/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, June 5, 2012

.

လူငယ်တွေအတွက် အစွမ်း ပြစရာကွင်းတစ်ကွင်းအဖြစ် Home (House of Media and En-tertainment)ရဲ့ ရုံးခန်း ဖွင့်လှစ်



မီဒီယာကဏ္ဍနဲ့ဖျော်ဖြေရေးကဏ္ဍတွေ ကို အဓိကထားပြီး လုပ်ဆောင်တော့မယ့်Home (House of Media and En-tertainment)ရဲ့ ရုံးခန်းဖွင့်လှစ်ပွဲကို မေ ၂၈ ရက်၊ နေ့ခင်း ၂နာရီက အမှတ်(၅၈/၆ဝ) မြေညီထပ်ဗိုလ်အောင်ကျော်လမ်း(အောက် ဘလောက်)ဗိုလ်တထောင်မြို့နယ်မှာ ကျင်းပ ဖွင့်လှစ်ခဲ့ပါတယ်။

မီဒီယာနဲ့ ဖျော်ြေ ဖရေးကဏ္ဍတွေကိုအဓိက ထားဆောင်ရွက်သွားမှာဖြစ်တဲ့ Home ရုံးခန်းဖွင့်ပွဲမှာ ဦးသူရ(ဇာဂနာ)ပြောကြားခဲ့ တာကတော့ “အဓိကကျွန်တော်တို့ဘာလို့ ဒီ ရုံးခန်းကို ဖွင့်လှစ်ရတာလဲဆိုရင် တကယ် တော့ ဒီ(Home)ရုံးခန်းနဲ့ ဗိုလ်ချုပ်အောင် ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးရုံးခန်းနဲ့ဟာ ညီ အစ်ကို ရုံးခန်းလို့ ပြောလို့ရသလို မောင်နှမ ရုံး ခန်းလို့လည်း ပြောလို့ရပါတယ်။

ဗိုလ်ချုပ် အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံထဲမှာ သန္ဓေတည်ခဲ့ကြတယ်လို့ ပြောသလိုပဲ ဇန် နဝါရီ လ၄ရက်နေ့က ဆုပေးခဲ့တဲ့ The Art of Freedom Film Festival ရုပ်ရှင် ပြိုင်ပွဲကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံထဲမှာပဲ သန္ဓေတည်ခဲ့တာပါ။

အဲဒီ ရုပ်ရှင်ပွဲတော်က လက်စွမ်းပြခဲ့တဲ့ လူငယ် ဒါရိုက်တာတွေကို ဘယ်နေရာမှာဘာဆက် လုပ်ပေးရမယ်မှန်းမသိတော့ဘူးဖြစ်နေတဲ့ အချိန်မှာစဉ်းစားလိုက်တော့ ရုပ်ရှင်သင် တန်း တွေ ပေးပါတယ်။ အမေရိကန်ရုပ်ရှင်ဒါရိုက် တာ ၃ဦးကို မြန်မာပြည်ကို ဖိတ်ပြီးတော့ လူငယ်တွေအတွက် ရုပ်ရှင်သင်တန်းပေး ပါတယ်။ အဲဒါပြီးတော့ ဂျာမနီက ရုပ်ရှင် ဒါရိုက်တာတွေကို ဆက်ခေါ်ပြီး သင်တန်းပေး ပါတယ်။ အဲဒီသင်တန်းတွေပြီးသွားတဲ့ လူငယ်တွေ ဘာဆက်လုပ်ရမှန်းမသိဖြစ်ကုန် မှာကို စိုးရိမ်တယ်။

အဲဒီအ တွက် လူငယ်တွေ အတွက် အစွမ်းပြစရာကွင်းတစ်ကွင်းတော့ လိုအပ်လိမ့်မယ်လို့ ယူဆပါတယ်။ အဲဒီ ကြောင့် အခု Media and Entertain- ment ရုံးခန်းကိုဖွင့်လှစ် ရတာပါ။ ဒီနေ ရာမှာ လူငယ်တွေဟာ သူတို့ရဲ့မီဒီယာ လုပ် ငန်း၊ Documentary Film, Short Filmတွေ ကိုလုပ်မယ်။ ဒုတိယအဆင့်ကတော့ တစ်လကိုတစ်ကြိမ် Motionမဂ္ဂဇင်း အခွေဆို တာကိုထုတ်မယ်”လို့ ပြောပြခဲ့ပါတယ်။

တစ် လတစ်ကြိမ်ထုတ်မယ့်Motionမဂ္ဂဇင်း အခွေဆိုတာကတော့ အခုလက်ရှိထွက်နေတဲ့ မဂ္ဂဇင်း စာအုပ်တစ်အုပ်ကို လှန်ဖတ်ကြည့် လိုက်ရသလို ပုံစံမျိုးနဲ့ အခွေထွက်ရှိလာ မှာဖြစ်ပါတယ်။

အခွေရဲ့အစမှာMenu က (မဂ္ဂဇင်းမှာဆိုရင် မာတိကာ) မှာပါတဲ့ ကဗျာ နေ ရာမှာတော့ ရုပ်ရှင်နည်းပညာနဲ့ပုံ ဖော် ထားတဲ့ ကဗျာပုံစံပါရှိမှာ ဖြစ်ကြောင်း၊ ဆောင်းပါးတွေနေရာမှာတော့Documen-tary Film ပုံစံဖြစ်မှာဖြစ်ကြောင်း၊ ဝတ္ထုတို နေရာမှာတော့ရုပ်ရှင်ဇာတ်လမ်းတို(Short Film)ဖြစ်မှာဖြစ်သလို အင်တာဗျူးလည်း ပါမှာဖြစ်ကြောင်း၊ ကာတွန်းတွေရဲ့နေရာမှာ တော့Animation (အန်နီမေးရှင်း )တွေပါ မှာ ဖြစ်ကြောင်း၊ လူငယ်တွေကို ဦးစားပေး ထားတဲ့အတွက် Motion မဂ္ဂဇင်းအခွေတစ် ခွေထဲမှာ ကျစ်ကျစ်လျစ်လျစ်နဲ့အထက် ဖော်ပြပါကဏ္ဍတွေကို ပါဝင်ေ အာင်’The Art of Freedom Film Festival’က မွေးထုတ်ထားတဲ့လူငယ်ဒါရိုက်တာတွေနဲ့ Homeမှ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းကာ ပြည်သူတွေ ရဲ့လက်ထဲကို ရောက်အောင် တစ်လတစ်ကြိမ် ပို့ဆောင်သွားတော့မှာ ဖြစ်ကြောင်း သိရှိရပါတယ်။

မူရင်းသတင်းက ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။