/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, June 12, 2013

.

ကျိုက်ထီးရိုး ရေရှည်တည်တံ့ရေး ထိန်းသိမ်းရန် ပြည်နယ်အစိုးရ တိုက်တွန်း



မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ကျိုက်ထီးရိုးတောင် ရေရှည် တည်တံ့ရေးအတွက် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြရန် မွန်ပြည်နယ်အစိုးရအဖွဲ့က တိုက်တွန်းလိုက်သည်။


ကျိုက်ထီးရိုးစေတီတော်သို့ လာရောက်သည့် ပြည်တွင်းပြည်ပ ဘုရားဖူးဧည့်သည်များ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြား လာ နေခြင်းကြောင့် တောင်ကိုရေရှည်တည်တံ့ရေး ထိန်းသိမ်းရန် လိုကြောင်း မွန်ပြည်နယ်အစိုးရ အဖွဲ့မှ ဗမာတိုင်းရင်းသား ရေးရာဝန်ကြီး ဦးသက်ဝင်း က ဆိုသည်။

ဦးသက်ဝင်းက ''ဘုရားဖူးများလာတာနဲ့ ဘုရားရင်ပြင်တော်မှာ ခြေချစရာမရှိ အောင်ဖြစ်တယ်။ ဘုရားဖူး တွေ များ လာတာနဲ့အမျှ မော်တော်ယာဉ်တွေ ဈေးဆိုင်တွေ လုပ်သမားတွေလည်း အဆင်ပြေလာကြတယ်။ ဒါကြောင့် စေတီတော်ဘက်စုံပြုပြင်ဖို့၊ တောင်တော်ရေရှည်တည်တံ့ရေး ထိန်းသိမ်းဖို့၊ အားလုံးဝိုင်းဝန်းအကြံပြု လုပ်ဆောင်ဖို့ တိုက်တွန်းပါတယ်''ဟု ဆက်ပြောသည်။

ကျိုက်ထီးရိုးတောင် ရေရှည်တည်တံ့ရေးအတွက် ထိန်းသိမ်းရေးလုပ်ငန်းများနှင့် ဘက်စုံပြုပြင်ရေး လုပ်ငန်း များ ဆောင်ရွက်ရန် ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဦးဌေးလွင်၊ ဗမာတိုင်းရင်းသားရေး ရာဝန်ကြီး ဦးသက်ဝင်း၊ ပအိုဝ့်တိုင်းရင်းသား ရေးရာဝန်ကြီးဦးဖေမြ၊ ပြည်နယ်သာသနာရေးဦးစီးမှူး ဦးစိန်မော်၊ သထုံခရိုင် အုပ်ချုပ်ရေးမှူး ဦးနေလင်း၊ ကျိုက်ထီးရိုးဂေါပကအဖွဲ့တို့ ဇွန် ၇ ရက်က တွေ့ဆုံဆွေး နွေးခဲ့ကြ သေးသည်။

တောင်ကို ထိန်းသိမ်းရေးလုပ်ရန်နှင့် ဘက်စုံပြုပြင်ရန် လုပ်ဆောင်ချက်များကို စာတမ်းပြုစုထားပြီး ဖြစ်ကြောင်း လည်း ဘုရားဂေါပကဥက္ကဋ္ဌ ဦးဌေးဝင်းက ပြောသည်။

၎င်းက ''အမှိုက်များကိစ္စ၊ မိလ္လာစွန့်ပစ်ရေးကိစ္စ၊ ရေရရှိရေးကိစ္စ၊ ဘုရားဖူးများတည်းခိုနေထိုင်ရေး လုံလောက်မှုရှိဖို့၊ ဟိုတယ်နဲ့တည်းခိုခန်းတွေ အလုံအလောက်ရှိဖို့ မော်တော်ယာဉ်ကြံ့ခိုင်ရေးနဲ့ လမ်းကောင်းမွန်ရေး၊ တောင်ပြိုမှုကင်းဝေးရေးအတွက် ကြိုတင်တားဆီးထားရေးကိစ္စများတွေ လုပ်ဆောင် ထားတာပါ''ဟု ပြောသည်။

Credit : http://www.mizzimaburmese.com/news/breaking-newsbrief/11990-2013-06-12-04-36-40.html

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။