/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, June 12, 2013

.

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပဋိပက္ခများမှာ အာဏာရှင် စနစ်အား လက်မလွှတ် လိုသူများ၏ ကြိုးပမ်းမှုကြောင့်ဟု ဗုဒ္ဓဘာသာနှင့် လူမှုရေး ပညာရှင်များ ပြောကြား



မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသော ပဋိပက္ခ များမှာ အာဏာရှင် စနစ်အား လက်မလွှတ် လိုသူ များ ၏ နိုင်ငံရေးအရ အမြတ်ထုတ်ရန် ကြံရွယ်မှုများ ဖြစ်ကြောင်း ဗုဒ္ဓဘာသာနှင့် လူမှုရေး ပညာရှင် များက ပြော ကြားသည်။


အဆိုပါ ပြောကြားချက်အား ဇွန် ၁၁ ရက်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမတွင် ပြုလုပ်ခဲ့ သည့် ဗုဒ္ဓ ဘာသာနှင့် အကြမ်းမဖက်မှု ဆွေး နွေးပွဲတွင် မြန်မာနိုင်ငံကဲ့သို့ အာဏာရှင် စနစ်မှ ဒီမိုကရေစီ နိုင်ငံစနစ်သို့ ကူးပြောင်းခဲ့သည့် နိုင်ငံများအား ကိုးကား၍ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

"အာဏာရှင် စနစ်ကနေ ဒီမိုကရေစီ စနစ်ကို ပြောင်းတဲ့အခါမှာ အာဏာရှင် စနစ်ကို လက်မလွှတ် ချင်တဲ့ လူတွေက ဘာသာရေးနဲ့ အမျိုးသားရေး ၀ါဒကိုသုံးပြီး အာဏာရှင် စနစ်ကို ဆက်လက်တည်မြဲဖို့ လုပ် ဆာင်လေ့ ရှိတယ်။ ဘော့စနီးယား ယူဂိုဆလားဗီးယားမှာဆိုရင် အစွန်းရောက်သူတွေနဲ့ ပူးပေါင်းပြီး အကြောက်တရားနဲ့ ဒေါသပတ်ဝန်းကျင်ကို ဖန်တီးလေ့ ရှိတယ်" ဟု Mr. Igor Blazevic က ပြောကြား သည်။

အာဏာရှင် စနစ်အား လက်မလွှတ်လိုသူများ အနေဖြင့် ဒီမိုကရေစီ စနစ်အရ ဘာသာရေးနှင့် အမျိုးသား ရေး ၀ါဒအား အသုံးပြုပြီး အကြောက်တရားနှင့် ဒေါသပတ်ဝန်းကျင်ကို ဖန်တီးကာ လူအများအား စည်းရုံး သော်လည်း ရွေးကောက်ပွဲများတွင် အနိုင်ရရှိရန် မလုံလောက်သဖြင့် မုဒိမ်းမှုကဲ့သို့သော အကြမ်းဖက်မှု များအား သင်တန်းပေါင်းစုံနှင့် ပို့ချ၍ အမျိုးသားရေး မူဝါဒ ပြင်းထန်သူများအား ဆွေးနွေးစေကာ ပုံမှန်ဖြစ် ပွား မှုများထက် အဆပေါင်းများစွာ ကြီးထွားစေရန် ရည်ရွယ်လုပ်ဆောင်မှုများ ရှိနေကြောင်းလည်း Mr.Igor Blazevic က ပြောကြားသည်။

မြန်မာနိုင်ငံတွင်လည်း လက်ရှိဖြစ်ပွားနေသည့် ပြဿနာများမှာ ရခိုင်အမျိုးသမီးငယ် မသီတာထွေးအား ဘာသာခြားများမှ အဓမ္မပြုကျင့်၍ သတ်ရာမှ အစပြုခဲ့ပြီး မိတ္ထီလာ ပဋိပက္ခ၊ ရှမ်းပြည်နယ် လားရှိုးမြို့၊ ရန်ကုန်တိုင်းဒေသကြီး ဥက္ကံမြို့၊ ပဲခူးတိုင်းဒေသကြီး စသည့်ဒေသများတွင် ပဋိပက္ခများ ဖြစ်ပွားခဲ့ကာ လူပေါင်း များစွာ သေဆုံးခဲ့ပြီး ယင်းဖြစ်စဉ်များတွင် ဒေသခံ မဟုတ်သူများက ဦးဆောင်လှုံ့ဆော် ခဲ့သဖြင့် ပြဿနာများ ပိုမိုဖြစ်ပွားခဲ့ကာ ကြိုးကိုင်သူများ ရှိနေသည်ဟု အစိုးရ တာဝန်ရှိသူများက ထုတ်ပြန်ခဲ့သော် လည်း ကြိုးကိုင်သူများအား ထိရောက်စွာ အရေးယူနိုင်ခြင်း မရှိဘဲ ပဋိပက္ခများ ဆက်လက်ဖြစ်ပွား စေနိုင် သည့် လှုံ့ဆော်မှုများ ဖြစ်ပေါ်နေဆဲ ဖြစ်သည်။

"မြန်မာနိုင်ငံမှာ လူနည်းစုတွေ တိုက်ခိုက်ခံရတာကို အစိုးရ အနေနဲ့ ကာကွယ်ပေးနိုင်မှု မရှိဘူး။ ရွှေဝါရောင် အရေးအခင်းမှာ သံဃာတွေ အကြမ်းဖက်ခံရတော့ မေတ္တာပွားများပြီး စီတန်းလှည့်လည်တာကို တပ်မတော် သားတွေ ရိုက်နှက်တော့လည်း သည်းခံခဲ့တဲ့အတွက် ဗုဒ္ဓဘာသာကို အမှန်တကယ် ကျင့်သုံးတယ်လို့ ကမ္ဘာ့ နိုင်ငံ တွေက လက်ခံခဲ့ကြတယ်" ဟု ဗုဒ္ဓဘာသာနှင့် လူမှုရေး ပညာရှင် Mr.Ajarn Sulak Sivaraksa က ပြောကြားသည်။

"မြန်မာနိုင်ငံမှာ ဗုဒ္ခဘာသာက အပေါ်စီးက ရတယ်။ တပ်မတော်က အပေါ်စီးက ရတယ်။ ငါတို့က တပ်မ တော် သား၊ ငါတို့က ဗုဒ္ဓဘာသာဆိုတဲ့ အစွဲကို ဆုပ်ကိုင်ပြီး conflict နဲ့ အကြမ်းဖက်မှုတွေ ဖြစ်အောင် လုပ် ပြီး ထောက်ချောက်ထဲကို တွန်းပို့တတ်တယ်။ ပြီးတော့ မြန်မာနိုင်ငံမှာက ဗုဒ္ဓဘာသာ၊ အစ္စလာမ်၊ ကချင်၊ ဗမာ၊ ရှမ်းဆိုပြီး ကိုယ့်အုပ်စု အမြင်ထက်ပိုပြီး မကြည့်နိုင်ဘူး။ ဒါကြောင့် ပဋိပက္ခတွေ ဖြစ်နေတာပါ။ အကြမ်း ဖက်မှု ထောင်ချောက်က ကြောက်ဖို့ကောင်းတယ်။ ဒီထောင်ချောက်ထဲကို ရောက်သွားရင် ပြဿနာ ကို ဖြေရှင်းဖို့ ခက်တယ်" ဟု အမျိုးသား စီးပွားရေးနှင့် လူမှုရေး အကြံပေးကောင်စီနှင့် သင့်ဘ၀ မဂ္ဂဇင်း အယ်ဒီ တာချုပ်ဟောင်း ဒေါက်တာ တင်မောင်သန်း က ပြောကြားသည်။

Eleven Media Group

2 comments:

  1. လီးဖြစ်လား လူနည်းစု လူနည်းစု နဲ့အဲဒီလူနည်းစုက မင်းဖင်လိုးသွားမှာ

    ReplyDelete
  2. ထိုင်းနိုင်ငံတောင်ပိုင်းက ပဋိပက္ခတွေကလည်း အာဏာရှင်စနစ်ကိုလက်မလွှတ်လိုသူတွေရဲ့ကြိုးပမ်းမှုကြောင့်လား။
    မူဆလင်တွေရဲ့ ယုတ်မာတဲ့စောက်ကျင့်ကြောင့်လား။
    လူနည်းစုမို့ လို့ ပေါ့ကွာ။လူများစုသာဆိုရင်မင်းတို့ သမီးတွေကိုမင်းတို့ ရှေ့မှာ မဒိမ်းကျင့်ပြီးလည်လှီးခံရတာကြာပြီ။
    ၁ ပြီးရင် ၂လာမှာသိလျက်နဲ့  စောက်ရူးစကားတွေပြောနေကြတယ်။
    မင်းတို့ လည်လှီးခံရမယ့်နေ့ သိပ်မလိုတော့ဘူး။မသီတာထွေးပြီးရင်မင်းတို့ သမီးတွေအလှည့်ပဲ။
    ကျောချမှ ဓားမြမှန်းသိမယ့်ကောင်တွေ။ဒါနဲ့ များ ပညာရှင်တဲ့

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။