/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, June 12, 2013

.

လုပ်ကိုင်ခွင့်ရပါက ဟန်းဆက်အပါအဝင် ဖုန်းကတ်ကို ကျပ် ၁ဝဝဝဝ ဝန်းကျင်ဖြင့် ရောင်းမည်ဟု Axiata ဆို


Hend-Phone-and-SIM-1-ss

မလေးရှားနိုင်ငံအခြေစိုက် Axiata ဆက်သွယ်ရေး ကုမ္ပဏီက မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း အော်ပရေ တာ လုပ်ကိုင်ခွင့်ရပါက ဟန်းဆက်အပါအဝင် ဖုန်းကတ်များကို ဒေါ်လာ ၁ဝအောက် (ကျပ် ၁ဝဝဝဝ ဝန်းကျင်) ဖြင့် ရောင်းချမည်ဖြစ်သည်ဟု ဇွန် ၁၁ ရက်က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ပြုလုပ်သော စာနယ်ဇင်းရှင်းလင်းပွဲတွင် ယင်း ကုမ္ပဏီ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Dato Sri Jamuladin Ibrahim က ပြောသည်။


ယင်းကုမ္ပဏီမှာ မိုဘိုင်းအော်ပရေတာ လုပ်ကိုင်ခွင့်အတွက် လျှောက်ထားသော ကုမ္ပဏီ ၁၁ခုထဲတွင် ပါဝင် သည့် ကုမ္ပဏီဖြစ်ပြီး အာရှဒေသရှိ အကြီးဆုံးဆက်သွယ်ရေးကုမ္ပဏီများတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ယင်းကုမ္ပဏီအနေဖြင့် လုပ်ခွင့်ရပါက ဝယ်ယူအသုံးပြုသူများကို တစ်လလျှင် တစ်ဒေါ်လာ (ကျပ် ၉ဝဝ မှ ၁ဝဝဝ ဝန်းကျင်) ဖိုး ဖုန်းအခမဲ့ပြောနိုင်ခွင့်ဝန်ဆောင်မှုအား ပေးသွားမည်ဟုလည်း ၎င်းက ဆက်လက်ပြော သည်။

Axiata ၏ အမှုဆောင်အရာရှိချုပ်က ''ကျွန်တော်တို့ကုမ္ပဏီက နိုင်ငံပေါင်းကိုးနိုင်ငံမှာ လုပ်ငန်းတွေ လည်ပတ်ဆောင်ရွက်နေပြီး လူပေါင်း ၂၁၅သန်းကျော်ဟာ Axiata ရဲ့ဝန်ဆောင်မှုတွေကို နှစ်ခြိုက်စွာ သုံးစွဲနေ ပါတယ်။ ဒေသတွင်းလူပေါင်း ၂ဝဝဝဝကျော် အတွက်လည်း အလုပ်အကိုင်အခွင့် အလမ်း တွေ ဖန်တီးပေးထားပါတယ်''ဟု ပြောကြားသည်။

Credit : http://www.mizzimaburmese.com/news/breaking-newsbrief/11994--------axiata-.html

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။