/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, May 28, 2013

.

သမ္မတဦးသိန်းစိန်နှင့်ဦးရွက်ဆစ်တို့တွေ့ဆုံဆွေးနွေးပွဲတွင် နိုင်ငံကြီးတစ်နိုင်ငံကို ကြားနေအဖြစ်ဖိတ်ခေါ်ရန် SSA ဆန္ဒရှိ



နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နှင့်ရှမ်းပြည်တပ် မတော် SSA ဗိုလ်ချုပ်ကြီး ရွက်ဆစ် တို့တွေ့ဆုံ ရာတွင် နိုင်ငံ ကြီး တစ်နိုင်ငံကို ကြားနေအဖြစ် ဖိတ်ခေါ်သွားရန်ဆန္ဒရှိနေကြောင်း SSA တောင်ပိုင်း ပြောခွင့်ရ ဗိုလ်မှူး တစ်ဦး က မီဒီယာများသို့ ပြော ကြားသည်။


ကြားနေနိုင်ငံအဖြစ် ဖိတ်ခေါ်ရန် ဆန္ဒရှိသည့် နိုင်ငံအား ထုတ်ဖော်ပြောကြားခြင်း မရှိသေး သော်လည်း ထာဝ ရငြိမ်း ချမ်းရေး အတွက် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ဆောင်ရွက်မည်ဆိုပါက SSA အနေဖြင့်ကြို ဆိုကြောင်း အဆို ပါ ပြောခွင့်ရပုဂ္ဂိုလ်ကဆိုသည်။

" ထာဝရငြိမ်းချမ်းရေးတည်ဆောက်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ဖို့ဆန္ဒရှိရင် ဖိတ်ခေါ်ဖို့ အသင့် ပါ ပဲ၊ သူသာပါဝင်ဆောင်ရွက်မယ်ဆိုရင် ပိုကောင်းမယ်လို့မျှော်လင့်ပါတယ်၊ " ဟု SSA ငြိမ်းချမ်းရေးကော် မတီ ၀င် စိုင်းရွက်မိဏ်း ကဆိုသည်။

နိုင်ငံတော်သမ္မတ၏ဖိတ်ကြားချက်အရ နိုင်ငံတော်သမ္မတနှင့် ဦးရွက်ဆစ် တို့သည် လာမည့် ဇွန်လ အ တွင်းတွေ့ ဆုံနိုင်ဖွယ်ရှိကြောင်းသိရသည်။

အစိုးရနှင့် SSA တပ်များအပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုပြီးနောက်ပိုင်း ၂၀၁၃ ခုနှစ်အတွင်း လုပ်ကိုင် ခွင့်ပြု ထားသည့် သတ္တုလုပ်ငန်းနှင့်ရာဘာစိုက် ပျိုးရန် နေရာများသို့ SSA အနေဖြင့် ၀င်ရောက်လုပ် ကိုင်ခြင်း မရှိသေးကြောင်း RCSS/SSA ငြိမ်းချမ်းရေးကော်မတီကဆိုသည်။

အစိုးရနှင့် SSA တို့သုံးကြိမ်တိုင်တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်သည်။

ယနေ့ခေတ်

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။