/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, June 12, 2013

.

မူဆယ်တွင် တရားရုံးအချုပ်ခန်းမှ အချုပ်သား (၃) ဦးထွက်ပြေး၊ရဲတစ်ဦးသေ



ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ ခရိုင်တရားရုံးဝင်း အချုပ်ခန်းတွင် ဇွန်လ (၅)ရက်က ပြစ်မှုကျူး လွန်သူများဟု ယူဆရသော အချုပ်သား ကျား(၁၄)ဦး၊ မ(၉)ဦး စုစုပေါင်း (၂၃) ဦးအား အမှု စစ်ဆေးရန် ရုံးထုတ်လာပြီး အချုပ်ခန်းတွင် ယာယီ ချုပ် ထားခဲ့ရာ တရားခွင်သို့ စစ်ဆေးရန် အလှည့်ကျ သော အချုပ် သားအောင်မြင့်နှင့် ကျော်ငြိမ်း (၂)ဦးကို အချုပ်ခန်းတံခါး သော့ဖွင့်ပေးနေစဉ် အချုပ်ခန်းအတွင်းပိုင်းမှ မူး/စိတ်/ပုဒ်မ ၁၅/၁၉(က)ဖြင့် အမှုရင်ဆိုင်နေရသော လောင်စန်းဆိုသူနှင့်အဖွဲ့က ခြေထောက်ဖြင့် ရုတ်တ ရက် တွန်းကန်ခဲ့သဖြင့် အချုပ်ခန်းတံခါးပွင့်ထွက်သွားစဉ် အချုပ် သားများ အတင်းတိုးထွက်လာကြပြီး လုံခြုံရေးတပ်ဖွဲ့ဝင်ထံမှ ခြောက်လုံးပြူးသေနတ်ကို အတင်းလုယူကာ လုံးထွေးနေစဉ် အချို့တရားခံများ လည်း ပြေးမိ ပြေးရာပြေးကြပြီး သေနတ် ကျည်ဆံထွက်သွားကာ ရဲတပ်ဖွဲ့ဝင် ဘရန်အောင်ကို ကျည် ထိမှန်ခဲ့သည်။


လုံခြုံရေးတပ်ဖွဲ့ဝင်များက အခြားအချုပ်သားအားလုံး နီးနီးအလျင်အမြန်ပြန်လည်ဖမ်းမိနိုင်ခဲ့သော်လည်း (ပ)၁၆/၁၃ ပုဒ်မ ၃၀၂ မူဆယ်ခရိုင်တရားရုံးရာကြီး ၆၄/၁၃ ဖြင့် အသီး သီး အမှုရင်ဆိုင်နေရသော အချုပ် သားအိုက်ဆမ်နှင့် အားကျီ (ခ)လင်းအောင်၊မယ(ပ) ၃၂/၁၃ မူး/စိတ် ပုဒ်မ ၁၅/၁၉(က) မူဆယ်ခရိုင်တရား ရုံး ရာကြီး ၃၁/၁၃ ဖြင့် အမှုရင်ဆိုင်နေရ သောအချုပ်သားလောင်စန်း တို့ (၃) ဦးထွက်ပြေးလွတ်မြောက် သွားသဖြင့် အလျင်အမြန်ဖမ်းမိရေး ဆောင်ရွက်နေကြသလို၊ ရဲတပ်ဖွဲ့ဝင် ဘရန်အောင်မှာ မူဆယ်ဆေးရုံ သို့ ပို့ဆောင်စဉ် သေဆုံးသွားကြောင်း သိရှိရသည်။

Hot News Weekly

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။