/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, May 28, 2013

.

ကမ္ဘောဒီးယားနှင့် မြန်မာ ဘာသာရေးခေါင်းဆောင်များ အတွေ့အကြုံဆွေးနွေး ဖလှယ်နိုင်ရန် စီစဉ်

ကမ္ဘောဒီးယားနိုင်ငံမှ အစ္စလာမ်ဘာသာနှင် ဗုဒ္ဓဘာသာ ခေါင်းဆောင်များကို ဖိတ်ကြားကာ ၎င်းတို့နိုင်ငံ တွင် မတူညီသည့် ဘာသာဝင်များ မည်သို့ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ကြသည်ကို မြန်မာနိုင်ငံရှိ ဘာသာ ရေး ခေါင်းဆောင်များနှင့်တွေ့ဆုံဆွေးနွေးနိုင်ရန် လူငယ် ကွန်ယက်တစ်ခုဖြစ်သော Pray For Myanmar မှ စီစဉ်နေကြောင်း မော်ကွန်းမဂ္ဂဇင်းသို့ပြောသည်။


၎င်းတွေ့ဆုံပွဲကို ရန်ကုန်မြို့တွင် အမြန်ဆုံး ကျင်းပနိုင်ရန် စီစဉ်လျှက်ရှိပြီး အဓိကအားဖြင့် ကမ္ဘောဒီးယား နိုင်ငံတွင် မတူညီသည့်ဘာသာဝင်များ အကြား ပဋိပက္ခများ မဖြစ်ပွားအောင် ထိန်းသိမ်းပုံနှင့် မည်ကဲ့သို့ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ကြသည်ကို ဆွေးနွေးကြမည်ဖြစ်သည်။

“ကမ္ဘောဒီးယားမှာ မွတ်ဆလင်တွေလည်း အများစုရှိတယ်၊ ဗုဒ္ဓဘာသာဝင်တွေလည်းရှိတယ်၊ ကျွန်တော်တို့ နိုင်ငံလိုမျိုးပဲ။ ဒါပေမဲ့ ဘာပြဿနာမရှိဘူး “ဟု Pray For Myanmar မှ ဦးဆောင်သူတစ်ဦးဖြစ်သူ ကိုသက်ဆွေဝင်း မှပြောသည်။

မြန်မာငြိမ်းချမ်းရေးစင်တာ(MPC)မှ တာဝန်ရှိသူများနှင့်လည်း ဆွေးနွေးကာ နိုင်ငံတော် အဆင့် ဆွေးနွေးပွဲ တစ်ခု ဖြစ်လာစေရန် စီစဉ်လျှက်ရှိနေသည်ဟု ကိုသက်ဆွေဝင်းကပြောသည်။

Pray For Myanmar ကွန်ယက်သည် ဘာသာပေါင်းစုံမှ လူငယ်များနှင့် ဖွဲ့စည်းထားပြီး လူစည်ကား ရာနေရာများတွင် “လူမျိုးဘာသာ မခွဲခြားမြန်မာနိုင်ငံသား” ၊ “ကျွန်ုပ်ကြောင့် ဘာသာရေး လူမျိုးရေး ပဋိပက္ခမဖြစ်စေရ” စသောဆောင်ပုဒ်များ ရိုက်နှိပ်ထားသော စတေကာများနှင့် အင်္ကျီများ အခမဲ့ဖြန့်ဝေ နေသော လူငယ်ကွန်ယက်ဖြစ်သည်။ ။

Credit : HERE

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။