/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, June 12, 2013

.

၉၆၉ တရားဟောလို့ အမုန်းတရားပွားတယ်ဆိုတာ လက်မခံဘူး


ရခိုင်နှစ်ကြိမ် ဂျီ်ဟတ်အလုပ်ခံရလို့ တစ်တိုင်းပြည်လုံးနာကျည်းနေတာ ၉၆၉ က အနာကျက်အောင်သာ လုပ်တာဖြစ်ပြီး အကြမ်းမဖက်တဲ့နည်းနဲ့ ကာကွယ်ဖို့သာ ဟောပြော ညွှန်ပြတာပါ။


၇၈၆ ပေါ်တာ (၇၅)နှစ် ပြည့်ခဲ့ပြီ။ ၇၈၆ ကို မနာလို တိုရှည်လည်း မဖြစ်ခဲ့ဘူး။ ကြက်ခြေခတ် ရှုတ်ချ တာလည်း မလုပ်ခဲ့ဘူး။ ဖျက်လိုဖျက်ဆီးလည်း မလုပ်ခဲ့ဘူး။

ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာ ကာကွယ်ဖို့အတွက် ၉၆၉ ဆိုင်မှာဘဲ ဈေးဝယ်တာ လူ့အခွင့် အရေးကို မထိခိုက်ပါဘူး။

၇၈၆ မှာဘဲဈေးဝယ်ဖို့ ပြဋ္ဌာန်းတာ (၇၅)နှစ် ပြည့်ခဲ့ပြီ။ ၉၆၉ ဆိုင်မှာဘဲ ဈေးဝယ်ဖို့ ပြဋ္ဌာန်းတာ (၁၀)နှစ် လောက်ဘဲ ရှိသေးတယ်။ ခွဲခြားဆက်ဆံတယ်ထင်ရင် အရင်ပြဋ္ဌာန်းသူမှာဘဲ တာဝန်ရှိတယ်ဗျ။

( ဆရာတော် အရှင် ဦးဝီရသူ )

သြစတြေးလျ မှ PHOTOGRAPHER Mr. NICOLAS နှင့် အီတလီမှ PHOTO JOURNALIST, VIDEO GRAPH ER Mr. THOMAS နှင့် အင်တာဗျူး အစီအစဉ် မှ 

From: wirathu

4 comments:

  1. ၉၆၉ လမ်းလွဲနေသည် ၉၆၉ အချင်းချင်းသာ
    အားပေးချင်းဖြင့် သာသနာကို ကာကွယ်နိုင်မည်
    ဟု ယုံကြည်ပါသလား။
    ဗုဒ္ဓဘာသာ ဝင်တွေ ရှိတဲ့ နေရာတိုင်းမှာ
    ဗုဒ္ဓရဲ့ အငွေ့အသက်တွေရှိနေပါတယ်
    ၉၆၉ တတ်မှလား။ ၉၆၉ မရှိရင် ဗုဒ္ဓဘာသာဝင်
    မဟုတ်တော့ဘူးလား။ အဲ့ဒီတော့ အမြင်သိမ်တဲ့သူ
    တွေက ၉၆၉ တံဆိပ်ကပ်ကြပြီး အမြတ်ထုပ်ဖို့
    လုပ်နေကြတယ်။ ဘာနဲ့ တူလဲဆိုတော့ မဆလ
    ခေတ်မှာ ပါတီဝင်ဆိုရင် သူများထက်သာတော့
    ယုံယုံ မယုံယုံ ပါတီဝင်ကျသလိုပေါ့
    ဥပမာတခုပြောမယ်
    ဦးဝီရသူ အနေနဲ့ ၉၆၉ တံဆိပ် ကပ်ထားတဲ့
    ရန်ကုန်မြို့ က လိုင်းကား(bus) တစီးလောက်တက်စီး
    ကြည့်ပါလား။ ဘာသာကို ကာကွယ်မဲ့ တံဆိပ်
    ကပ်ထားတဲ့ အဲဒီလိုင်းကားပေါ်က driver,spare
    တွေရဲ့ မိုက်ရိုင်းမှုပေါင်းစုံ ယုတ်ယင်းကြမ်းတမ်းမှု
    ပေါင်းစုံ လူကိုလူ လို့ မထင်တာတွေ လူကြီးသူမ
    သက်ကြီးရွယ်အိုတွေ ဒုက္ခိတတွေ မသန်မစွမ်းတွေ
    ဒါတွေအားလုံးကိုသူတို့ နားမလည် သူတို့အလိုမကျ
    ရင် ပြောချင်သလိုပြော လုပ်ချင်သလိုလုပ်
    မောင်းချင်သလိုမောင်း
    နေတာကိုကြည့်ရင်း နားထောင်ရင်းနဲ့ လိုရာခရီး
    နေ့စဉ်သွားနေရတယ်။ ၉၆၉ တံဆိပ်နဲ့ သူတို့
    အပြုအမူတွေ စဉ်းစားရင်း အတွေးများပိုဝင်လာတယ်

    ReplyDelete
  2. အဲဒါဆို ဒီ့ထက်ကောင်းတဲ့အကြံဥာဏ်ရှိရင်မင်းဘဲပြောလေ
    (မြန်မာတမျိုသားလုံးရဲ့အကျိုးစီးပွားအတွက်)
    နွားကျောင်းသားအဆင့်လောက်နဲ့ ၉၆၉ကဆရာတော်တွေကိုမဝေဖန်နဲ့ ။ကိုယ့်အဆင့်ကိုသိ။

    ReplyDelete
    Replies
    1. ကောင်းပြီ ခင်ဗျားကပြော ဆိုလို့
      ပြောကြည့်မယ်နော်။
      လက်ရှိ ဖြစ်ရပ်တွေကို ၂ ပိုင်း ခွဲကြည့်
      ကြရအောင်။ ရခိုင်အရေးနဲ့ ပြည်တွင်းမှာ
      ဖြစ်ပျက်နေတာတွေ။ ရခိုင်အရေးကတော့
      အစိုးရက အကောင်းဆုံးဖြစ်အောင် ဆောင်
      ရွက်သွားမယ်လို့ ယုံကြည်တယ်။
      ခေတ်အဆက်ဆက် အစိုးရတွေရဲ့
      တာဝန်မဲ့လုပ်ရပ်တွေကြောင့်
      လက်ရှိအစိုးရဟာ အခက်အခဲများစွာနဲ့တော့
      ရင်ဆိုင်ရမှာဘဲ။
      ပြည်တွင်းမှာ ဖြစ်ပွားနေတာကတော့
      နားလည်မှု လွဲမှားနေကြတာရယ်
      သွေးထိုး လှုံ့ေ်နတာရယ် ကြိုတင်ကြံစည်
      လုပ်ကိုင်နေကြလို့ ဖြစ်ပျက်ခဲ့နေကြတာ
      လို့ယုံကြည်တယ်။
      အခု ဖြစ်နေတာတွေကိုကြည့်ရင်
      လူဦးရေ အဆမတန် ပေါက်ကွဲ ထွက်နေ
      တာဟာ ရခိုင်မှာဖြစ်ပေါ်နေတာပါ
      ဒီကိစ္စကို ထိန်းချုပ်နိုင်ရင် ပြသနာကို
      လျော့ပါးစေမှာပါ။ ပြည်တွက်းကိုစိမ့်ဝင်
      လာတာရှိပေမဲ့ ရာခိုင်နှုန်းနည်းပါတယ်
      တခါ ပြည်တွင်းမှာရှိကြတဲ့ မူဆလင်
      တွေဟာ ဘိုးဘွားအစဉ်အဆက် နေထိုင်
      ခဲ့ကြပြီး မြန်မာနိုင်ငံသားတွေ ဖြစ်နေကြပြီ
      ပြည်တွင်း မူဆလင် ရာခိုင်နှုန်း အချို့ ဟာ
      တိုင်းရင်းသား စစ်စစ်တွေပါ။
      သူတို့ရဲ့ အရေးလဲစဉ်းစားရပါလိမ့်မယ်
      အဲဒီတော့ ရခိုင်အရေးဟာ ဘာသာရေး
      ကြောင့်ဆိုတာထက် တရားမဝင် ဝင်ရောက်
      နေထိုင် အခြေကျ ကျုးကျော်မှု ဆိုရင်
      ပိုမှန်ပါလိမ့်မယ်။ (ဥပမာပြောရရင်
      ရန်ကုန်မှာဖြစ်နေတဲ့ ကျုးကျော်ရပ်ကွက်
      တွေလိုပေါ့။ တအိမ်က အစ အိမ်တွေ
      ရာချီပြီး ဖြစ်လာသလိုပေါ့။)
      ဒါကို အမျိုးသားရေး အသိနဲ့ ပူးပေါင်း
      ဆောင်ရွက်ကြဖို့ နိုင်ငံသားတိုင်းမှာ
      တာဝန်ရှိတယ်။
      ဒီကိစ္စဟာ လူမျိုး ဘာသာမရွေး မြန်မာ
      နိုင်ငံသားတိုင်းရဲ့ အရေးကိစ္စဘဲ။
      ဒါဟာ နိုင်ငံတော်ရဲ့ အရေးကိစ္စဘဲ။
      ဘင်ဂါလီတွေရဲ့ လူအင်အားနဲ့ ချိန်းခြောက်
      မှု မျိုးလို တရုပ်တွေရဲ့ ဓန အင်အားနဲ့
      လွှမ်းမိုးခံရမဲ့ အခြေအနေလဲရှိနေတယ်
      လူထုဒေါ်အမာ ပြောခဲ့သလိုပေါ့
      အရင်တုန်းက မန္တလေးမှာ ဖိုးသူတော်
      မျက်စိလည်လမ်းမှားနေရင် ဆွမ်းဆန်စိမ်း
      များများရတယ်။ ခု အီကြာကွေး တွေ
      များများရနေပြီဆိုတာလေ။ ဒါကတပိုင်း
      နောက်တပိုငးက
      အမျိုး ဘာသာ သာသနာ စောင့်ထိန်းဖို့
      ဆိုတာ။
      တိုင်းရင်သားပေါင်းစုံ ဘာသာမျိုစုံ ရှိနေတဲ့
      မြန်မာပြည်မှာ အတူတကွ အစဉ်အဆက်နေထိုင်သွားလာဆက်ဆံ
      ခဲ့ကြတာ။ ခုမှမူဆလင်တွေကို မဆက်ဆံရ။
      ဆိုတဲ့ ၉၆၉ ရဲ့ စည်းရုံးမှု တွေဟာ ဘာသာရေး
      နှိပ်ကွပ်မှု လို့ဘဲထင်တယ်။ မူဆလင် ပြိုလဲ
      သွားမှ ဗုဒ္ဓဘာသာ တည်မြဲနိုင်မှာလား။
      နှစ်ထောင်ချီတည်တန့်ခဲ့တဲ့ ဗုဒ္ဓဘာသာဟာ
      မူဆလင်ကြောင့် ပြို ကွဲတော့မလား။
      ၇၈၆ ကို အတုယူပြီး ၉၆၉ ဖြစ်လာတာ
      ကိုက မှားနေပြီ။ တကယ်အတုယူသင့်
      တဲ့ အချက်ကလေး တခုပြောပြမယ်
      ဝက်သား ဆိုပါတော့ မစားကောင်းတဲ့
      အသား ရှောင်ရမဲ့အသား ဆိုပြီး မူဆလင်
      တွေဟာ သူတို့ ရဲ့ ကလေးတွေစိတ်ဓါတ်
      နုနယ်တဲ့
      ကလေးဘဝ အကာလ ထဲက ရိုက်သွင်း
      ပေးခဲ့တယ်။ အဲဒီ့ ကလေးတွေဟာ သူတို့
      ကြီးပြင်း သေဆုံးတဲ့ အထိ ဝက်သားကို
      ရှောင်ခဲ့ကြတယ်။ အဲဒီလိုဖြစ်ဖို့ ကလေး
      ဘဝထဲက အသိရှိနေဖို့ အရေးကြီးတယ်
      ဒါကို ကျွန်တော်တို့ အတုယူကြရမယ်။
      ကောင်းတာဆိုးတာ အမှားအမှန်
      ဆောင်ရန် ရှောင်ရန်တွေ စောင့်စည်းမှု
      တာဝန် အမျိုးဘာသာချစ်စိတ်တွေကို
      ငယ်စဉ် ကလေးဘဝထဲက သူတို့စိတ်ထဲ
      ရိုက်သွင်း သွန်သင်ဖို့လိုတယ်။
      အဲဒီမှာ အဓိကကျတဲ့ မိဘနဲ့ လက်ဦးဆရာ
      တွေကို အသိစိတ်ရှိရှိနဲ့ သင်ကြားကြဖို့
      တိုက်တွန်းဖို့လိုတယ်။။
      ဒီလိုဘဲ အသက်အရွယ်ရလာကြတဲ့
      လူငယ်လူရွယ်တွေကိုလည်း မျိုးချစ်စိတ်
      ရှိဖို့ သာသနာတည်တံ့ဖို့ ဟာ မွေးရာပါ
      တာဝန်တရပ်ဖြစ်ကြောင်း work shop
      သဘောမျိုး မြို့ , နယ်အနှံ့ ဆွေးနွေးပွဲ
      တွေ လုပ်ရမယ်။
      လူတိုင်းအသိစိတ် ရှိလာရင်
      သာသနာအတွက် ဘာစိုးရိမ်စရာ ရှိတော့
      မလဲ။ ခု ၉၆၉ လုပ်ရပ်က ကိုယ် ပထမ ရဖို့
      အတွက် ဘေးလူကို ခြေထိုးခံတာမျိုး
      ဖြစ်နေတယ်။ ဗုဒ္ဓ ဘာသာဟာ တကယ့်အနှစ်
      သာရ ရှိရှိနဲ့ တည်တံ့ ခိုင်မြဲ ဖို့က ပိုအရေးကြီး
      ပါတယ်။ ဘာသာခြားနဲ့ လက်ထပ်ကြတဲ့
      မြန်မာအမျိုးသမီးများဟာ ရာခိုင်နှုန်း အရ
      အရမ်းနဲနေပါသေးတယ်
      အားလုံးစည်းစည်း ရုံးရုံးနဲ့ လုပ်ဆောင်သွားကြဖို့ဘဲလိုတာ
      နောက်ပြီး လူတွေကို တွေဝေစေမဲ့ စာရိတ္တ
      ပျက်စီးစေမဲ့ အရက် ဘိန်းနဲ့ မူးယစ်ဆေး
      လောင်းကစားတွေဟာလဲ
      ဘာသာတရား ယုံကြည်မှု
      အပေါ်မှာ အားနည်းစေတတ်ပါတယ်
      အဲဒါတွေ ဟာ လူတွေနဲ့ အနီးဆုံး
      နေရာတွေမှာရှိနေကြပါတယ်
      လျှပ်စစ်မီးသာ နေရာတကာ မရောက်တာပါ
      အရက်ဆိုင်တွေနဲ့
      လောင်းကစားဒိုင်တွေဟာ နေရာတကာ
      တွေ့ နိုင်ပါတယ်။
      အခါကြီး နေ့ကြီးရက်တွေမှာတောင်
      အရက်ဆိုင်မှာ လူတွေအပြည့်
      ကိုယ့်အတွင်းစည်း မလုံ ရင်တော့ အနာဂါတ်
      အတွက်ရင်လေးပါတယ်။
      ၉၆၉ သာ တကယ့် စိတ်စေတနာ ရှိမယ်
      ဆိုရင် ဒါတွေကိုလုပ်ဆောင်ပါ
      အရေအတွက်တင် မဟုတ်ပါဘူး
      အရည်အချင်းကလဲ အရေးကြီးပါတယ်။
      မေတ္တာထားကြပါ။

      Delete
  3. ဆရာတော်ဦးဝီရသူကိုမေးပါရစေ မဆလလက်ထက် စစ်အစိုးရလက်ထက် ကြံ့ဖွတ်လက်ထက်မှာ ဒီကုလာတွေအတားအစီးမဲ့စွာ ချစား ညဏ်မမှီ သမိုင်းလဲမသိ အနာဂါတ်ကိုလဲနားမလည်တဲ့ အစိုးရကြောင့်ဝင်လာကြတာ အဲ့ဒီအချိန်တုန်းက အမျိုးသားရေးစိတ်ရှိတဲ့ ဆရာတော်တွေ နိုင်ငံခေါင်းဆောင်တွေ အကြံပေးတွေ ဘယ်ရောက်နေ ဘာလုပ်နေကြလဲ လှည့်ကွက်တွေကလူပိန်းတောင်စဉ်းစားလို့ရမှာပါ

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။