/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, June 5, 2012

.

KIA ရဲဘော်များ ထွက်ပြေးလျက်ရှိ



KIA တပ်မဟာနဲ့ တပ်ဖွဲ့ဝင်များအတွင်း၌ နေစဉ်နှင့်အမျှ ထွက်ပြေး တိမ်းရှောင်မှုများ ဖြစ်ပွားနေတဲ့ အတွက်ကြောင့် ထွက်ပြေးတိမ်းရှောင် နေတဲ့သူများကို ဖမ်းမိပါက သေဒဏ်ပေးရန် ညွှန်ကြား ထားတယ် လို့သိရပါတယ်။ နေရာတွင်ပင် မည်သည့်အမိန့်ကိုမှ စောင့်ဆိုင်းခြင်းမရှိဘဲ ပစ်သတ်ရန် အမိန့်ထုတ်ပြန် ထားပါတယ်။

KIA တပ်ဖွဲ့ဝင်အများစုသည် ရွာများတွင် အတင်းအဓမ္မ လူသစ် စုဆောင်း ခံထား ရတဲ့သူများ ဖြစ်တဲ့အတွက်ကြောင့်လည်း စစ်ကိုစိတ်ဝင်စားတဲ့သူများမဟုတ်ကြပါဘူး။

ရိက္ခာများကို လုံလောက်စွာမပေးတဲ့အပြင် ဗဟိုက ခိုင်းတဲ့ လုပ်ရပ်တွေက ပြည်သူလူထုကို ဒုက္ခပေးတဲ့ လုပ်ရပ်တွေ၊ ရထားလမ်းကားလမ်းနဲ့ တံတားတွေကိုမိုင်းဖောက်ခွဲခိုင်းမှုတွေကြောင့် စိတ်ဓာတ် ပျက်ပြားနေကြပြီး အစိုးရတပ်များသို့ အလင်းဝင်ခြင်းနဲ့ ဒုက္ခသည်စခန်းများသို့ ၀င်ရောက်ခိုလုံခြင်း၊ ရွာတွေမှာ ပုန်းအောင်းနေထိုင်မှုများ ဖြစ်ပေါ်နေတဲ့အတွက် ဒီလိုအမိန့်ထုတ်ခဲ့တယ်လို့သိရပါတယ်။

အဖွဲ့လိုက်ထွက်ပြေးရင် ခေါင်းဆောင်ကို ညှင်းပန်းနှိပ်စက်ပြီး ကျန်လူများ မလုပ်ရဲအောင် ရက်ရက်စက်စက်သတ်ဖြတ်ရန်နဲ့ ကျန်အဖွဲ့သားများကိုလဲ ပစ်သတ်ရန်မှာကြားခဲ့တယ်လို့ တပ်မဟာ(၁)မှ KIA တပ်ဖွဲ့ဝင်တစ်ဦးမှ KDN သတင်းဌာနသို့သတင်းပေးပို့ထားပါတယ်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။