရကတစ်ဖက်လှည့်နဲ့ ဝင်ခွင့်ပေးတယ်၊ပြီးတော့ ဂတ်စ်လိုင်းပြသ၁နာမဖြစ်အောင်၊သွေးထိုးမြှောက်ပေးပြီးစံနစ်တကျလုပ်တယ်။ဂတ်စ်လိုင်းပေးနေသမျှ ရခိုင်ကို စစ်အုပ်ချုပ်ရေးကလွှတ်လပ်ခွင့်ပေးမှာမဟုတ်ဘူး-တစ်ချက်ခုတ်နှစ်ချက်ပြတ်၊အမေစုကိုနိုင်င်ငံရေးထောင်ချောက်ဆင်တယ်။ရိုးတော့ရိုးတယ်။အချိန်ကိုက်မဖြစ်တာတစ်ခုပဲ။၂၀၁၅ နားမှကပ်ပြီး လုပ်ရင်တော့ ပြည်သူတွေနည်းနည်းဝေဝါးသွားနိုင်တယ်။အခုတော့စောသွားတယ်။သွေးအေးအေး၊ခေါင်းအေးအေးနဲ့ စဉ်းစားချိန်ရသွားရင်၊ဇာတ်လမ်းတွေရှင်းရှင်းကြီးပေါ်လာနိုင်တယ်။တစ်ခုဆိုးတာက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်အာဏာပြန်မသိမ်းနိုင်ခဲ့ တဲ့ အတွက်လဲ၊ပြည်သူတွေကိုပိုသတိပေးလိုက်သလိုဖြစ်နေတယ်။စစ်တပ်နဲ့ ၊ကြံ့ ဖွံ့ ကိုပြန်အားကိုးဖို့ ကလဲ-ပြည်သူတွေရဲ့ ယုံကြည်ချက်ကလုံးဝပျောက်နေတယ်။တိုင်းရင်းသားပါတီတွေကလဲအားနည်းနေတယ်။နောက်ဆုံးတော့ ၂၀၁၅ရဲ့ မီးရှူးတန်ဆောင်ဟာ ခွပ်ဒေါင်းကလွဲပြီး၊ဘာများရွေးချယ်စရာပြည်သူတွေမှာရှိသလဲ။စစ်တပ်အနေနဲ့ ပါတီတစ်ခုလိုထွက်စည်းရုံးလို့ လဲမရဘူးလေ။ အဓိကဂုဏ်းလုပ်ပြီးအာဏာသိမ်းဖို့ ကလဲ၊နိုင်ငံတကာကအရင်လို အငိုက်မိတော့မှာမဟုတ်ဘူး၊အဓိကကတော့ ၂၀၁၅ မတိုင်မှီစစ်အာဏာရှင်တွေနဲ့ ၊ခရိုနီတွေအတွက်၊ဂယ်ပေါက်(သို့ )နိုင်ငံခြားမှာအခြေချနိုင်မဲ့ နေရာရှာထားဖို့ လိုပါတယ်။နိုင်ငံတကာဖိအားနဲ့ ၊ပြည်သူတွေရဲ့ ညှစ်အားကြောင့် ၂၀၁၅မှာ ပြည်သူတွေအနိုင်ရခဲ့ ရင်၊ရာဇာဝတ်ကောင်တွေအနေနဲ့ ပြစ်မှုကြွေးတွေကို မရှုမလှပြန်ခံစားရနိုင်တယ်။ဒီအတွက်အခုကတည်းကပြေးပေါက်ရှာသင့်တယ်။

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။