/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, June 5, 2012

.

လူမျိုးခြားနဲ့တော့ ဒေါ်စုကြည်ခံလိုက်ရပီ



ပြည်တွင်းမှာလူတွင်ကျယ်ကြီးအ၇မ်းလုပ်ချင်နေတဲ့ ဒေါ်စုကြည်ဟာ ထိုင်းနိုင်ငံခရီးစဉ်တွင် မယ်လဒုက္ခသည်စခန်းကိုသွားရောက်ခဲ့ပါတယ်။အစီအစဉ်များထဲတွင်တော့ တော့ဒေါ်စုကြည်ဟာ မယ်လဒုက္ခသည်စခန်းတွင်ဟောပြောပွဲပြုလုပ်ပီးမြန်မာအစိုးရဆန့်ကျင်ရေးဟောပြောဖို့ရှိခဲ့ပါတယ်။

ဒါပေမယ့် မြန် မာအစိုးရနှင့်ဆက်ဆံရေးပျက်ပြားမှာကိုရှေ့ရှု့တဲ့ထိုင်းအစိုးရဟာ ဒေါ်စုကြည်ရဲ့ထိုင်းနိုင်ငံခရီးစဉ်ကို လှိုက်လှိုက်လှဲလှဲမရှိခဲ့ပါဘူး။

ဒေါ်စုကြည်ဟာမယ်လဒုက္ခသည်စခန်းမှာ ဟောပြောဖို့ကိုထိုင်းအစိုးရက ပိတ်ပင်ခဲ့သလိုနိုင်ငံခြားသတင်းထောက်များကိုလည်းတက်ေ၇ာက်ခွင့်မပေးခဲ့ပါဘူး။

ဒေါ်စုကြည်ဟာ မယ်လဒုက္ခသည်စခန်းကိုသွားဖို့ထိုင်းအစိုးရထံ တောင်းဆိုချက်ကို ထိုင်းအစိုးရမှ တော်တော်နှင့်ခွင့်ပြုမပေးခဲ့ပဲ နောက်ဆုံးးအချိန်မှသာခုလိုပိတ်ပင်ချက်တွေနှင့်သွားခွင့်ပေးခဲ့တာဖြစ်ပါတယ်။

နယူးယောက် တိုင်းမ်သတင်းစာမှာရေးသားထားတာကတော့ ဒေါ်စုကြည်ကိုခုလိုပိတ်ပင်ခြင်းဟာ မြန်မာအစိုးရနှင့် ဆက်ဆံရေးပျက်ပြားမှာကိုစိုးရိမ်သောကြောင့်ဟုရေးသားဖော်ပြပါ၇ှိပါတယ်။

ဒေါ်စုကြည်ဟာလွှတ်တော်အဖွဲ့ဝင်တစ်ယောက်အဖြစ်သာထိုင်းအစိုးရမှသတ်မှတ်ထားပြီးမြန်မာ့အစိုးရ လောက်တော့အလေးမထားကြောင်းသိရပါတယ်။

ဒေါ်စုကြည်ဟာ ထိုင်းနိုင်ငံခရီးစဉ်၌ ၀န်ကြီးချုပ် မစ္စယင်းလပ်နှင့်သီးခြားတွေဆုံခွင့်မရခဲ့သလို လူထုဟောပြောပွဲ လုပ်ခွင့်မပြုတဲ့အပြင် တိုင်းရင်းသားခေါင်းဆောင်တွေနဲ့လည်း တွေ့ခွင့် မပြုခဲ့ပါဘူး။

ယခုထိုင်းခရီးစဉ်အတွင်းဒေါ်စုကြည်မှကျေနပ်အားရကြောင်းထုပ်ဖော်ပြောကြားခဲ့ပေမယ့်အမှန်တကယ်၌မူ ဒေါ်စုကြည်အရှက်ကွဲခဲ့ရတဲ့ခရီး စဉ်တစ်ခုဖြစ်နေပါတယ်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။