/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, June 12, 2013

.

အစိုးရထိန်းချုပ်နယ်မြေအတွင်းရှိ ကချင်စစ်ရှောင် စခန်းများမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်ခဲ့သူများကိုဆုချီးမြှင့်မည်

အစိုးရထိန်းချုပ်နယ်မြေအတွင်းရှိ ကချင်စစ်ရှောင် စခန်းများမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်ခဲ့သူ ၉၉ ဦးကို မနက်ဖြန်တွင် မြစ်ကြီးနားမြို့တော်ခန်းမ၌ ဆုချီးမြှင့်မည်ဟု ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီး ပါမောက္ခ ဒေါ်ဘောက်ဂျာက ပြောသည်။


ဒုက္ခသည်စခန်းများ၌ ဂုဏ်ထူးထွက်မှုနှင့် အောင်ချက်ရာခိုင်နှုန်း တိုး တက်လာခဲ့ဟုလည်း ၄င်က ဆိုသည်။ထိုအတူကချင်ပြည်နယ် တစ်ခု လုံးတွင်လည်း ယခုနှစ် အောင်ချက် ရာခိုင်နှုန်းမှာ ယခင်နှစ် ကထက်စာလျှင် တိုးတက်လာသည်။

၂ဝ၁၂-၂ဝ၁၃ ပညာသင်နှစ်တွင် ကချင်၌ ၂ဝ၈၄၅ ဦးရောက်ဖြေဆိုရာ ၄၃ ဒသမ ၇၉ရာခိုင်နှုန်းအောင်မြင် ခဲ့ သည်။ ဂုဏ်ထူးရရှိသူ ၂၁၈၇ ဦး ထွက် ပေါ်ခဲ့သည်။

ထိုထဲမှ စစ်ရှောင်ကလေး၂၂ဦးမှာ ဂုဏ်ထူးရရှိခဲ့သည်ဟု ၀န်ကြီးကဆိုသည်။

ကချင်စစ်ရှောင် စခန်းများမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲဝင်ရောက်ဖြေဆိုပြီး အောင်မြင်ခဲ့သူ ၉၉ ဦးကို တစ်ဦးလျှင်ကျပ်တစ်သောင်းဆုချီးမြှင့်မည်ဟု ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးပါမောက္ခ ဒေါ်ဘောက်ဂျာက ပြောသည်။

Popular Myanmar News Journal

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။