/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, June 5, 2012

.

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့်ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ ပြန်ကြားရေးဝန်ကြီးဌာနမှ အထူးသတင်းထုတ်ပြန်



ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့်ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ ပြန်ကြားရေးဝန်ကြီးဌာနမှ ဇွန်လ ၄ ရက်နေ့တွင် ၎င်း၏၀က်ဘ်ဆိုက်မှတစ်ဆင့် အထူးသတင်းထုတ်ပြန်ချက် တစ်ရပ်ကို ထုတ်ပြန်ကြေညာခဲ့သည်။

ထိုထုတ်ပြန်ချက် အပြည့်အစုံမှာ ''ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် ဖြစ်စဉ်များနှင့် ပတ်သက်သည့် အခြေအနေ အပြည့်အစုံနှင့် နိုင်ငံတော် အစိုးရက တရားဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည့် အစီအစဉ်များကို ယနေ့ည မြန်မာ့အသံနှင့် ရုပ်မြင်သံကြား သတင်းအစီအစဉ်တွင် လည်းကောင်း၊ ဇွန်လ ၅ ရက်နေ့ထုတ် နေ့စဉ် သတင်းစာများတွင် လည်းကောင်း ထုတ်ပြန်ကြေညာပေးသွားမည် ဖြစ်ပါသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် တည်ငြိမ် အေးချမ်းမှုနှင့် တရားဥပဒေ စိုးမိုးမှုကို ထိခိုက်စေမည့် အပြုအမူများကို ရှောင်ရှားကြပါရန်နှင့် ဥပဒေနှင့်အညီ နေထိုင်ဆောင်ရွက်ကြပါရန် မေတာရပ်ခံအပ်ပါသည်။''ဟု ဖော်ပြထားပါသည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။