/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, June 12, 2013

.

စီမံကိန်းအကောင်အထည်မပေါ်လာသော သိမ်းဆည်းလယ်မြေများကိစ္စလွှတ်တော်၌ တင်ပြသွားမည်



စီမံကိန်းအကြောင်းပြ၍ မြေများသိမ်းဆည်းခဲ့ပြီး စီမံကိန်း အမှန်တကယ်အကောင်အထည် ပေါ်လာ ခြင်း မရှိတော့သည့်အခါ တွင် မူလလက်ငုတ်လက် ရင်း လယ်သမားများအား ပြန်လည် ပေးအပ်ခြင်း မပြုဘဲ အမျိုး မျိုး သော နည်းလမ်းများဖြင့် သီးစား ချထားခြင်း၊ အကွက်ချရောင်းချမှု များရှိနေခြင်း စသည်တို့ကြောင့် လယ်ယာတစ်ခုထဲလိုသာ လုပ် ကိုင် စားသောက်တက်သော လယ် သမားများ အတွက် များစွာဒုက္ခ ရောက်ရ သည့်အတွက် ယင်းစီမံ ကိန်းအကောင်အထည်မပေါ်လာ သော သိမ်းဆည်းလယ်မြေများ ကိစ္စအားလာမည့် လွှတ် တော်၌ တင်ပြသွားမည်ဖြစ်ကြောင်း လွှတ်တော် လယ်မြေနှင့် အခြား မြေများသိမ်းဆည်းခံ ရမှုစုံစမ်း ရေး ကော်မရှင်မှ ဦးအောင်သိန်းလင်း ကဆိုသည်။


““စီမံကိန်းတွေထဲက အချို့ ဆိုရင် သိမ်းထားတာကြာပြီ၊ ဘာမှအကောင်အထည်မပေါ်လာ ဘူး။ ထူးခြားမှု လည်းရှိမလာဘူး။ ဒီကိစ္စကို လာမယ့်လွှတ်တော်မှာ တင်ပြမယ် စီမံကိန်းတစ်ခုကြောင့် လယ်သမားတွေ စိုက်ပျိုးမှီခိုနေတဲ့ မြေတွေကို သိမ်းတယ်ဆိုရင် အဲဒီ စီမံကိန်းမဖြစ်တော့တဲ့အခါ လက် ငုတ်လက်ရင်း လယ် သမားတွေကို ပြန်ပေးရမယ်။ နောက်ပြီးတော့ စီမံကိန်းတစ်ဝက်တစ်ပျက်နဲ့ဆို လည်း ကျန်တဲ့မြေတွေနဲ့ ပတ်သက်ပြီး လယ်သမားတွေကို စိုက်ပျိုးခွင့် ပေးရမယ်။

နောက်တစ်ခုက စီမံ ကိန်းတစ်ခုကို စအကောင် အထည် ဖော်မယ်ဆိုရင် ဒီစီမံကိန်းဟာ အချိန်ကာလ ဘယ်လောက်မှာပြီး မယ်ဆိုတာပါရမယ်။ ခုဟာက စီမံကိန်းဆိုပြီးတော့သာ သိမ်း လိုက်တာ နှစ်တွေသာ ကြာလာ တယ်၊ ဘာမှအကောင်အထည် ပေါ်မလာ ဘူး။ ဒီတော့ တကယ် စိုက်ပျိုးလုပ်ကိုင် နေတဲ့လယ်သမား နစ်နာရတာပေါ့ဗျာ။ စီမံကိန်း အကောင်အထည် မပေါ်ဘူးဆိုရင် လည်း လက်ငုတ် လက်ရင်း လယ် သမားတွေအကျိုးခံစားခွင့် ပြန် လည်ရရှိရေးအတွက် တစ်မျိုးတစ် ဖုံစဉ်းစားပေးဖို့ပေါ့ဗျာ””ဟု လွှတ် တော်ပြုပြင်ပြောင်းလဲရေးနှင့် ခေတ်မှီဖွံ့ဖြိုးတိုးတက် မှုစိစစ ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်သိန်း လင်းက Hot News သို့ ပြော ကြားသွားသည်။

ယင်း၏ ဆက်လက်သုံးသပ် ပြောကြားချက်အရ စီမံကိန်း အကြောင်းပြသိမ်းယူခဲ့ပါသော် လည်း အမှန် တကယ် အကောင် အထည်မပေါ်လာသည့်အခါ လက်ငုတ်လက်ရင်းများမရခဲ့သည့် အနက် အနီးဆုံး အနေဖြင့် ဓနုတ် ဘုရားကြီးစီမံကိန်းဖြင့်သိမ်းထားပြီး စီမံကိန်းမဖြစ် နှစ်၂၀ ကျော်ထိ ဖြစ်မလာသည့်အခါ မူလလယ် သမားများ စိုက်ပျိုးခွင့်မရမှုအပြင် ရွှေပေါက်ကံမြို့ကွက်ဖော်စဉ်က သိမ်းဆည်းထားပြီး ယနေ့ထိ ပြန် လည်ရရှိခြင်းမရှိသော မူလလယ် ပိုင်ရှင်များကိစ္စတို့ ပါဝင်ကြောင်း သိရသည်။

Hot News Weekly

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။