/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, June 5, 2012

.

ခုနှစ်ရက်သားသမီးများအတွက် ( ၄.၆.၁၂ ) မှ ( ၁၀.၆.၁၂ ) ထိ တပတ်စာဗေဒင်ဟောစာတမ်း

တနင်္ဂနွေ သားသမီးများ၏ကံကြမ္မာ

အလုပ်တွင်စိတ်ပင်ပမ်းဖြစ်နေမည်။ ငွေဝင်သည်။ သို့သော်ငွေအတွက်သောကဖြစ်နေမည်။ ဖုန်းအတွက်စိတ်ညစ်နေမည်။ ဖုန်းအသစ်အဟောင်းပြောင်းစရာဖြစ်လာတတ်သည်။ စာရွက်စာ တမ်းကြောင့်စိတ်ညစ်နေရတတ်သည်။ အလုပ်များလုပ်သမျှခေါင်းရှုပ်နေရတတ်သည်။ ကျိုးစားပြီးလောဘတကြီးလုပ်နေသမျှအရာမထင်ဖြစ်နေပြီးစိတ်ပင်ပမ်းခြင်း၊ လူ ပင်ပမ်းခြင်းဖြစ်နေမည်။ အစစအရာရာသည်းခံပြီးနေပါ။

ကျန်းမာရေး။ ရင်ဘတ်အောင့်ခြင်း၊ ကျောအောင့်ခြင်းဖြစ်နေမည်။
အချစ်ရေး။ မိမိကိုစိတ်ဝင်စားသူများနေမည်။ ချစ်သူလည်းရတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား စံပယ်ပန်းကပ်လှူဆူတောင်းပါ။
အကျိုးပေးဂဏန်း ( ၃ ၂ ၃ ၁)

တနင်္လာသားသမီးများ၏ကံကြမ္မာ

လာဘ်ရခြင်း၊ စီးပွားရေးကောင်းမွန်ခြင်း၊လုပ်ငန်းသစ်လုပ်ရခြင်း၊ နေရာသစ်ပြောင်းရန်ဖြစ်ခြင်း၊ ပျော်ရွှင်သောခရီးသွားရခြင်း၊ ပြောင်းလျှင်လဲရသည်။ မပြောင်းလဲကောင်းသည်။ အခုရက်ပိုင်း တွင်ကောင်းသောသတင်းများ၊ ကောင်းသောအလုပ်များ လုပ်ကိုင်နေရတတ်သည်။ သူတပါး၏အကူအညီများ လဲရနေမည်။ မိမိကလဲ အကူအညီများပေးနေရမည်။ မြေထွက်ခြင်း၊ ကွန်ပြူတာထွက်ခြင်း၊ ဖြစ်တတ်သည်။ သို့သော်အသစ်ပြန်ဝင်မည်။

ကျန်းမာရေး။ ဆီးအောင့်ခြင်း၊ သွေးလျှံခြင်းဖြစ်တတ်သည်။
အချစ်ရေး။ ပျော်ရွှင်စရာများဖြစ်နေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ရေသပ္ပာယ်ပြီးဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၄ ၂ ၂ ၁)

အင်္ဂါသားသမီးများ၏ကံကြမ္မာ

နိုင်ငံခြားခရီးသွားရခြင်း၊ သို့မဟုတ်ပြည်တွင်ခရီးသွားရခြင်းဖြစ်မည်။ မြေ၀င်ခြင်း၊ နေရာသစ်ပြောင်းရခြင်း၊ မိတ်ဆွေသစ်များရခြင်း၊ ဖုန်းဟောင်းမှဖုန်းအသစ်ပြောင်းရခြင်းဖြစ်မည်။ ခင်မင်ရင်းနှီးသောမိတ်ဆွေများနှင့်လမ်းခွဲရခြင်း၊ လူမျိုးခြားများ၏ကူညီမှုရခြင်းဖြစ်တတ်သည်။ စာရွက်စာတမ်း သတိထားပါ။ အရေးကြီးစာရွက်စတမ်းကြောင့်စိတ်ညစ်ရတတ်သည်။ ငွေဝင်မည်။ သို့သော်အကုန်များနေသည်။

ကျန်းမာရေး။ အကြောနာခြင်း၊ ကိုယ်လက်မအီအသာဖြစ်ခြင်းဖြစ်နေမည်။
အချစ်ရေး။ စိတ်မ၀င်စားနိုင်အောင်အလုပ်များနေမည်။ စိတ်မအားဖြစ်နေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်ပုံတော်အသစ် (သို့) ဆင်းတုတော်အသစ်ထပ်ပြီးပူဇော်ပါ။
အကျိုးပေးဂဏန်း ( ၀ ၅ ၇ ၁ )

ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ

ငွေများစွာနှစ်ကြိမ်ဝင်လိမ့်မည်။ အလှူလုပ်ရမည်။ ဆွေမျိုးသားချင်းများထဲမှာမင်္ဂလာဆောင်၍ သွားရောက်ပါဝင်ရတတ်သည်။ သို့မဟုတ်မိမိကိုယ် တိုင်မင်္ဂလာလက်ထပ်ပွဲပြုလုပ်ရတတ်သည်။ ကောင်းသောခရီးသွားရတတ်သည်။ မိတ်ဆွေ၏အထင်လွဲခြင်းခံရတတ်သည်။ စီးပွားတက်နေမည်။ မြေများဝင်လိမ့်မည်။ လူလိမ်ခံရတတ်သည်။ သတိထားပါ။

ကျန်းမာရေး။ ယားနာပေါက်ခြင်း၊ လေအောင့်ခြင်းဖြစ်တတ်သည်။
အချစ်ရေး။ စန်းပွင့်နေမည်။ လက်ထပ်မင်္ဂလာပြုလုပ်ရတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား သင်္ကန်းကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၂ ၀ ၆ ၆ )

ကြာသပတေးသားသမီးများ၏ကံကြမ္မာ

ရေခြားမြေခြားနိုင်ငံရပ်ခြားခရီးသွားရမည်။ ဆွေမျိုးကိစ္စကြောင့်သွားရတတ်သည်။ ပူပင်သောကခရီးဖြစ်မည်။ သို့သော် အစစအရာရာအေးချမ်းသွားပါမည်။ စက်ပစ္စည်းဝင်ခြင်း၊ မြေ၀င်ခြင်း၊ ကားဝင်ခြင်း၊ ကွန်ပြူတာဝင်ခြင်းဖြစ်မည်။ စီးပွားရေးကောင်းမည်။ အလုပ်တွင်လက်အောက်ငယ်သားများ အချင်းချင်းရန် ဖြစ်တတ်သည်။ သတိထားပါ။

ကျန်းမာရေး။ သွေးတိုးခြင်း၊ သွေးထွက်သံယိုဖြစ်ခြင်းဖြစ်တတ်သည်။
အချစ်ရေး။ ချစ်သူရည်စားရမည်။ မိမိဘ၀လက်တွဲဖေါ်ကောင်းဖြစ်မည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ပန်းပေါင်းစုံကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၅ ၃ ၅ ၀ )

သောကြာသားသမီးများ၏ကံကြမ္မာ

စိတ်တိုင်းမကျဖြစ်နေမည်။ သူတပါးကိစ္စ၊ မိမိကိစ္စများနှင့်စိတ်ပင်ပမ်း၊လူပင်ပမ်းဖြစ်နေမည်။ ခရီးထွက်ရတတ်သည်။ ပြည်တွင်းပြည်ပခရီးများဖြစ်တတ်သည်။ အမှုအခင်းမဖြစ်အောင်နေပါ။ စာချုပ်စာတမ်းအာမခံခြင်းများမလုပ်ပါနှင့်။ ငွေစိုက်ဖြေရှင်းရတတ်သည်။ မိမိကိုယ်တိုင်ငွေအတွက် ခက်ခဲမှုမရှိပါ။ မိမိနားကပ် ကျောက်ထွက်ခြင်း၊ ကျပျောက်ခြင်းဖြစ်တတ်သည်။ သူခိုးခိုးခံရတတ်သည်။ လုပ်ငန်းတွင်အခက်အခဲ အတိုက်အခံများနှင့်ရင်ဆိုင်နေရတတ်သည်။ အစစအရာရာသတိထားပါ။

ကျန်းမာရေး။ စိတ်ကြောင့်နှစ်လုံးရောဂါဖြစ်တတ်ခြင်း၊ ရင်ဘတ်အောင့်ခြင်းဖြစ်တတ်သည်။
အချစ်ရေး။ ချစ်သူ/ အိမ်ထောင်ဖက်၏မပွင့်လင်းမှုကြောင့် အလိုမကျဖြစ်နေလိမ့်မည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား နေကထိုင် ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၀ ၅ ၅ ၅)

စနေသားသမီးများ၏ကံကြမ္မာ

ထီပေါက်ခြင်း၊ ထီပေါက်သကဲ့သို့ငွေဝင်ခြင်း၊ ကားဝင်ခြင်း၊ ကားအဟောင်းမှအသစ်ပြောင်းရခြင်း၊ တိုက်ခန်းဝင်ခြင်းများဖြစ်တတ်သည်။ ကွန်ပြူတာဝင်ခြင်း၊ မြေ၀င်ခြင်း၊ ရွှေထွက်ခြင်း၊ ရွှေပြင်ရခြင်းပြုလုပ်ရတတ်သည်။ လုပ်ငန်းတိုးချဲ့ရတတ်သည်။ အောင်မြင်မည်။ စီးပွားတက်မည့်အချိန်ဖြစ်သည်။ ငွေလူလိမ်ခံရတတ်သည်။ သတိထားပါ။ ဆိုင်ကယ်စီးလျှင်/ ကားမောင်းလျှင်သတိထားပါ။ တိုက်တတ်သည်။ ငွေကုန်များတတ်သည်။

ကျန်းမာရေး။ လက်ဒဏ်ရာရတတ်သည်။
အချစ်ရေး။ စန်းအားကောင်းနေသည်။ စိတ်ချမ်းသာမှုများဖြစ်နေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ရွှေထီးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၂ ၂ ၀ ၀)

*ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ*

ဗေဒင်ပညာရှင်- ဆွေဇင်ဝတီ (ဆရာကြီးမင်းသိင်္ခ၏တပည့်)
ဟောချိန်- နံနက် ၁၀း၀၀ နာရီ မှ ညနေ ၅း၀၀ နာရီထိ၊
ဟောခန်း- နန်းထိုက်ပဒုမ္မာ စားသောက်ဆိုင်၊ ကလန်း၊
(ကလန်းကားဂိတ် နှင့် Mydin Supermarket အနီး)

ဖုန်း-+6016 690 3513 ,+6012 9133 093
E-mail: swezinwati@gmail.com
www.facebook.com၊/ swezinwati

*မလေးရှားမဟုတ်သော တခြားနိုင်ငံမှဗေဒင်ဝါသနာပါသူများဗေဒင်မေးမြန်းလိုသူများ အီးမေးလ်ဖြင့်ဟောစာတမ်းပို့ပြီးဟောပေးပါသည်။

မူရင်းက ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။