/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, May 28, 2013

.

သုံးခွက ရေထိန်းတံခါးများကြောင့် ဒေသခံပြည်သူများ နစ်နာရမှု ယနေ့ထိ အဆင်မပြေသေး



ပတ်ဝန်းကျင်စိမ်းလန်းစိုပြေ ရေး၊ လယ်သမားများ နွေစပါး စိုက်ပျိုးရာ၌ လိုအပ်သောရေ လောက်ငှ ဖူလုံရေး စသည်တို့ အတွက် တည်ဆောက်ထား သော နိုင်ငံတော်စီမံကိန်းဝင်ရေထိန်းတံ ခါးများ ဖြစ်သော သုံးခွမြို့ နယ် အတွင်းရှိ သုံးခွရေထိန်း တံခါး၊ တကောရေထိန်းတံခါးနှင့် ကဒပ်္ပန ရေထိန်း တံခါးများမှာ တည် ဆောက် ပြီးမှစ၍ နှစ်နှစ်ခန့်ထိ သာ ရေထွက်အားကောင်းမွန်ခဲ့ ပြီး နောက်ပိုင်း တွင်မူ နုံးအနည် အနှစ်များစုပုံနေ၊ နှစ်စဉ် မိုးစပါး ပျိုးကြဲစိုက်ပျိုးချိန်၌ရေကြီးရေလျှံ မှုများဖြစ်ကာ လယ်မြေများ ပျက် စီးရခြင်း စသည့်ဘေးဆိုး ကျိုးများ ရှိလာသည့်အတွက် ဒေသခံများ မှ သက်ဆိုင်ရာ လွှတ်တော်ကိုယ် စားလှယ်များမှတဆင့် အထက် ဌာနများသို့ အကူအညီတောင်းခံ ခဲ့ပါသော်လည်း အခြေအနေမှာ ယနေ့ထိ ထူး၍မလာကြောင်း Hot News သို့ ဆက်သွယ်ပြော ကြားသည်။


““ကျွန်တော်တို့လယ်သမား တွေ နစ်နာရတဲ့ကိစ္စကို ဦးအောင် သိန်းလင်းက လွှတ်တော်တင်ပေ မဲ့ အခြေ အနေမထူးလာသေးဘူး။ တစ်လောက ဦးအောင်သိန်း ဒီကိုဆင်းသွားပြီး သွားထပ်ကြည့် တယ်။ ပြီးတော့ နေပြည်တော် မှာ အစည်းအဝေးသွားတုန်း သက်ဆိုင်ရာကလူကြီးတွေနဲ့ လည်း ညှိနှိုင်းပြီးတင်ပြခဲ့တယ်။ ဒီ ရေထိန်းတံခါးတွေက ခေတ်မီစွာ နဲ့လုပ်ထားမယ်။ ပြင်ဆင်ထား မယ်ဆိုလည်း တစ်မျိုးပေါ့နော်။ လွယ်လွယ် ကူကူဖွင့်လို့ပိတ်လို့ ရတာပေါ့။ ခုဟာက ရေထိန်း တံခါးတစ်ခုဖွင့်ဖို့ကိုပဲ လူအင် အားရော အချိန်အင်အား ရော အများကြီး ဒီတော့ ရေကြီးရေ လျှံမှုတွေဖြစ်ပြီး စိုက်ပျိုးမြေဧက တွေထောင်ချီပြီး ပျက်စီးကုန်ရော ပြီးတော့ ဒီရေထိန်းတံခါးတွေ ကြောင့် ရှိနေပြီးသား ရေကြောင်း ဆက်သွယ်ရေးလမ်းကြောင်းဖြတ် ထောက် ခံလိုက်ရသလိုဖြစ်သွား တဲ့ ယခင်က သွားနေတဲ့ရေလမ်း ကြောင်းလည်း ပျောက်သွားပြီး အရေးကြီးငယ် သွားလာရေး အတွက် အချိန်တွေမကုန်သင့်ဘဲ ကုန်ပြီး လူတွေလည်းအများကြီး နစ်နာရတယ်။ ဒီတော့ မလိုလား အပ်ဘဲ ကျန်းမာရေးကိစ္စတွေမှာ ဆို လူအသေအပျောက်တွေပါ ဖြစ်ကုန်ရော””ဟုဒေသခံလယ် သမားတစ်ဦးက ပြောကြားခဲ့ သည်။

အဆိုပါလယ်သမားများ၏ ရေထိန်းတံခါးများကြောင့်ဖြစ်ရ သော အခက်အခဲများအား ကွင်း ဆင်းလေ့ လာ ခဲ့သည်။ ပြည်သူ့ လွှတ်တော်ပြုပြင်ပြောင်းလဲရေး နှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်မှု စိစစ် ရေးကော်မတီဥက္ကဋ္ဌ ဦးအောင် သိန်းလင်းမှလည်းလယ်ယာစိုက် ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး ဦးမြင့် လှိုင်အားတွေ့ဆုံ၍တင်ပြအကူ အညီတောင်းခံရာတွင်လည်း ၀န်ကြီးမှ ယင်းရေထိန်းတံခါးများ အား သွား ရောက်စစ်ဆေးကာ လယ်သမားများ အဆင်ပြေ အောင် ကူညီပေးသွားမည်ဖြစ် ကြောင်း ကတိပြုပြောကြား သွား ခဲ့သည်။

Hot News Weekly

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။