/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, May 28, 2013

.

ရဟန်းတော်တစ်ပါး မီရှို့ ဆန္ဒပြမူ သီရိလင်္ကာတွင် ဖြစ်ပွား



ရဟန်းတော် တစ်ပါး မိမိကိုယ်ကို မီးရှို့ သတ်သေတဲ့ ဆန္ဒပြမူ တစ်ခု သီရိလင်္ကာမှာ မေလ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။အဲသလို ရဟန်းတော်တစ်ပါး မိမိ ကိုယ်ကို မီးရှို့သတ်သေပြီး ဆန္ဒပြမူဟာ ဗုဒ္ဓဘာသာ နိုင်ငံတစ်ခု ဖြစ်တဲ့ သီရလင်္ကာမှာ ပထမဆုံး အကြိမ် ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။


အဲဒီရဟန်းတော်ရဲ့ ဘွဲ့နာမည်က Bowatee Indar atna (၃၀) နှစ်ဖြစ်ပြီး သူဟာ လူဦးရေ သန်း ၂၀ ခန့်ရှိတဲ့ ဗုဒ္ဓဘာသာ အများစု နေထိုင်တဲ့ သီရိ လင်္ကာ နိုင်ငံ အတွင်းမှာ ကျွဲနွား တိရစ္ဆာန်တွေကို သတ်ဖြတ်မူကို ဆန့်ကျင် ကန့်ကွက်တဲ့ အနေနဲ့ ခုလို မီးရှို့ ဆန္ဒပြပြီး အဆုံး စီရင်သွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

သူဟာ သောကြာနေ့က ကန်ဒီ ( Kandy) လို့ အမည်ရတဲ့ မြို့မှာ ကျင်းပပြုလုပ်နေတဲ့ ဘုရားပွဲတော် အတွင်း ဘုရားဖူးလာသူ အများစုရှေ့မှာ မိမိခန္ဓာကိုယ်ကို ရေနံဆီ သွန်းလောင်းပြီး မီးရှို့ကာ ကျွဲနွား တိရစ္ဆာန်တွေကို သတ်ဖြတ်တာကို တားမြစ်ပေးဖို့ ဆန္ဒပြခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့ပြင် သီရိလင်္ကာမှ ဗုဒ္ဓဘာသာဝင်တွေကို ခရစ်ယာန် ဘာသာထဲကို သွတ်သွင်းနေတာတွေကိုလည်း တားမြစ်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ AFP သတင်းမှာ ဖေါ်ပြပါတယ်။

မီးရှို့ ဆန္ဒပြပြီးတဲ့ နောက်မှာ သူ့ကို ကိုလံဘိုမြို့ အမျိုးသား ဆေးရုံကြီးကို လေယာဉ်နဲ့ ယူသွားပေမယ့် ဒဏ်ရာ ပြင်းထန်တဲ့ အတွက် စနေနေ့မှာ ပျံလွန်တော်မူသွားခဲ့တယ်လို့ ဆိုပါတယ်။

တနင်္ဂနွေနေ့မှာတော့ ရဟန်းတော်ကို နိုင်ငံတော် အခမ်းအနားနဲ့ ဈာပန ပြုလုပ်ပေးဖို့ တောင်းဆိုတာကို အစိုးရက ပယ်ချလိုက်တဲ့ အပေါ် ကန့်ကွက်တဲ့ အနေနဲ့ ရာဂဏန်းခန့်ရှိတဲ့ သီရိလင်္ကာ နိုင်ငံသားတွေဟာ လမ်းတွေကို ပိတ်ဆို့ပြီး ဆန္ဒပြခဲ့ကြပါတယ်။

သူတို့တွေဟာ သီရိလင်္ကာ သမ္မတ အိမ်တော်အနီးမှာ ထိုင်ဆန္ဒပြပြီး Bowatee Indaratna ရဟန်းတော် ဟာ ပထမဆုံး မိမိကိုယ်ကို အဆုံးစီရင်ပြီး ဆန္ဒပြတဲ့ ရဟန်း တစ်ပါး ဖြစ်တဲ့ အတွက် ကိုလံဘိုမြို့က လွှတ်လပ်ရေး ရင်ပြင်မှာ နိုင်ငံတော် ဈာပအဖြစ် သဂြိုလ်ဖို့ တောင်းဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။

နောက်ပိုင်းမှာ လူစုကွဲသွားပေးမယ့် ကျွဲနွား တိရစ္ဆာန်တွေကို သတ်ဖြတ်တာနဲ့ ခရစ်ယာန် ဘာသာသို့ ကူးပြောင်းနေတာတွေကို တားဆီးဖို့ အစိုးရကို ဆက်လက် ဖိအားပေးဖို့ တောင်းဆိုသွားမယ်လို့ ဂတိ ပြုခဲ့ ကြတယ်လို့ သိရပါတယ်။

narinjara

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။